Monday, February 24, 2014

အိနိ္ဒယမှာ မိုဘိုင်းဖုန်းကို ဘာအတွက်သုံးကြသလဲ

အိန်္ဒိယနိုင်ငံ၌ မိုဘိုင်းဖုန်းကို အသုံးပြုကြပုံမှာ တော်တော်လေး ထူးခြားနေသည်။ ဖုန်းပြောရန်နှင့် မက်ဆေ့ခ်ျ ပို့ရန် သက်သက် အတွက်သာ မိုဘိုင်းဖုန်းကို အသုံးပြုကြသည် မဟုတ်ဘဲ အခြားကိစ္စရပ်များ အတွက်လည်း တွင်တွင်ကျယ်ကျယ် အသုံးချနေကြသည်။ ဆိုရလျှင် အိန်္ဒိယနိုင်ငံသား တို့အတွက် မိုဘိုင်းဖုန်းဆိုသည်မှာ ဖုန်းပြောရန်ထက် အခြားကိစ္စရပ်များအတွက် အဓိက အသုံးချစရာ ပစ္စည်းဖြစ်နေသည်။ လူဦးရေသန်းပေါင်း ရာနှင့် ချီ၍ရှိသော အိန်္ဒိယနိုင်ငံ၏ လူနေအိမ်များ၌ အခြားသော အီလက်ထရွန် နစ်ပစ္စည်းတစ်ခုမျှ မရှိလျှင်ပင် မိုဘိုင်း ဖုန်းတစ်လုံးတော့ ရှိကြသည်။ ယင်းမိုဘိုင်းဖုန်း ကပင်လျှင် မိသားစုတို့ အတွက် ဘက်စုံသုံး အီလက် ထရွန်နစ် ပစ္စည်းဖြစ်သည်။ မိုဘိုင်းဖုန်းလိုင်း သုံးစွဲသူပေါင်း သန်း ၉၀၀ ရှိ သည့် အဆိုပါနိုင်ငံသည် ကမ္ဘာပေါ်၌ တိုးတက်မှု အလျင်မြန်ဆုံး မိုဘိုင်းဖုန်း ဈေးကွက်ကြီးဖြစ်နေပြီး မိုဘိုင်းဖုန်းကို အသုံးချပုံချနည်း ကလည်း အင်မတန် ထူးခြားလှသည်။ မိုဘိုင်းဖုန်းကို သမားရိုးကျ မဟုတ်သောပုံစံဖြင့် အသုံးပြုပုံ နည်းလမ်းငါးမျိုးမှာ အိန်္ဒိယမိုဘိုင်း ဖုန်းသုံးစွဲသူများ အကြား ရေပန်း စားသည်။ …

 

Missed Call
ဖုန်းခေါ်ဆို၍ ဖုန်းသံတစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မြည်ပြီးနောက် ဖုန်းချလိုက်ပြီး မစ်ကောလ် (Missed Call) ပေးခြင်းများသည် အိန်္ဒိယ၌ လွန်စွာခေတ်စားသည်။ တစ်ဦးမှ တစ်ဦးဖုန်းဆက် သွယ်ရာတွင် ဖုန်းခ မကုန်ကျစေ ရန်အတွက် မစ်ကောလ်ကို အသုံးချကြခြင်းဖြစ် သည်။ ငွေကုန်ေ ကြး ကျမရှိဘဲ အချက်ပေး စနစ်အဖြစ် အသုံး တည့်ခြင်းကြောင့် မစ်ကောလ်ပေးခြင်းမှာ အိန်္ဒိယ နိုင်ငံသားများ အကြား ရေပန်းစားေ နခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် ကလေးများနှင့် အလုပ်သမားများက ၎င်းတို့၏မိဘများ သို့မဟုတ် အလုပ်ရှင်တို့ကို ဆက်သွယ် ရန်အတွက် မစ်ကောလ်ကို အသုံးပြုလေ့ရှိကြသည်။ မစ် ကောလ်ပေးခြင်းကို ဈေးကွက်မြှင့် တင်ရေးလုပ်ငန်း စဉ်များအတွက် လည်း အိန်္ဒိယ၌ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ ရုပ်သံလိုင်း အချို့ဆိုလျှင် နှစ်သက် သဘောကျ သောအစီအစဉ်များကို ရုပ်သံကြည့် ပရိသတ်များထံမှ မစ်ကောလ် ပေး၍ ဆန္ဒပြုရန် တောင်းခံမှုပြု လုပ်ကြသည်။
dsc_0143jpgမစ်ကောလ်ပေးခြင်းသည် အာဖရိက၊ ဖိလစ်ပိုင်နှင့် ဘင်္ဂလား ဒေ့ရှ်တို့၌လည်း အလွန်ရေပန်းစား သည်။ သို့သော် အိန်္ဒိယ၌မူ မစ်ကောလ်သည် စီးပွားဖြစ်ဝန်ဆောင် မှုဖြစ်နေသည်။ ယခုအခါ အိန်္ဒိယ ၏ မစ်ကောလ် ၀န်ဆောင်မှုသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်သည့် စီးပွားရေး လုပ်ငန်းဖြစ်နေသည်။ Proctor & Gamble, Cadbury, Colgae နှင့် Disney  တို့ကဲ့သို့သော ကုမ္ပဏီပေါင်း ၁၀၀ ကျော်တို့သည် သုံးစွဲသူများအတွက် မစ်ကောလ်ပေး၍ ၀န်ဆောင်မှုများ တောင်းခံနိုင်ရန် စီစဉ်ပေးကြသည်။ သုံးစွဲသူများအနေ နှင့် ကုမ္ပဏီက ပေးထားသော ဖုန်းနံပါတ်တစ်ခုခုသို့ မစ်ကောလ်ပေး၍ နမူနာဝန်ဆောင်မှုများ တောင်းခံခြင်း၊ ၀န်ဆောင်မှု တစ်ခုခုကိုရယူခြင်းနှင့် တစ်စုံတစ်ရာ အကြောင်း ပြန်ကြားပေးခြင်းတို့ကို ပြုလုပ်နိုင်ရန် စီစဉ်ပေးထား ခြင်းဖြစ်သည်။
အိန်္ဒိယတွင် မစ်ကောလ်ပေးခြင်းကို နိုင်ငံရေးပါတီ၏ လူသစ် စုဆောင်းရေးအတွက်လည်း အသုံးချနေကြသည်။ အိန်္ဒိယနိုင်ငံ၌ အသစ်ပေါ်ထွက်လာသော နိုင်ငံရေးပါတီဖြစ်သည့် Aam Aadmi (Common Man) ပါတီသည် မစ်ကောလ်ကို ပါတီဝင် အင်အားတိုးရေးအတွက် အသုံးပြုခဲ့သည်။ လက်ရှိတွင် ဒေလီမြို့တော်ကိုအုပ် ချုပ်နေ သည့် အဆိုပါပါတီသည် ယခုလအစောပိုင်းတွင် ၎င်းတို့ပါတီ၏ ဖုန်းနံပါတ်သို့ မစ်ကောလ်ပေး၍ ပါတီဝင်အဖြစ် စာရင်းသွင်းရန် နိုင်ငံသားများကိုတိုက်တွန်းခဲ့သည်။ ထို့ နောက်တွင် ပါတီ၏ဖုန်းသို့ဝင်လာ သော မစ်ကောလ် ဖုန်းနံပါတ်များကို ပါတီတာဝန်ရှိသူများက ဆက်သွယ်၍ တရားဝင် လုပ်ထုံးလုပ်နည်းများဖြင့် ပါတီဝင်အဖြစ် သွတ်သွင်း သည်။
တစ်လမျှ မကြာသောကာ လအတွင်းမှာပင် မစ်ကောလ်ပေး၍ ပါတီဝင်လာသူစုစုပေါင်း ခုနစ်သိန်း ကျော်ရှိခဲ့ သည်ဟု အဆိုပါပါတီက ဆိုသည်။

မိုဘိုင်းဖုန်းက ဓာတ်မီး
အိန်္ဒိယနိုင်ငံတွင် လမ်းမများတွင် အလင်းရောင် ပေးနိုင်မှုနည်း ပါးလှပြီး လျှပ်စစ်ဓါတ်အားကလည်း  မကြာခဏ ပြတ်တောက်လေ့ရှိသဖြင့် လမ်းသွားလမ်းလာ အများစုသည် ဓာတ်မီးများဆောင် ထားကြရသည်။ နိုကီယာ မိုဘိုင်း ဖုန်းကုမ္ပဏီက ၎င်း၏ရေပန်းစားသော ဟန်းဆက်များ၌ လက်နှိပ် ဓာတ်မီးအဖြစ် အသုံးပြုနိုင်သော အရာကို ထည့်သွင်းလိုက်သည့် အခါ ချက်ချင်းဆို သလိုပင် အလွန် အင်မတန်အသုံးတည့်သော ပစ္စည်း ဖြစ်လာသည်။ မကြာမီမှာပင် မိုဘိုင်းဖုန်းကုမ္ပဏီများက လိုက်လံတုပ၍ ယင်းကဲ့သို့ ဓာတ်မီးအဖြစ်လည်း သုံး နိုင်သည့် ဟန်းဆက်များ ထုတ်လုပ်မှု တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။
LED ဓာတ်မီးပါဝင်သည့် နာမည်မကြီး၊ လူမသိသောအဖိုး နှုန်းချိုသာသည့် တရုတ်ဟန်းဆက် များသည် အရောင်းဆိုင်များ၌ ပလူပျံလာခဲ့သည်။ စမတ်ဖုန်းကဲ့သို့ နည်းပညာမြင့်ဟန်းဖုန်းများ ဈေးကွက်ထဲ ၀င်လာချိန် တွင် အက်ဖ်အမ် ရေဒီယိုကဲ့သို့သော အခြား ရေပန်းစားသည့်ဆော့ဖ်ဝဲနှင့် အသုံး တည့်အရာ အများအပြား ထပ်မံ ပါဝင်လာသော်လည်း ဓာတ်မီးကိုတော့ ချန်ထားခဲ့၍ မရပေ။ နောက်ပိုင်းတွင် ဓာတ်မီးအဖြစ် ဟန်းဆက် ၌အသုံးပြုသော ဖလက်ရှ်အလင်းရောင်ကို ကင်မရာမီးအတွက်ပါ သုံးစွဲရင်း ပိုမိုအသုံးတည့်သော အရာ ဖြစ်လာ စေခဲ့သည်။

ရေဒီယိုလည်းဒါပဲ
အက်ဖ်အမ် ရေဒီယိုလိုင်း ပေါင်း ၂၀၀ ကျော်ရှိသော အိန်္ဒိယ၌ နားဆင်သူတို့အတွက် ရွေးချယ် စရာက လွန်စွာ များပြားလှပေသည်။ သို့သော် အဆိုပါရေဒီယို အစီအစဉ်များကို နားဆင်ခံစားနိုင် စေရေးအတွက် အများစု ၀ယ်ယူသုံးစွဲသော အရာမှာ သမားရိုးကျ ရေဒီယိုစက်များ မဟုတ်ပေ။ လူသန်းပေါင်းများစွာက မိုဘိုင်းဖုန်း များဖြင့်သာ အက်ဖ်အမ်ရေဒီယို အစီအစဉ်များကို ဖမ်းယူနားဆင် နေကြသည်။ လက်ရှိတွင် ဈေးကွက်ထဲသို့ ရောက်ရှိလာသော အနိမ့်စား ဟန်းဆက်အများစုတွင် အက်ဖ်အမ်ရေဒီယိုပါဝင်သည်။
ရေဒီယို ပါဝင်လာခြင်းမရှိသည့် အဆင့်မြင့်စမတ်ဖုန်းကို ကိုင်ဆောင်လာသူ အများစုသည်လည်း အက်ဖ်အမ် ရေဒီယို လိုင်းများအား နားဆင်နိုင်သော  Tune-in ကဲ့သို့ သောဆော့ဖ်ဝဲကို အသုံးချကြ သည်။ အိနိ္ဒယနိုင်ငံ၏ အမျိုးသား ရေဒီယိုအသံလွှင့် ဌာနဖြစ်သော All India Radio ကလည်း စမတ် ဖုန်းအသုံးပြုသူများအတွက် ရေဒီယို အစီအစဉ်များ နားဆင်နိုင်မည့် ဆော့ဖ်ဝဲကို မိတ်ဆက်ပေးခဲ့ သည်။
အိန်္ဒိယနိုင်ငံ အလယ်ပိုင်း၊ ချဟတ္တစ်ဂါပြည်နယ်ရှိ CGNet ကဲ့သို့သော အစိုးရမဟုတ်သောအဖွဲ့ အစည်းအချို့ ကလည်း ဝေးလံခေါင်ဖျားသော လူမျိုးစုဒေသများ အတွင်းသတင်းများ စုဆောင်းရယူရန်နှင့် ဖြန့်ဝေရန် တို့ အတွက် မိုဘိုင်းဖုန်းကို အသုံးချကြသည်။ ကျေးလက်နေပြည်သူများက အဆို ပါအစိုးရမဟုတ်သော အဖွဲ့ အစည်း ထံသတင်းပေးပြီး အဆိုပါသတင်းများကို ယင်းအဖွဲ့အစည်းက ၎င်းတို့၏၀က်ဘ်ဆိုက်တွင် တင် သည်။ အဆိုပါ သတင်းများအား နားဆင်လိုသူများအနေနှင့် အများပြည်သူဆိုင်ရာ အခမဲ့ဖုန်းနံပါတ်တစ်ခု ကိုခေါ်ဆို၍ မိုဘိုင်းဖုန်းများမှ တစ်ဆင့်နားဆင်နိုင်သည်။

ရုပ်မမြင်သံကြားဝန်ဆောင်မှု
Access Agriculture နှင့် Digital Green တို့ကဲ့သို့သော အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို)များက လယ်သမားများနှင့် ကျေးလက်နေ ဆင်းရဲသားများ မိုဘိုင်းဖုန်းမှ ဖုန်းခေါ်၍နားဆင်နိုင်မည့် ဗီဒီယိုအသံများကို ဖန်တီး၍ ဖြန့်ဝေနိုင်ရန် အဆိုပါ အန်ဂျီအိုများက အကူအညီပေးပြီး ယင်းဗီဒီယိုများကို ကြည့်ရှုနိုင်ရန်အတွက် အင်တာနက်မှ ရရှိနေရာအားလုံးအတွက် အဆင်ပြေချောမွေ့သော်လည်း အင်တာနက် လိုင်းမကောင်း သို့မဟုတ် အင်တာနက် မရှိသောနေရာများတွင်မူ အခက်အခဲရှိမည်ဖြစ်သည်။
ယင်းကဲ့သို့ ဗီဒီယိုများ ကြည့်ရှုရန် အခက်အခဲ ရှိသူများအနေနှင့် ဗီဒီယိုထဲမှ ရုပ်ကိုမမြင်ရသော် လည်း အသံကို ကြားရစေနိုင်မည့် ၀န်ဆောင်မှုကို ပေးခြင်းဖြစ်သည်။ အဆိုပါ ၀န်ဆောင်မှုကို ရယူလိုသူများ အနေနှင့် ဖုန်းနံပါတ် တစ်ခုကို ခေါ်ဆို၍ မိမိနားထောင်လိုသော ဗီဒီယိုတစ်ခုကိုပေးကာ ဖုန်းဖြင့်ခေါ် ရန်တောင်းဆိုရ မည်ဖြစ်သည်။

လက်ဖ၀ါးထဲမှ မိတ္တူကူးစက်
အိန်္ဒိယနိုင်ငံ၌ စာရွက်စာ တမ်းများအား စကင်ဖတ်ရန် သို့မဟုတ် ဓာတ်ပုံရိုက်ယူ သိမ်းဆည်းရန်တို့ အတွက် မိုဘိုင်းဖုန်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။ နမူနာအားဖြင့် အချက်အလက်ရေး သွင်းထားသော ဘဏ်ချေးငွေပုံစံ ဖောင်သို့မဟုတ် အစိုးရအသိ အမှတ်ပြု ကတ်ပြားတစ်ခုခုအား မိတ္တူကူး၍ သိမ်းဆည်းထားလို ကောင်းလိုလိမ့်မည်။ သို့သော် မိတ္တူကူးစက်ကဲ့သို့သောအရာမျိုး က နေရာတိုင်း၌ရှိနေသောအရာ မဟုတ်ပေ။ ထိုအခါမျိုးတွင် မိုဘိုင်းဖုန်းက အသုံးတည့်သွားသည်။
ကျောင်းသားများကလည်း ၎င်းတို့၏ သင်ခန်းစာများ၊ စာရွက် စာတမ်းများကို စကင်ဖတ်သိမ်း ဆည်းရန်အတွက် မိုဘိုင်းဖုန်းကို အသုံးချလေ့ရှိကြသည်။

 ကျော်မင်း

Myanmar Thandawsint


No comments:

Post a Comment