တပ်ရင်း
၎ မှာ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဗိုလ်ချုပ်အောင်ဆန်း
နေအိမ်တွင် အနီးကပ် အဖြစ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးကြောင်း။
ဒေါ်အောင်ဆန်းစုကြည် ကလေး ဘ၀ကို ထွေးပိုက်
စောင့်ရှောက်ပေးခဲ့ဖူးသူဖြစ်ကြောင်း။ အခွင့်အခါ ရခဲ့မည် ဆိုလျှင်
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံနှုတ်ဆက်လို ပါကြောင်း
အဘ သခင်ထွန်းလှ က ပြောရှာပါသည်။
အသက် ၉၄ ဆိုပေမယ့် အသံမာကြော တည်ကြည်နေဆဲဖြစ်သည့် လွတ်လပ်ရေးခေတ် တပ်မတော်သားဟောင်းကြီး၊ တိုင်းပြည် အတွက် အသက်စတေး ပေးဆပ်ပြီး လွတ်လပ်ရေး တိုက်ပွဲဝင်ပေးခဲ့သည့် မျိုးချစ် စစ်သားဟောင်းကြီး အဘသခင်ထွန်းလှ သည် ရွှေကျင်မြို့မှ တနာရီကျော် ကြာ မော်တော်ကား စီးသွားရသည့် ပဒဲကော ကျေးရွာလေးမှ တဆင့် မော်တော်ကားလမ်း မရှိသော ရွာအစွန်ဘက်ခြမ်းသို့ ထော်လာဂျီ ဖြင့် ထပ်သွားမှ ရောက်နိုင်သော ဇနပုဒ်ရွာစွန်လေးတွင် ချို့တဲ့ နွမ်းပါး ပင်ပန်းဆင်းရဲစွာဖြင့် ဇရာ၏ နာမကျန်းခြင်းကို ရင်ဆိုင် အံတုနေရရှာ သည်ကို ရွှေကျင်မြို့သား တဦးဖြစ်သော ကိုတင်ထွတ်ဝင်း မှ တဆင့် သိရှိရပါသည်။
( နေမျိုးဇင် )
C/O KYAW SWA MYINT

No comments:
Post a Comment