Sunday, February 9, 2014

စပိန်ဘုရင့်သမီးတော် ငွေကြေးခါချမှုနဲ့ တရားရုံးက ဆင့်ခေါ်

စပိန်ဘုရင့်သမီးတော် ခရစ်စတီးနားကို အခွန်ရှောင်မှု၊ ငွေခ၀ါချမှု စွဲချက်တွေကို ဖြေရှင်းဖို့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပါမာဒီ မာရော့ကာ တရားရုံးကို လာရောက်ဖို့ ချိန်းဆိုလိုက်ပါတယ်။
ဒီစွပ်စွဲချက်ကြောင့် ယခင်က ပြည်သူတွေရဲ့ အချစ်တော်ဖြစ်ခဲ့ပြီး အခုအချိန်မှာ ပြည်သူတွေရဲ့ အညိုညင်ခံနေရတဲ့ စပိန်တော်ဝင်မိသားစုအတွက် နောက်ထပ် မျက်နှာပျက်စရာဖြစ်ခဲ့ပါတယ်။
အသက် ၄၈ နှစ်ရှိ စပိန် မင်းသမီးဟာ တရားရုံးမှာ အစစ်အဆေးခံဖို့ အဆင်သင့်ဖြစ်တယ်လို့ သူမရဲ့ ရှေ့နေ ဂျေးစစ် မရီးယား ဆလ်ဗားက ဆိုပေမယ့် စပိန်ပြည်သူတွေအတွက်တော့ စိတ်ပျက်စရာ အရှက်ရစရာဖြစ်မယ်လို့ ဆိုကြပါတယ်။
အခုလိုဖြစ်တာ တော်ဝင်မိသားစုအတွက်တော့ ရှက်စရာပါပဲ။ အရင်ကတော့ ကျမလည်း ဘုရင်စနစ်ကို လက်ခံတဲ့လူတဦးပါပဲ။ အခု အဲ့လိုဖြစ်တော့ စိတ်ပျက်စရာပဲ လို့ ပါမာဒီ မာရော့ကာမြို့မှာ နေထိုင်သူတဦးက ဆိုပါတယ်။
စပိန်တော်ဝင်မိသားစုအပေါ်မှာ စပိန်လူထုရဲ့ ထောက်ခံမှုဟာ အနိမ့်ဆုံးအခြေအနေမှာ ရောက်နေတယ်လို့ ဆိုကြပါတယ်။

DVB

No comments:

Post a Comment