ကျင်းပမည့် ကျေးရွာမှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ငါးပြေမကျေးရွာတွင် ဖြစ်ကြောင်း ကျင်ပွဲ ကျင်းပရေးကော်မီ ဥက္ကဌ ဦးသန်းအောင် (ရမ်းဗြဲ)က ပြောသည်။
“ အဲဒီဒေသက ရခိုင်တွေ အခုအချိန်ထိ ရခိုင်စကားကို ပီပီသသ ပြောနိုင်ကြသေးတဲ့ အပြင် ကိုယ့်ရိုးရာ ယဉ်ကျေးမူ အစဉ်အလာ တွေကိုလဲ ဆက်လက် ထိန်းသိမ်းကြတုန်း ဖြစ်တယ်။ ဒါပေမယ့် ရခိုင်ရိုးရာ ကျင်ပွဲတွေလို မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမူ ပွဲတော်နဲ့ကျတော့ အလှမ်းကွာဝေးနေကြတာကြောင့် မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမူတွေထဲက တစ်ခု ဖြစ်တဲ့ ကျင်ပွဲနဲ့ မိတ်ဆက်ပေးလိုတဲ့ အတွက် ခုလို ကျင်ပွဲကို ကျင်းပရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယင်းပြင် ငါးပြေမကျေးရွာရှိ သက်တော် (၁၀၀) နှင့် ၀ါတော် (၈၀) ဆရာတော်ကြီး ဘဒ္ဒန္တဦးဝံနသာမိ ပျံလွန်တော်မူသွားသည်မှာ ၉ လခန့်ရှိနေပြီ ဖြစ်သော်လည်း မပုတ်မသိုးဘဲ ဆံပင်၊ လက်သည်းများ ရှည်ထွက်လာသဖြင့် အများပြည်သူများ လာရောက် ဖူးမျှော်နေကြရာ ဆရာတော်ကြီးအား ရည်မျှော်၍လည်း ယခုကျင်ပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း သူကဆိုသည်။
၎င်းကျင်ပွဲသို့ ရခိုင်ပြည်နယ်မှ နာမည်ကြီးကျင်သန်များ ဖြစ်ကြသော ရွှေမောင်း (၃၀) လုံးရ မောင်မြင့်စိုး (ပုဏ္ဍားကျွန်း)၊ ရွှေမောင်း (၂၅) လုံးရ ကျော်သိန်းမြင့် (ပုဏ္ဍားကျွန်း)၊ ရွှေမောင်း (၅) လုံးရ ဥာဏ်မျိုးထွန်း (ကျောက်ဖြူ)၊ ရွှေမောင်း (၇၅) လုံးရ မောင်ဝင်းကြည်စသည့် ကျင်သန်င်္ကြီးများ လာရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သူက ဆိုသည်။
“ ရခိုင်ပြည်နယ် အနှံ့က ကျင်သန်ကြီး တစ်ဆယ်ကျော်လာကြပါမယ်။ ပထမဆုက အကြီးတန်းမှာ ကျပ် (၆)သိန်း၊ ဒုတိယတန်းမှာက ပထမဆုရင် ကျပ် (၅) သိန်း၊ တတိတန်းမှာ (၃) သိန်း အဲသလိုမျိုး ချီးမြှင့် သွားပါမယ်” ဟု ဦးသန်းအောင်က ပြောသည်။
ယခုပွဲမှာ အဆိုပါ ဒေသတွင် ပထမဆုံး အကြိမ် ပြုလုပ်သော ရခိုင်ကျင်ပွဲဖြစ်သဖြင့် ဒေသ အနီးတ၀ိုက်မှ ရခိုင်၊ ဗမာနှင့် ကရင်တိုင်းရင်းသားများလည်းလာရော
Narinjara
No comments:
Post a Comment