Tuesday, March 4, 2014

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ကို အင်န်အယ်လ်ဒီ တရားစွဲမည်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆို သွားမည်ဟု ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဖေဖော်ဝါရီလ ၃ ရက်က မဇ္ဈိမကို ပြောသည်။

၎င်းက “ဒေါ်စုကလွဲရင် ကျန်တဲ့ အင်န်အယ်လ်ဒီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)ကောင်တွေ သောက် သုံးမကျဘူး။ နောက်တစ်ခုက ဒီချုပ်ကို ဒီရှုပ်လို့ပြောတာ။ အဲဒါတွေပြောတာနဲ့ ပတ်သက်ပြီး အန်ကယ်တို့ က ဥပဒေကြောင်းအရ တရားစွဲဖို့ ဆုံးဖြတ်လိုက်တယ်”ဟု ပြောသည်။

နေပြည်တော်ရှိ စည်ပင်ရိပ်သာရှိ ခန်းမဆောင်တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ ညစာစားပွဲ ကျင်းပနေစဉ် မဇ္ဈိမ၏ မေးမြန်း ချက်ကို မိတ်္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဝင်းထိန်က အထက်ပါအ တိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဘုရင့်နောင်ပွဲရုံ ပြည့်တန်ဆာ လုပ်ငန်းများကို ပူးပေါင်းအဖွဲ့ စတင်ဖမ်းဆီး

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ အဓိက ရောင်းဝယ် ဖောက်ကားရာ ရန်ကုန်မြို့တော်ရှိ ဘုရင့်နောင် ပွဲရုံဝင်းအတွင်း ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်မှုများ ရှိသဖြင့် ပူးပေါင်းအဖွဲ့ ဖွဲ့စည်း၍ လိုက်လံဖမ်းဆီး စစ်ဆေးနေရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကုန်တင်ယာဉ်များ ရပ်နားသည့် နေရာများတွင် ပြည့်တန်ဆာ များဖြင့် မြှူဆွယ် နေကြသဖြင့် အခြားသူများကို အနှောင့်အယှက် ဖြစ်စေကြောင်း အဆိုပါ ပူးပေါင်းအဖွဲ့ဝင် ဦးထွန်းဝင်းက ပြောကြားသည်။

SSPP/SSA အဓိက တပ်စခန်း ၂ ခု အစိုးရ စစ်တပ် သိမ်းပိုက်

ရှမ်းပြည် တပ်မတော် မြောက်ပိုင်းရဲ့ အရေးပါတဲ့ တပ်စခန်း ၂ ခုကို ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အစိုးရ စစ်တပ်က ၂ရက် အကြာ တိုက်ခိုက်ပြီး သိမ်းပိုက် လိုက်တယ်လို့ သိရပါတယ်။
“အဲ့ဒီ ၂ နေရာလုံးက ကျနော်တို့ အတွက် စစ်ရေး အရရော၊ စီးပွားရေး အရပါ အရေးပါတဲ့ နေရာတွေ ဖြစ်ပါတယ်၊ သူတို့ ဒီနေရာ တွေ ကို ရပြီဆိုတော့ ကျနော်တို့ ဝမ်ဟိုင်း ဌာနချုပ်ကိုလည်း စစ်ရေး အရ ခြိမ်းခြောက်မှုတွေ လုပ်လာနိုင်ပါတယ်”လို့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းမှ ဗိုလ်မှူးကြီး ပိန်ဖက ဧရာဝတီကို ပြောပါတယ်။

မောင်တောမြို့နယ် လယ်မြေများရှိ ကျူးကျော်အဆောက်အအုံများ စိစစ်ရန်လို

လူဦးရေထူထပ်လာသည့် မောင်တောမြို့နယ်အတွင်း အဆောက်အအုံများ တိုးချဲ့တည်ဆောက်လာကြရာ လယ်မြေများတွင် ကျူးကျော်တည်ဆောက်မှုများ ရှိနေသဖြင့် အဆိုပါ အဆောက်အအုံများကို စိစစ်ပေးရန်လိုအပ်နေကြောင်း စိုက်ပျိုးရေးဌာန ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးအား မလေးရှားနိုင်ငံတွင် လုပ်ကြံရန် ကြိုးပမ်းခဲ့မှုအတွက် တရားခံတစ်ဦး ဖမ်းမိကြောင်း မလေးရှားရဲတပ်ဖွဲ့ ပြောကြား

မြန်မာနိုင်ငံမှ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဦးအေးမောင်နှင့် ဦးအေးသာအောင်တို့အား လွန်ခဲ့သည့်လက မလေးရှားနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့မှုတွင် ပါဝင်သည်ဟု သံသယရှိသူ တစ်ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်ဟု Bernama သတင်းဌာနက ဖော်ပြလိုက်သည်။
မလေးရှားရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးပြီးနောက် အဆိုပါပြောကြားချက်ကို ရဲတပ်ဖွဲ့စုံစမ်းရေးမှူး အကြီးအကဲ Tan Sri Khalid Abu Bakar ပြောကြားခဲ့ခြင်းဖြစ်သည်။

လမ်းဖြတ်ကူးသူအားတိုက်မိပြီး မောင်းပြေးသည့်ယာဉ်အား လိုက်လံဖမ်းဆီး

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၀/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပြင်စည်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

သမီးကလေးရှိ အိမ်ခြေထက်ဝက်နီးပါး အစိုးရချထားသည့်ရွာသို့ တစ်ပတ်အတွင်း အပြီးပြောင်းရမည်

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ သမီးကလေးကျေးရွာကို တိုင်းအစိုးရက သတ်မှတ်ပေးထားသည့် ဝါးယားကုန်းကျေးရွာသို့ မတ်လ ၉ ရက်နောက်ဆုံး ပြောင်းရွှေ့ရမည်ဟု တိုင်းအစိုးရက မတ်လ ၃ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သမီး ကလေးကျေးရွာသားများကို စောင့်ရှောက်ထားသည့် ပဲခူးမြို့နယ်ရှိ အောင်သိဒ္ဒိဘုန်းတော်ကြီးကျောင်း ကျောင်း ထိုင်ဆရာတော် ဦးအာစာရက မဇ္ဈိမကို မိန့်သည်။

ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်၍ လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီအချိန် ရန်ကုန် တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ ရိုးလေး ကျေးရွာနေ မဆောင်းနှင်းအေး(၂၆)နှစ်သည် နေအိမ်အိပ်ခန်းအတွင်း မိသားစုနှင့်အတူ အိပ်ပျော်နေစဉ် နေအိမ်ရှေ့မှ ခင်ပွန်းဖြစ်သူ၏ အမည်အား အော်ခေါ်သံကြား သဖြင့်သွားရောက်ကြည့်ရှုရာ ခြေရင်းအိမ်နေ ဦးညွန့်ရွှေနှင့် အတူ အမည်မသိအမျိုးသား (၃)ဦးနှင့် အမျိုး သမီး(၁)ဦး တို့အားတွေ့ရှိရပြီး လှိုင်သာယာ အမှတ်(၂) ရဲစခန်းမှ ရဲများဖြစ်ကြောင်းပြော ဆို ကာ နေအိမ်ပေါ်သို့တက်လာစဉ် ဦးညွန့်ရွှေမှာ ၎င်း၏နေအိမ် ဘက်သို့ပြန် သွားခဲ့သည်။ အဆိုပါအမည်မသိလူများမှ မဆောင်းနှင်းအေး ၏မောင်ဖြစ်သူ အောင်ကိုကိုသန်းနှင့် သူငယ်ချင်း ဖြစ်သူ အား မူးယစ်ရမ်းကားမှုဖြင့် ရဲစခန်းတွင်ဖမ်းထားကြောင်း၊ အမှုမဖွင့် လိုက ငွေကျပ်(၅) သိန်းပေး ရန်နှင့် မပေးပါကဒုက္ခရောက် လိမ့်မည်ဖြစ်ကြောင်းပြော သဖြင့် ငွေပေးရန် အိပ်ခန်းအတွင်းရှိ ကျွန်း သေတ္တာ ထဲတွင်သိမ်းဆည်း ထားသော ငွေနှင့်ရွှေထည် ပစ္စည်းများ ပါရှိသည့် အိတ်ကိုယူနေစဉ် အမျိုးသား တစ်ဦးမှ အိတ်အတွင်း ရှိငွေကျပ်(၃၄၄၅၀၀ဝိ/-)နှင့်ရွှေထည်ပစ္စည်း(၆)မျိုး၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၇၃၄၀၀၀ဝိ/-) တို့အားယူဆောင်ကာ ထွက်ပြေးသွားကြသဖြင့် အရေး ယူပေးရန်တိုင်တန်းခဲ့ရာ တက်သစ် နယ်မြေ ရဲစခန်း (ပ)၁၃၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၂/၁၇၀ ဖြင့် အမှုဖွင့် လှစ်ခဲ့သည်။

Monday, March 3, 2014

ရွေးချယ်မရသော အိမ်နီးချင်းနှင့် စင်ကာပူ သင်ခန်းစာ

“အိမ်နီးချင်းကို ရွေးချယ်မရ” ဆိုသည်မှာ စင်ကာပူနိုင်ငံ လက်ကိုင်ထားသော သဘောတရားတစ်ခု ဖြစ်ပြီး ထိုသဘောတရားကို အခြေခံကာ နိုင်ငံကြီးပွား တိုးတက်အောင်၊ တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်နိုင် ခဲ့သည်ဖြစ်ရာ အင်အားကြီး အိမ်နီးချင်းများနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံ အတွက် သင်ခန်းစာယူရမည် ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံ တို့ကို ရွေးချယ်မရ၊ နဂိုကတည်းက ရှိနေပြီးဖြစ်သည့် အတွက် ထိုအိမ်နီးချင်းတို့ကို သတိထားပြီး မိမိအခြေအနေနှင့် လိုက်လျောညီထွေစွာ နေထိုင် ဆက်ဆံရမည် ဟူသော သဘောပင်ဖြစ်သည်။

သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ

သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထား သင့်တဲ့ အချက်တွေ ရှိ နေပါတယ်။ 
(၁) အသုံးပြု နေသော သားဆက်ခြား နည်းများ ကိုရပ်ပါ
သားသမီး မလိုချင် သေးလို့ ပဋိ သန္ဓေ တားဆေး၊ ထိုးဆေးတွေ အသုံးပြု တာ၊ ကွန်ဒုံး သုံးတာ၊ အမျိုးသမီး သန္ဓေတား ပစ္စည်းထည့်တာ စတဲ့နည်း တွေနဲ့ သန္ဓေ တားခဲ့ တယ်ဆိုရင် သားသမီး လိုချင်ပြီဆို ရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေတား နည်းတွေကို ရပ်လိုက်ပေ မယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ် တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ် လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။

ရခိုင်အမျိုးသားညီလာခံ အကြိုညှိနိုင်းဆွေးနွေးပွဲ ကျောက်ဖြူမြို့တွင် ပြုလုပ်

ရခိုင်အမျိုးသားညီလာခံ အကြိုညှိနိုင်းဆွေးနွေးပွဲကို ကျောက်ဖြူတွင် ယနေ့ နေ့လည်က ကျင်းပ ပြုလုပ်ခဲ့သည်။
၎င်းဆွေးနွေးပွဲကို ကျောက်ဖြူမြို့ မြို့တော်ခန်းမ (ရမ္မာဝတီခန်းမ) တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒေသခံ ပြည်သူ ၃၀၀ ကျော်တက်ရောက်ခဲ့သည်ဟု ကျောက်ဖြူရှိ နိရဉ္စရာ သတင်းထောက်က ပြောသည်။
အဖွင့်မိန်းခွန်း စကားကို ကျောက်ဖြူမြို့မှ ဆရာဦးညီလိုင်က ပြောကြားကြောင်း၊ ပြောကြားရာတွင် ကျောက်ဖြူမြို့ သမိုင်းနှင့် ရခိုင်ပြည်နယ် သမိုင်းကြောင်းများကို ရှင်းလင်း ပြောကြားကြောင်း၊ ရခိုင် အမျိုးသားညီလာခံကို ကျင်းပရန် လိုအပ်ကြောင်း စသည်တို့ကို ပြောဆိုခဲ့သည်ဟု သိရသည်။

နေပြည်တော် သန်းခေါင်စာရင်း ကောက်ယူခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ရခိုင်ခေါင်းဆောင် (၄) ဦးတက်ရောက်

နေပြည်တော်တွင် ပြုလုပ်သော ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ရခိုင်ခေါင်းဆောင် (၄) ဦးတက်ရောက်ခဲ့ကြောင်း အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူ ALD ဗဟိုအလုပ်အမူဆောင်ကော်မီတီဝင် ဦးမျိုးဆွေက နိရဉ္စရာသို့ ပြောသည်။
တက်ရောက်ခဲ့ကြသူများမှာ ALD မှ ဥက္ကဌ ဦးအေးသာအောင်၊ ဗဟိုအလုပ်အမူဆောင်ကော်မီတီဝင် ဦးမျိုးဆွေ၊ RNDP ဥက္ကဌ ဒေါက်တာအေးမောင်၊ ရသေ့တောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေတို့ ဖြစ်ကြသည်။

ပါကစ္စတန်မှာ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးတဲ့ အဖွဲ့ကို ခြုံခိုတိုက်ခိုက်မှုကြောင့် ၁၂ ဦးသေဆုံ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် အာဖဂန်နစ်စတန်နဲ့ နယ်စပ်က တိုင်းရင်းသားဒေသ ဂျမ်ရဒ် ပြည်နယ်မှာ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးတဲ့ အဖွဲ့တဖွဲ့ကို စစ်သွေးကြွတွေက မတ်လ တရက်နေ့က ခြုံခိုတိုက်ခဲ့လို့ လုံခြုံရေး ကင်းထောက် အဖွဲ့ဝင် ၁၂ယောက် သေဆုံးပါတယ်။ ယာဉ်တန်းကို သေနတ်နဲ့မပစ်ခင် ဗုံးနဲ့ အရင် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

“မြန်မာပြည်က အစားအသောက် ဘေးကင်းလုံခြုံမှု မရှိဆုံး နိုင်ငံ”

စားသုံးသူကာကွယ်ရေးအသင်းကို လွန်ခဲ့သော ၂ နှစ်က စတင်တည်ထောင်ခဲ့သည်။ ကျန်းမာရေးနှင့် မညီညွတ်သော စားသုံးကုန်ပစ္စည်းများနှင့် အဆင့်မမီသော ဆေးဝါးများ ဈေးကွက်အတွင်း ဝင်ရောက်နေမှုကို ကာကွယ်ရန် ရည်မှန်းချက်ထားသည်။ ဆရာဝန်များ၊ ရှေ့နေများ၊ ဓာတုဗေဒပညာရှင်များ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသော ရန်ကုန်အခြေစိုက် စေတနာ့ဝန်ထမ်းအဖွဲ့က ပြည်ပမှ သွင်းလာသော ငံပြာရည်များ၊ ကော်ဖီမစ်အထုတ်များ၊ စားသုံးဆီများမှာ ဘေးအန္တရာယ်ရှိကြောင်း ယမန်နှစ်က ကြေညာခဲ့သည်။ အသင်းကို စတင်တည်ထောင်သူ ဦးဗအုပ်ခိုင်က ဧရာဝတီ စီးပွားရေးသတင်းထောက် ကျော်ဆုမွန်ကို ၎င်းတို့ ရင်ဆိုင်နေကြရသည့် ပြဿနာများကို ရှင်းလင်းပြောပြခဲ့သည်။

အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ ခန့်တန်ကြေးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ

ပုဇွန်တောင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို မတ်လ ၁ ရက်က ဖမ်းဆီးမိသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ မူယစ်ဆေးဝါးများကို မူးယစ်တပ်ဖွဲ့မှ ရဲအုပ်ဇော်ဇော်နိုင်နှင့်အဖွဲ့က နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မွန်းလွဲ ၃ နာရီ အချိန်တွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မီဒီယာများပထမဆုံးအကြိမ်တွေ့ဆုံမည်

တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည်ပထမဆုံးအကြိမ်အဖြစ် မီဒီယာများနှင့် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
မတ် ၅ ရက်နေ့ မွန်းလွဲပိုင်း တွင် တွေ့ဆုံမည့်ယင်းတွေ့ဆုံပွဲ အတွက် ပြည်တွင်းမီဒီယာများသို့  မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနမှ တစ်ဆင့်ဖိတ်ကြားလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင်းရှိ ကျူးကျော်များအားလုံး မတ်လအကုန်တွင် စတင်ဖျက်မည်

ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်များအားလုံးကို ဓမ္မာစရိယတန်းစာမေးပွဲများ ကျင်းပအပြီး (မတ်လအကုန်) တွင် စတင်ဖျက်သိမ်းသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းအောင်က မဇ္စျိမကိုပြောသည်။

ဓမ္မာစရိယတန်း စာမေးပွဲများသည် မတ်လအကုန်တွင်အပြီးကျင်းပခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ကျင်းပပြီးချိန် တွင် ပြုလုပ်ခြင်းဖြစ်သည်။

“ရန်ကုန်က ကျူးကျော်တွေဆိုတာက တကယ်ရန်ကုန်တိုင်းထဲက မဟုတ်ဘူး။ တိုင်းအသီးသီးကနေလာပြီး ရန်ကုန်မှာ ကျူးကျော်တာတွေကို ရန်ကုန်မှာ ဘယ်လိုအားလုံးလက်ခံနိုင်မှာလဲ။ သူတို့ကို ဓမ္မာစရိယ စာမေးပွဲတွေပြီးတာနဲ့ ဖျက်မှာပါ” ဟု ဦးသန်းအောင် က ဆိုသည်။

Saturday, March 1, 2014

ရိုဟင်ဂျာတွေ ဘာလို့ နိုင်ငံသားမဖြစ်နိုင်တာလဲ

ရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသား တစ်မျိုးမဟုတ်သလို အရင်ကလည်း မြန်မာတိုင်းရင်သား
တစ်မျိုး မဟုတ်တာကို ဥပဒေအရ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
ဒါပေမဲ့ ဟိုးနှစ်ပေါင်းများစွာကတည်းက ၎င်းတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အထူးသဖြင့်
မောင်တောနဲ့ ဘူးသီးတောင်မှာ တရားမ၀င် အခြေချလာခဲ့ကြပါတယ်။
အဲဒီလို ရခိုင်ပြည်နယ်အတွင်းကို သူတို့တွေ ခိုးဝင် နေထိုင်နေတာကို တားဆီးဖို့အတွက် မြန်မာ
အစိုးရက အမိန့်ချလိုက်တဲ့အခါမှာ မွတ်စလင်တော်တော်များများဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို
ထွက်ပြေးသွားခဲ့ကြပါတယ်။

မြန်မာပြည်ရောက် ကျွန်မအိုင်ဖုန်း

ပြီးခဲ့သည့်လက မြန်မာနိုင်ငံ ရန်ကုန်အနှံ့ ခြေဆန့်စဉ် ဧည့်လမ်းညွှန်ကို ကျွန်မအား ဓာတ်ပုံတစ်ပုံ ရိုက်ပေးရန် ပြောမိသည်။ ကျွန်မက သူ့ကို အိုင်ဖုန်း (iPhone) ကမ်းပေးလိုက်ပြီး “ဘယ်လို ရိုက်ရတယ်ဆိုတာ သိရဲ့လား” ဟုလည်း မေးလိုက်သည်။ သူက ဘဝင်မကျသလိုဖြင့် “သိပါတယ်” ဟု တုံ့ပြန် ပြောလိုက်သည်။
ကျွန်မ ဆိုလိုသည်က ယခင် အိုင်ဖုန်းကို မသုံးဖူးသောကြောင့် ဓာတ်ပုံ ရိုက်တတ်ပါ့မလား ထင်ပြီး မေးလိုက်ခြင်း ဖြစ်သည်။ ကျွန်မသည် ထိုကဲ့သို့သော အမေးမျိုးကို မိခင် ဖြစ်သူကိုလည်း မေးခဲ့ဖူးသည်။ သူတကယ်လို့ ခလုတ် မနှိပ်တတ်ဘူး ဆိုလျှင် ကျွန်မက လက်တွေ့ သင်ပြ ပေးလိုသောကြောင့် ဖြစ်ပါသည်။

IRI မှ ရခိုင်နိုင်ငံရေး သမားများကို စစ်တွေတွင် သင်တန်းပို့ချ

၎င်းသင်တန်းသို့  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ ကိုယ်စားလှယ် ၃ ဦး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)မှ ကိုယ်စားလှယ် ၃၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၄၅ ဦး အပါအ၀င် ကြံခိုင်တိုးတက်ရေးပါတီ၊ တစည ပါတီ၊ မြိုခေါ် ခမီ အမျိုးသား ညီညွှတ်ရေး  ပါတီမှ ပါတီဝင်များလည်း  တက်ရောက် ခဲ့ကြသည်ဟု သိရှိရသည်။
“ ဒီသတင်းက ဒီမိုကရေစီမြှင့်တင်ရေးနဲ့ အရည်အချင်းမြင့်တင်ရေးအတွက် ရည်ရွယ် ပြုလုပ်တာဖြစ်ပါတယ်။ ဒါ့ပြင် ထက်မြက် ထူးချွန်တဲ့ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီး  ပါတီတစ်ခုကို စနစ်တကျ စုစည်း ဖွဲ့စည်းခြင်းနဲ့ ထိရောက်အောင်မြင်အောင် မဲဆွယ်စည်းရုံးရေးစတဲ့ ခေါင်းစဉ်တွေနဲ့ ဒီသင်တန်းကို ဟောပြော ပို့ချတာဖြစ်ပါတယ်”ဟု သင်တန်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သတ်ပြီး သင်တန်း ကြီးကြပ်ရေးမှူး ကိုညီညီမင်းက  နိရဉ္စရာသို့ ပြောကြားခဲ့သည်။

မောင်တော သရေကုန်ဘောင်ရွာတွင် အိမ်တစ်လုံး မီးလောင်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် တည်ရှိသော သရေကုန်ဘောင် ဘင်္ဂလီရွာတွင် မီးလောင်မူ ဖြစ်ပွားရာ  အိမ်တစ်ဆောင် မီးထဲပါသွားကြောင်း သတင်း ရရှိသည်။
“ ညနေ ၅ နာရီကျော်ကျော်မှာ လောင်တာပါ။ အိမ်တစ်လုံးဘဲ မီးထဲပါသွားပါတယ်” ဟု မောင်တောခရိုင် တည်ငြိမ်ရေးနှင့် ပြန်လည် နေရာချထားရေး အတွင်းရေးမှူး ဥပဒေအရာရှိ ဦးမြင့်သန်းက နိရဉ္စရာသို့ ပြောသည်။

စားပွဲထိုး ဗိုလ်ချုပ် (သို့မဟုတ်) ဦးလွန်းမောင်

ရန်ကုန်မှ မြိတ်၊ ထားဝယ်အထိသွားမည့် ခရီးသည်တင် ဘတ်စ်ကားခရီးသည်များနှင့် ဒရိုင်ဘာကို လှမ်းအော်နှုတ်ဆက်ပြီး ဆိုင်ထဲကို ပြန်ဝင်လာသော ဒေါ်မြမြစိန် သည် သူ၏ခွေးကလေးများကိုလည်း နှုတ်ဆက်သည်။ ထို့နောက် မိမိတို့၏ စားပွဲဝိုင်းဆီ လာပြီး စကားပြောရင်း “ ဒီခွေးကလေးတွေက တကောင်နဲ့တကောင် ညှာတာပြီး နောက်အကောင် စားဖို့အတွက် ချန်ပြီးစားတယ်။ လူတွေလို အကုန်မစားတတ်ဘူး။ သစ္စာလည်း အရမ်းရှိတယ်” ဟုဆိုကာ ခွေးကလေးများနှင့် ဆော့ကစားနေသည်။
လူရှင်းသွား၍ငွေသိမ်းကောင်တာမှ ဦးလွန်းမောင် (ယခင်က စာရင်းစစ်ချုပ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ် လွန်းမောင်) က စားပွဲဝိုင်းနားကိုကပ်လာပြီး အန်တီ ဒေါ်မြမြစိန်နဲ့အတူ ခွေးကလေးများကို ဆော့ကစား နေသည်။

ရခိုင်ရိုးမမှာ ဒိုင်နိုဆောလို့ ယူဆရတဲ့ ရုပ်ကြွင်း တွေ့

မကွေးတိုင်း ဒေသကြီး နဲ့ ရခိုင်ပြည်နယ် ကြားက ရခိုင်ရိုးမ တစ်နေရာမှာ ဒိုင်နိုဆောနဲ့ အလား သဏ္ဌာန်တူတဲ့ သတ္တဝါကြီး တစ်ကောင် ရဲ့ ကျောက်ဖြစ် ရုပ်ကြွင်း တစ်ခုကို တွေ့ရှိခဲ့ ပါတယ်။

ဒီရုပ်ကြွင်းနဲ့ အတူ ခရုတွေနဲ့ ဒေါင်းတစ်ကောင် အပြင် သစ်ပင် တွေရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေကိုလည်း Asia K.M.T ကုမ္ပဏီက တာဝန် ရှိသူတွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဧပြီတွင် မြန်မာနှင့်အင်္ဂလိပ် ဘာသာများဖြင့် ဖော်ပြသည့် စားကုန်များကိုသာ သွင်းခွင့်ပေးမည်

စားသုံးသူ ကာကွယ်ရေးဥပဒေနဲ့ နည်းဥပဒေ ပြဌာန်းပြီးဖြစ်မယ့် လာမယ့် ဧပြီလ ၀န်းကျင်လောက်ဆိုရင် မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားတဲ့ စားသောက်ကုန် ပစ္စည်းတွေကိုပဲ မြန်မာနိုင်ငံထဲ တင်သွင်းရောင်းချခွင့်ပြုတော့မယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနအောက်ရှိ စားသုံးသူရေးရာဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။

Galaxy S5 ကပြောပြနေတဲ့ Samsung ရဲ့ စိတ်ဝင်စားဖွယ် နည်းပညာအသစ်များ


Galaxy S5 လဲ ထွက်လို့လာပါပြီ…. ကြိုက်တဲ့သူတွေလဲရှိသလို စိတ်တိုင်းမကျတဲ့သူ တွေလဲ အများကြီးပါပဲ… စိတ်တိုင်းမကျတဲ့ အဖွဲ့ထဲမှာ ကျွန်နော်ကိုယ်တိုင်လဲ ပါပါတယ်… Galaxy S3 တို့ S4 တို့ တုန်းကလို မဟုတ်ပဲ ဘာမှ ထူးထူးခြားခြား ပြောင်းလဲမှူမရှိတဲ့ galaxy version ပဲလို့ ထင်ခဲ့ပါတယ်…. တစ်ခုရှိတာက ဒီတစ်ခါ Galaxy S5 အတွက်လုပ်တဲ့ Samsung unpacked show ကို S3 , S4 တို့တုန်းကလောက် ခမ်းခမ်းနားနား ဝေဝေဆာဆာ မလုပ်ခဲ့တာကြောင့်လဲ ဖြစ်မယ်ထင်တယ်….. အဲ့ဒါကြောင့်Galaxy S5 ကို Note 3 လောက်တောင်အထင်မကြီးခဲ့ပါဘူး…. ဒါပေမဲ့ technical website တွေရဲ့ Galaxy S5 review တွေဖတ်ကြည့်လိုက်တဲ့ အခါမှာတော့ Galaxy S5 မှာ လက်ရှိ ဖုန်းတွေထက် အထင်ကြီ:စရာကောင်းတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာအသစ်တွေပါဝင်လာတာတွေ့ရပါတယ်…. ဘာတွေလဲဆိုတော့ လေ့လာကြည့်ရအောင်ဗျာ …

အချစ်ကို စိတ်နာပြီး ကိုယ့် ငယ်ပါကိုဖြတ်ခဲ့တဲ့ လူငယ် ၂ ဦး

ရုရှားနိုင်ငံ မော်စကိုမြို့တွင်နေထိုင်သော အသက် ၃၇ နှစ်အရွယ်ရှိ လူငယ်တစ်ဦးမှာ ဆန့် ကျင်ဘက် လိင်များကို စိတ်ကုန် သဖြင့် ၄င်း၏ ငယ်ပါအား ကတ်ကျေးတစ်လက်ဖြင့် ဖြတ် တောက် ဖယ်ရှား မှု ပြုလုပ်လိုက်ကြောင်း Pravda သတင်းဖော်ပြချက်အရ သိရသည်။
မိမိအနေဖြင့် မည်သည့် အမျိုသမီးနှင့်မျှ ဆက်ဆံမှု မပြုလိုသဖြင့် ကတ်ကျေးကိုအသုံးပြုလိုက်ခြင်း ဖြစ်ကြောင်း၊ မိမိအော်ဟစ်သံကို ကြားရပြီးနောက် မိမိအားနီးရာဆေးရုံသို့ အချိန်မှီ တင်ပို့ခဲ့သည့် အိမ်နားနီးချင်းများကို ကျေးဇူး တင်ကြောင်း အဆိုပါအမည်မဖော်လိုသူ ကာယကံရှင်က ပြောကြားသည်။

Friday, February 28, 2014

တစ်ကမ္ဘာလုံး အင်တာနက် အခမဲ့ ရရှိတော့မည်

အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် Media Development Investment Fund (MDIF) လုပ်ငန်း သည် အာကာသအတွင်းသို့ ရေဒီယိုလှိုင်းလွှင့်တုံးလေးများ လွှတ်တင်ရန် ကြိုးပမ်းလျက်ရှိပြီး အဆိုပါ လှိုင်း လွှင့်တုံးလေးများသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်ပတ်၍ နေရာလပ် မကျန်အောင် အင်တာ နက်စနစ် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

တပ်သိမ်းမြေ ဧက ၁၆၀၀ ကျော် မူလပိုင်ရှင်များထံ ပြန်ပေး

ဧရာဝတီတိုင်း ဒေသကြီးရှိ ယခင် စစ်အစိုးရ လက်ထက်က သိမ်းဆည်းထားသော တပ်သိမ်းမြေများ အနက် ဧက ၁၆၀၀ ကျော်အား မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်လျက် ရှိကြောင်း အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။
“မြေတွေ လွှဲပြောင်း ပေးဖို့ ကိစ္စတွေကို တတိုင်းလုံး အနေအထားနဲ့ မတ်လ ပထမ ပတ်ထဲမှာ အပြီး လုပ်ဖို့ စီမံ ထားပါတယ်။ ကျနော်တို့ အနေနဲ့ အခုချိန်ကတည်းက မြေတွေ ပြန်ပေးတယ် ဆိုတာက လာမယ့် မိုးရာသီ စိုက်ပျိုးချိန်အမီ လယ်သမားတွေ လက်ထဲကို လယ်တွေ ပြန်ရပြီး အချိန်မီ စပါးစိုက်ပျိုး နိုင်စေဖို့ အတွက် ရည်ရွယ် ပါတယ်”ဟု အနောက်တောင်တိုင်း စစ် ဌာန ချုပ် စခန်းရုံးမှ ဗိုလ်ကြီး ပေါငြိမ်းက ဧရာဝတီကို ပြောသည်။

နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ပဒေသာကပွဲ အင်းစိန်ထောင်တွင် ကျင်းပ၊ အင်ပါယာ တေးဂီတအဖွဲ့ ဖျော်ဖြေ

နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပဒေသာ ကပွဲ တစ်ခုကို အင်းစိန် အကျဉ်းထောင် အတွင်းတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ နာမည်ကျော် အင်ပါယာ တေးဂီတ အဖွဲ့က လာရောက် ဖျော်ဖြေခဲ့ကြောင်း အငြိမ်းစား ထောင်မှူးကြီး တစ်ဦးက ပြောကြားသည်။

အဆိုပါ ကပွဲကို အင်းစိန် အကျဉ်းထောင်ရှိ အကျဉ်းသူ၊ အကျဉ်းသားများနှင့် အကျဉ်းထောင် ဝန်ထမ်းများက ပါဝင် ကပြခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ဖျော်ဖြေခွင့် ရသည်မှာ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရ လက်ထက် နောက်ပိုင်းတွင် ပထမဆုံး အကြိမ် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရွေးကောက်ခံ မဟုတ်ဘဲ သမ္မတ ဖြစ်ခွင့်မရှိ မူဝါဒ ကာချုပ်မင်းအောင်လှိုင်ကို ရည်ရွယ်သလား

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူဝါဒတွေကို ထုတ်ပြန်ခဲ့ရာမှာ ရွေးကောက်မဟုတ်ဘဲ သမ္မတဖြစ်ခွင့်မရှိ ဆိုတဲ့ မူဝါဒ တရပ်ပါဝင်လာပြီး ၂၀၁၅ ရွေးကောက်ပွဲ အလွန် သမ္မတ ဖြစ်ဖို့ တပ်တွင်းရေပန်းစားနေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ မဖြစ်လာစေဖို့ ကြိုတင် ကာကွယ် လိုက်တဲ့ ကြိုးပမ်းချက်လေလားဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။

မြန်မာငွေ (၁) သိန်းခွဲခန့်ရှိမဲ့ Huawei ရဲ့ ပထမဆုံး စမတ် လက်ပတ်

Talkband B1 လို့ အမည်ပေးထားပြီး 1.4-inch အရွယ်အစားရှိ မျက်နှာပြင်ဖြင့် OLED display ကိုအသုံးပြုထားပါတယ်။ ထူးခြားမူတစ်ခုက လက်ပတ်ပုံစံကနေ ဖြုတ်ပြီး နားမှာ တပ်ဆင်နိင်တဲ့ Bluetooth ကရိယာလို့ အသုံးပြုလို့ရခြင်းဖြစ်ပါတယ်။ ဒါဟာဆိုရင် အခြား Brand တွေထက်သာလွန်တဲ့ Huawei ရဲ့ တီထွင်မူ တစ်ခုဖြစ်ပါတယ်။ Bluetooth 4.1 ထိကို ဆက်သွယ်နိင်ပြီး iOS နဲ့ Android OS နှစခုလုံးမှာ အသုံးပြုနိင်ခြင်းဟာလည်း ဆန်းသစ်မူတစ်ခု ဖြစ်ပြီး iOS ဆိုရင် 5.0 version အပါအ၀င် ဒီကနေအထက်ကိုသုံးနိင်ပြီး Android Version ဆိုရင် Android စနစ် 2.3 ကနေစကာ အထက်ကို သုံးနိင်မှာ ဖြစ်တဲ့အတွက် လူတန်းစားမျိုးစုံအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

မျိုးစောင့်ဥပဒေပြဌာန်းဖို့ သမ္မတနှင့် လွှတ်တော်အကြား အပြန်အလှန် တာဝန်လွှဲ

အမျိုးစောင့်ဥပဒေတွေ ပြဌာန်းနိုင်ဖို့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကနေ တဆင့် ဥပဒေကြမ်းကို တင်ပြဆောင်ရွက်သွားပါလို့ ပြည်ထောင်စု လွှတ်တော်နာယက က သမ္မတထံကို ဒီကနေ့မှာ သ၀ဏ်လွှာ ပြန်ပို့ခဲ့တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ က ပြောပါတယ်။ မျိုးစောင့် ဥပဒေ လေး ခု နဲ့ ပတ်သက်ပြီးတော့ ဆန်းစစ်နိုင်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယကထံ  ဖေဖော်ဝါရီလ ၂၅ ရက်နေ့က သဝဏ်လွှာပေးပို့ခဲ့ တာကို ဒီကနေ့ အကြောင်းပြန်လိုက်တာဖြစ်ပါတယ်။

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင် မြန်မာ ၅ ဦး ပထမဆုံး အကြိမ် တက်မည်

နီပေါ နိုင်ငံ ဟိမ၀န္တာ တောင်တန်းတွင် တည်ရှိသည့် ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်သော ဧ၀ရက်တောင်(Everest)သို့ မြန်မာနိုင်ငံ သား ၅ ဦး ပထမဆုံးအကြိမ် တက်ရောက်မည် ဖြစ်သည်။

  တောင်တက်အဖွဲ့ အနေဖြင့် လာမည့်မတ်လ ၂၈ ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး နီပေါနိုင်ငံ မြို့တော် ခတ်ဒမန်ဒူ သို့ မတ်၂၉ တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ပြင်ဆင်မှုများပြုလုပ်၍ တောင်တက်ခရီးကို စတင်မည် ဖြစ်ကြောင်း တောင် တက်မည့်သူ တဦးဖြစ်သည့် ကိုစိုင်းကျော်သူထွေးက ပြောသည်။

Thursday, February 27, 2014

ဒေါက်မြင့်ဖိနပ် နှင့် ကျန်းမာရေး

ဒေါက်မြင့်ဖိနပ် နှင့် ကျန်းမာရေး
လိုက်ဖက်သော ဒေါက်မြင့် ဖိနပ်ကို စီးကာ ရင်ချီလျက် သပ်ရပ်စွာ လျှောက်လှမ်း တတ်သော မိန်းကလေး မျးကို တွေ့လျှင် သူသူ ကိုယ်ကိုယ် ငှေးမော မိတတ်ကြ၏။ ဒေါက်ဖိနပ် စီးလျက် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဖောင်းကြွ နေသော ခြေသလုံး ၊ ခပ်စွာစွာလေး လှုပ်သွားသော ခါး ၊ သွယ်လျသော လက်မောင်း နှစ်ဖက်ကြား ရင်ချီမြင့်မြင့် ၊ လည်တိုင် ကြော့ကြော့ တို့သည် ပတ်ဝန်းကျင် ကို အလှဆင် နေဘိသည့် နှယ်ပင်။

ဆင်းထုတော်တွင်ပျားစွဲ ဖူးမြှော်ကြသူမစဲ

ထူးခြားဖြစ်စဉ်တစ်ခုကို အကြောင်းပြု၍ မှတ်တမ်းတစ်ခု အဖြစ်ပြော ဆိုလေ့ရှိသည်။ ရထားလမ်းဖောက် သည့်နှစ်က၊ လေပြင်း တိုက်သည့်နှစ်က၊ ကျောင်းရေစက်ချတဲ့နှစ်က၊ မီးလောင်တဲ့နှစ်က စသည်ဖြင့်မှတ်တမ်း အဖြစ်ပြောဆိုကြရာတွင် ဂန့်ဂေါမြို့နယ်သူ၊ မြို့နယ်သားများပြောဆိုလေ့ရှိသောစကားမှတ်တမ်းများထဲ၌ ရေကြီး လျှံတဲ့နှစ်ကဟူသော မှတ်တမ်းလည်းတစ်ခုအပါအဝင်ဖြစ်သည်။
၁၉၆၈ ခုနှစ်က မြစ်သာမြစ်ရေမှာ အမြင့်ဆုံး စံချိန်း တင်ရေကြီးရေ လျှံမှုဖြစ်ခဲ့ရာ ကျေးရွာ များသို့ရေလျှံ တက်သဖြင့် အမြင့်ပိုင်း သို့ပြောင်းရွှေ့နေ ထိုင်ကြရ သည့် ကျေးရွာများ အနက် အောင်မြင်ကျေးရွာသည်လည်း တစ်ရွာအပါအဝင်ဖြစ်သည်။

၉၆၉ နှင့် သံဃာများကို တိုက်ခိုက်လျက်ရှိသည့် အစီအစဉ်များမှာ နိုင်ငံရေး ပါတီကြီးတစ်ခုက စနစ်တကျ စီစဉ်ဆောင်ရွက်ထားခြင်း ဖြစ်နေ

ဖေဖော်ဝါရီလ ၂၇ ရက်မှစတင်၍ နိုင်ငံရေးပါတီကြီးတစ်ခု၏ အစည်းအဝေးအတွင်း ပြောကြားချက် ဟု ယူဆရသော အသံဖိုင်တစ်ခု ပြန့်နှံ့လာခဲ့ရာ ဗုဒ္ဓဘာသာရဟန်းတော်များ၊ အမျိုးသားရေး အင်အားစုများကို တိုက်ခိုက်ထိုးနှက်သည့် အစီအစဉ်များ ပါဝင်နေကြောင်း သိရှိရသည်။

ယင်းအသံဖိုင်တွင် ဥက္ကဌကြီးကို တိုင်တည်၍ ရှင်းလင်းတင်ပြနေမှုများတွင် လွန်စွာမှပင် အန္တရာယ်ကြီးမားလှသော အစီအစဉ်များ ပါဝင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စရပ်များပါ ပါဝင်နေသဖြင့် NLD ပါတီ အစည်းအဝေးတစ်ခုမှ ပေါက်ကြားလာခြင်း ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း လေ့လာသူများက ယူဆလျက်ရှိသည်။

မော်ဒယ်မြင့်ကား ၀င်ရောက်မှုများသော်လည်း ကားပြင်မည့် ကျွမ်းကျင်ပညာရှင် နည်းပါး

မော်ဒယ်မြင့်ကား အမျိုးအစားပေါင်းစုံ ဈေးကွက်အတွင်းသို့ ၀င်ရောက်လာသော်လည်း ပြုပြင်မှုပိုင်းဆိုင် ရာ ကျွမ်းကျင်ပညာရှင် ရှားပါးနေသောကြောင့် ကားပြင်ပညာရပ်ဆိုင်ရာ သင်တန်းကျောင်းများ ဖွင့်လှစ် ပေးစေလိုကြောင်း မော်ဒယ်မြင့်ကားပိုင်ရှင်များနှင့် ကားဝပ်ရှော့လုပ်ကိုင်သူများက ဆိုသည်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ကို ရခိုင်တွင် ဆက်လုပ်ခွင့်မပြုတော့ဟုဆို

 နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF(AZG) ကို ရခိုင်ပြည်နယ်တွင်း အကူအညီပေးရေး ပူးပေါင်းလုပ်ငန်းစဉ်၌ ဆက်လက်လုပ်ဆောင်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရခိုင်ပြည်နယ်အစိုးရထံမှ သတင်းရရှိသည်။

ပဲခူးသီရိဥဿာဈေးကြီး မီးလောင်မှု ဖြစ်ပွား ဆိုင်းခန်း(၉၄)ခန်း မီးလောင်ဆုံးရှုံး

ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့၊ ရန်ကုန်-မန္တလေး လမ်းမကြီးဘေး ၊ ပဲခူးမြစ်ကူး တံတားအနီးရှိ သီရိဥဿာဈေးကြီးတွင်(၂၇.၂.၂၀၁၄)နေ့ နံနက်(၁း၁၅)အချိန်ခန့်က မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။

သီရိဥဿာဈေးကြီး မြောက်ဘက် အောက်ထပ်ရှိ ဈေးလုံခြုံရေး မီးလိုင်းမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းရာ ဈေးအပေါ်ထပ်သို့ပါ ကူးစက်လောင် ကျွမ်းသွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ပလောင် ဒေသ ဘိန်းစိုက်ပျိုးမှု အစိုးရနှင့် ခရိုနီများ ပတ်သက်နေဟု ဆို

ပလောင်(တအာင်း) ဒေသခံများ နေထိုင်သည့် ဒေသများတွင် တိုက်ပွဲ အများဆုံး ဖြစ်ပွားရခြင်းသည် ဘိန်း စိုက်ပျိုးမှုနှင့် ပတ် သက်နေပြီး အစိုးရနှင့် ပြည်တွင်း စီးပွားရေးသမား ခရိုနီများက ဘိန်း စိုက်ပျိုးမှု၏ နောက်ကွယ်တွင် ပါဝင်နေကြောင်း ပလောင်(တအာင်း)အမျိုးသမီး အဖွဲ့အစည်းက ပြောသည်။
“ကျမတို့ ပလောင်(တအာင်း) ဒေသမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ လူငယ်တွေ ၉၁ ရာခိုင်နှုန်းလောက် ပျက်စီး နေပါတယ်၊ ကျမတို့ဘက်မှာ ဘိန်းမည်းတွေ ရတယ်၊ ဘိန်းဖြူတွေ ရတယ်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာ အစုံ၊ အကုန်ရတယ်၊ စိုက်ပျိုးတဲ့ မြေကို ကြည့် ရင် တရုတ်တွေ များတယ်၊ အစိုးရနဲ့ ခရိုနီတွေ ပါဝင်နေတာကို တွေ့ရတယ်”ဟု ပလောင် အမျိုးသမီး အဖွဲ့မှ မဒီဒီပိုးကျိန်က ဆိုသည်။

ဝေဖန်မှုများကြောင့် ကမ္ဘာ့ဖလားအင်္ကျီများ Adidas ပြန်သိမ်း

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ထုတ်လုပ်ခဲ့သည့် အင်္ကျီများကို
ပြန်သိမ်းမည်ဖြစ်ကြောင်း Adidas
ကုမ္ပဏီမှ အတည်ပြုခဲ့သည်။ ကမ်းခြေပုံနောက်ခံတွင် အတွင်းခံ ၀တ်ဆင်ထားသည့် အမျိုးသမီး ကာတွန်းပုံ ရေးဆွဲထားပြီး “ဂိုးသွင်းဖို့အတွက်” စာသားရေးထိုးထားသော Adidas အင်္ကျီမှာ ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

လယ်တီသာသနိက အဆောက်အအုံ ပြောင်းရွှေ့မှု ဒေသခံ သံဃာတော်များ လက်မခံ

လက်ပံတောင်း ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်နဲ့ စေတီတော်ကို ပြောင်းရွှေ့ဖို့ ၀မ်ပေါင်ကုမ္ပဏီ၊ ဦးပိုင်ကုမ္ပဏီနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စီစဉ်နေပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လယ်တီသိမ်တော်နဲ့ စေတီတော်ဟာ ဆားလင်းကြီးကနေ ပုသိမ် – မုံရွာသွားတဲ့ ကားလမ်းပေါ်မှာ ရှိပြီး မူလနေရာနဲ့ မီတာ ၁၅၀၀ ဝေးတဲ့ ကျော်ရွာ တောင်ဘက် ကွင်းအမှတ် ၇၇၄ (က) ဝေဠုဝန်ကျောင်းတိုက်အနီးကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာပါ။

နောင်ချိုမြို့ ဟော်တော် ကျောင်းတိုက်ရှိ ဆင်းတုတော် တစ်ဆူပျောက်ဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ ဟော်တော်ကျောင်းတိုက်မှ အမြင့်သုံးပေရှိ ဆင်းတုတော်တစ်ဆူပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပြီး နောင်ချိုမြို့နယ်တွင် ခုနစ်လအတွင်း ဘုရားဆင်းတုတော် ရှစ်ဆူမြောက် ပျောက်ဆုံးမှုဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် လူငယ်များ လုံခြုံရေးနှင့် ပညာရေးထိခိုက်

ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူငယ်တွေဟာ လုံခြုံမှု မရှိသလို ပညာရေးနဲ့ အလုပ်အကိုင်တွေမှာလည်း ထိခိုက်မှုရှိနေတယ်လို့ ရခိုင်လူငယ်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ လူမျိုးရေးဘာသာရေးနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှု၊ မီးရှို့မှုတွ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ အကျိုးဆက်အဖြစ် ရခိုင်လူငယ်တွေဟာ လုံခြုံမှု မရှိသလို ခံစားနေရပြီး ပညာကိုလည်း ကောင်းစွာမသင်ကြားရဘူးလို့ မြောက်ဦးမြို့မှာ ကျင်းပနေတဲ့ ရခိုင်ပြည်နယ် လူငယ်ဖိုရမ်က ပြောပါတယ်။

မြန်မာစစ်တပ် ပူးပေါင်းစစ်ရေးလေ့ကျင့်ပွဲ

ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ကြည်း၊ လေ၊ အမြောက်နဲ့ သံချပ်တပ် ပူးပေါင်းစစ်ဆင်ရေး စစ်ရေးလေ့ကျင့်မှု တရပ်ကို မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့တယ်လို့ သမ္မတ ပြောခွင့်ရှိသူက ပြောပါတယ်။ အခုလို စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး ပြည်သူကို ပေးသိတာဟာ စစ်အစိုးရလက်ထက် နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရသည်ကို အရေးယူပေးရန်တိုင်ကြားစာ ရဲငြင်းပယ်

သဲကုန်းမြို့နယ် သပိတ်စခန်းမှ လယ်သမားများက သပိတ်စခန်းဖြိုခွဲမှုတွင် ပါဝင်ပတ်သက်သူများကို အရေးယူပေးရန် သဲကုန်းမြို့နယ် ရဲစခန်းတွင် ဖေဖော်ဝါရီလ ၂၆ရက်က တိုင်တန်းရာ ရဲစခန်းက ပယ်ချလိုက်သည်ဟု လယ်သမားအရေး ကူညီဆောင်ရွက်နေသူ ကိုသန့်ဇင်ထက်က မဇ္ဈိမကို ပြောသည်။
လယ်သမားများက သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲမှုတွင် ပါဝင်ပတ်သတ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဇော်အောင်၊ သဲကုန်း စခန်းမှူး ဦးမျိုးမြတ်စံ၊ ကြံ့ခိုင်ရေးပါတီမှ ဦးအောင်မြင့်နှင့် အမျိုးသမီး စွမ်းဆောင်ရှင်အသင်းခေါင်းဆောင် တို့ကို အရေးယူပေးရန် ရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့ရာ ငြင်းပယ်ခံလိုက်ရခြင်းဖြစ်သည်။

ယင်းမာပင်နှင့် ဆားလင်းကြီးရှိ ဒုတ္ထာကွင်း လုပ်ကွက်နှင့် နေထိုင်သူများ ဖယ်ရှားခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့တို့တွင် ဒေသခံများ လုပ်ကိုင်စားသောက်နေ ရသော ဒုတ္ထာကွင်း နေရာကို ဖေဖော်ဝါရီ ၂၂ရက်တွင် စက်ကြီးများဖြင့် ထိုးပြီး ဖယ်ရှားကာ လုပ်ကွက်တွင် နေထိုင်သူများအား ဝမ်ပေါင်ကုမ္ပဏီက ဖယ်ရှားခဲ့သည်ဟု ဆားလင်းကြီးမြို့နယ် အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိန်က မဇ္ဈိမ ကိုပြောသည်။

မျိုးစောင့် ဥပဒေ တောင်းဆိုချက် လွှတ်တော်ကို သမ္မတပို့

အမျိုးဘာသာ သာသနာ စောင့်ရှောက် နိုင်ရေးအတွက် ဥပဒေ ၄ ခု ပြဋ္ဌဌာန်း ပေးဖို့ နိုင်ငံတော် သမ္မတကို မြန်မာ နိုင်ငံ သား တစ်သန်းကျော်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့တဲ့ကိစ္စမှာ လိုအပ်သလို ဥပဒေပြု နိုင်ရေး ဆောင်ရွက်ပါလို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယကကို သဝဏ်လွှာ ပေးပို့လိုက် ပါတယ်။

Wednesday, February 26, 2014

လယ်တီဆရာတော်ဘုရားကြီး၏ သိမ်ကျောင်းနှင့် စေတီတော်အား ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းဘေးသို့ ရွှေ့ပြောင်းမည်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီဓာတ်သတ္ထုတူးဖော်ရေး လုပ်ငန်းခွင်ဧရိယာအတွင်းတွင် ပါရှိသော လယ်တီဆရာတော်ဘုရားကြီး သိမ်ကျောင်းနှင့် စေတီတော်တို့အား ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းဘေးသို့ ပြောင်းရွှေ့တည်ထားကိုးကွယ်ရန် နိုင်ငံတော်သံဃနာယက ဆရာတော်ကြီးများထံမှ ဖေဖော်ဝါရီ ၂၅ ရက်က သြ၀ါဒခံယူခဲ့ရာ ဆရာတော်များ၏ သဘောတူလက်ခံချက်အရ ပြောင်းရွှေ့ရေးကော်မတီမှ မကြာမီပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း သိရသည်။

ဆားပုလင်းနှင်းမောင်နှင့် သုံးမည်ရ မေဇင်အေး

တစ်နေ့ တစ်၌ ကျွန်ုပ်သည် မြန်မာပြည် ဖွဘုတ်၏ ထိပ်တန်း ဂိုဏ်းများအကြောင်းကို လေ့လာမိသောအခါ အံ့သြဖွယ်ရာ ကောင်းလှသော သဲလွန်စများ တွေ့ ရှိရသောအခါ စိတ်ကို မည်သို့ ပင် ထိန်းစေကာမူ မရတော့သဖြင့် ထုံးစံအတိုင်း မိတ်ဆွေကြီး ကိုနှင်းမောင်ထံ ထွက်လာခဲ့သည်။
"အိုင်ပီရေ ခင်ဗျား မေးချင်တဲ့အကြောင်းအရာက ခုနောက်ပိုင်း အုတ်အုတ်ကြွက်ကြွက် ဖြစ်လာနေတဲ့ ဖွဘုတ်နဲ့  ဆက်စပ်နေမယ် ထင်ပါရဲ့ ။ ဟုတ်စ "
"ဘယ်လိုလုပ် ခန့် မှန်းနိုင်တာလဲ အိုင်ဆေး ကိုနှင်းမောင်ရေ။ ကွက်တိပါပဲဗျာ"
"စောစောက ခင်ဗျားမလာခင် ကျွန်တော် ဖွဘုတ် တက်တော့ ခင်ဗျား အွန်လိုင်း ဖြစ်နေတာ တွေ့ ရတယ်ဗျ။ ပြီးတော့ ခင်ဗျား ဒီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာလေ။ ဒီတော့ ဖွဘုတ်နဲ့ တစ်နည်းနည်း ဆက်စပ်နေပြီပေါ့။ မဟုတ်ဘူးလား"
"ဟုတ်တယ်ဗျ။ ကျွန်တော်လည်း ဖွဘုတ်ထဲမှာ ကြည့်ရင်းနဲ့  ခင်ဗျားကို မေးချင်လို့  ထွက်လာတာဗျို့ ။"