Friday, February 14, 2014

ရခိုင်ပြည် အမျိုးသားကောင်စီ ပြည်သူများနှင့် တွေ့ဆုံ

ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေကို လေ့လာနိုင်ဖို့နဲ့ လူထုနဲ့ နိုင်ငံရေးအခြေအနေ လေ့လာနိုင်ဖို့ ရခိုင်ပြည် အမျိုးသားကောင်စီ (အေအန်စီ) အဖွဲ့ဝင် ၈ ဦး ရန်ကုန်မြို့ကို ရောက်ရှိနေပြီး ဒီကနေ့ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေပါတယ်။
နိုင်ငံရေးအသင်းအဖွဲ့တွေ၊ လူထုအဖွဲ့တွေနဲ့ တသီးပုဂ္ဂလိက တက်ကြွလှုပ်ရှားသူတွေနဲ့ ဒီနေ့ ရန်ကုန် ရွှေဂုံတိုင်မှာရှိတဲ့ အိတ်ဆဲတာဝါမှာ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ အေအန်စီရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး မင်းသန်းက ပြောပါတယ်။

ဒီ တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူမျိုးရေးနဲ့ ဘာသာရေးအသွင် ဆောင်နေတဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာတပြည်လုံးအတိုင်းအတာဆောင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာ တခြားအဖွဲ့အစည်းတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ခွင့် ရှိမလဲဆိုတာကို မေးမြန်း ဆွေးနွေးခဲ့တယ်လို့ ဗိုလ်မှူးကြီး မင်းသန်းက ပြောပါတယ်။

DVB

No comments:

Post a Comment