Showing posts with label ထူးထူးခြားခြား. Show all posts
Showing posts with label ထူးထူးခြားခြား. Show all posts

Saturday, March 1, 2014

အချစ်ကို စိတ်နာပြီး ကိုယ့် ငယ်ပါကိုဖြတ်ခဲ့တဲ့ လူငယ် ၂ ဦး

ရုရှားနိုင်ငံ မော်စကိုမြို့တွင်နေထိုင်သော အသက် ၃၇ နှစ်အရွယ်ရှိ လူငယ်တစ်ဦးမှာ ဆန့် ကျင်ဘက် လိင်များကို စိတ်ကုန် သဖြင့် ၄င်း၏ ငယ်ပါအား ကတ်ကျေးတစ်လက်ဖြင့် ဖြတ် တောက် ဖယ်ရှား မှု ပြုလုပ်လိုက်ကြောင်း Pravda သတင်းဖော်ပြချက်အရ သိရသည်။
မိမိအနေဖြင့် မည်သည့် အမျိုသမီးနှင့်မျှ ဆက်ဆံမှု မပြုလိုသဖြင့် ကတ်ကျေးကိုအသုံးပြုလိုက်ခြင်း ဖြစ်ကြောင်း၊ မိမိအော်ဟစ်သံကို ကြားရပြီးနောက် မိမိအားနီးရာဆေးရုံသို့ အချိန်မှီ တင်ပို့ခဲ့သည့် အိမ်နားနီးချင်းများကို ကျေးဇူး တင်ကြောင်း အဆိုပါအမည်မဖော်လိုသူ ကာယကံရှင်က ပြောကြားသည်။

Wednesday, February 26, 2014

၁၇နှစ်အရွယ် ကောင်မလေးရဲ့ အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားသူ၊ အခေါင်းထဲ အိပ်ပျော်သွားလို့ ဖမ်းမိခဲ့

အုတ်ဂူ ကိုဝင်တူးပြီး ၁၇နှစ်အရွယ်ကောင်မလေး အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားခဲ့သူဟာ အခေါင်းထဲမှာ အိပ်ပျော်သွားပြီး ဖမ်းမိခဲ့တယ်လို့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
Chin Chean အမည်ရှိ ၄၇နှစ်အရွယ် အမျိုးသားရဲ့ ခြေထောက်ကို အခေါင်းထဲမှာ ရွာသားတွေက စတွေ့ခဲ့ပါတယ်။

ဒေါ်လာ ကိုးသောင်းတန်၊ အလေးချိန် ဆယ်တန် ရှိတဲ့ သရက်သီး ရုပ်တုကြီး ထူးဆန်းစွာ ပျောက်ဆုံးသွား

သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းပြည်နယ်၊ ဘိုဝင်မြို့ က ဒေါ်လာ ကိုးသောင်းတန် ၊အလေးချိန် ဆယ်တန်ကျော်ရှိတဲ့ သရက်သီး ရုပ်တုကြီးဟာ တင်္နလာနေ့ မနက်ဝေလီဝေလင်းအချိန်က ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။

ဘိုဝင်မြို့ ဟာ သြစတြေးလျရဲ့ သရက်သီးမြို့ တော်အဖြစ် ထင်ရှားပြီး ဒီကြီးမားလှတဲ့ သရက်သီးအရုပ်ကြီးကို ကမ္ဘာ့လှည့်ခရီးသည်ဆွဲဆောင်မှုအဖြစ် ထားရှိခဲ့တာပါ။ ပေသုံးဆယ်ကျော်မြင့်မားတဲ့ ဒီသရက်သီးကြီး ပျောက်ဆုံးနေကြောင်း ဘိုဝင်ကမ္ဘာလှည့်ခရီးသည်ကြီးကြပ်ရေးဌာနက တင်္နလာနေ့ မနက်အစောပိုင်းအချိန်က သိရှိခဲ့ရပါတယ်။

Saturday, February 8, 2014

ကမ္ဘာ့စိတ်ပျက်ဖွယ်အကောင်းဆုံး နယ်စပ် (တောင်-မြောက် ကိုရီးယား)

ကမ္ဘာ့စိတ်ပျက်ဖွယ် အကောင်းဆုံး နယ်စပ် ကတော့ တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား နယ်စပ် ဖြစ်ပါတယ်။
ပုံမှာပြသထားတာကတော့ Joint Security Area မှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် နယ်စပ်ကိုခွလို့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးဖို့အတွက် တည်ဆောက်ထားတဲ့ အဆောက်အအုံမှာ ဖြစ်ပါတယ်။ အဆောက်အအုံ မှာတော့မှာ သူ့ဘက်ကိုယ့်ဘက် ထပ်ခွဲထားပါသေးတယ်။

Wednesday, February 5, 2014

သမုဒ္ဒရာအတွင်း တစ်နှစ်ကျော်ကြာ မျောပါခဲ့သူ လူ့ရပ်ရွာသို့ ပြန်ရောက်

ပစိဖိတ်သမုဒ္ဒရာ ရေပြင်အတွင်း တစ်နှစ်ကျော်ကြာ မျောပါခဲ့သည်ဆိုသော မက္ကဆီကိုနိုင်ငံသား ရေမျောဒုက္ခသည် အယ်လ်ဘာရင်ဂိုသည် မာရှယ်ကျွန်းစု မြို့တော် မာဂျူရိုသို့ ဖေဖော်ဝါရီ ၃ ရက်တွင် ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
မာရှယ်ကျွန်းစု အာဏာပိုင်များ၏ အဆိုအရ ၎င်းရေမျောဒုက္ခသည် အမျိုးသားမှာ မက္ကဆီကိုနှင့် ဂွာတီမာလာနယ်စပ် မြို့တစ်မြို့၌ နေထိုင်သူဖြစ်ပြီး အသက် (၁၅) နှစ်နှင့် (၁၈) နှစ်အကြား လူငယ်အဖော်တစ်ဦးနှင့် အတူ ငါးမန်းဖမ်းထွက်စဉ် လေတိုက်နှုန်း အလွန်ပြင်း ထန်မှုကြောင့် ပင်လယ်တွင်း မျောပါလမ်း ပျောက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

Friday, January 24, 2014

အသက် အငယ် ဆုံး ဘီလျှံနာ အမျိုး သမီး

အခုတော့ Facebook ကုမ္ပဏီ မှာ ဆောင်ရွက် မှု ဆိုင်ရာ အရာရှိ ချုပ် အဖြစ်တာ ၀န် ထမ်း
ဆောင်နေတဲ့ Sheryl Sandberg  ကို အသက် အငယ် ဆုံး ဘီလျှံနာ အမျိုး သမီး အဖြစ်
Bloomberg စီးပွားရေး မဂ္ဂဇင်းကြီး က ရွေးချယ် လိုက် ပါတယ်။
ကမ္ဘာ အချမ်း သာ ဆုံး အယောက် ၂၀၀ ထဲ မှာ အမျိုးသမီး ၁၇ ယောက် ပဲ ပါဝင် ပြီး
တစ်ကမ္ဘာ လုံးမှာ တော့ ဘီလျှံနာ အမျိုး သမီး ၁၃၈ ယောက် ရှိ ပါတယ်။

ကိုယ်ဝန် ရှိနေမှန်း မသိဘဲ ကလေးမွေးခဲ့တဲ့ ခရစ်ယာန်သီလရှင်

အီတလီလူမျိုးခရစ်ယာန် သီလ ရှင်တစ်ဦးသည် ကိုယ်ဝန် ရှိနေကြောင်း အမှန်တကယ်မသိခဲ့ဘဲ သားယောက်ျား လေးတစ်ဦး မွေးဖွားခဲ့ကြောင်း သိရ သည်။

အသက် ၃၁ နှစ် အရွယ်ရှိ အဆိုပါ သီလရှင်သည် ယခုသီတင်းပတ် အစောပိုင်း အတွင်းဆိုးဆိုးရွားရွား အစာအိမ် ဝေဒနာ ခံစားရသည်ဟု ဆိုကာ ဆေးရုံ တက်ခဲ့ခြင်းဖြစ် သည်။

Wednesday, January 22, 2014

၁၉၀၅ ခုနှစ်တုန်းက ဖြစ်ပါတယ်။ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ ဟစ်တလာမှာ ဂျာမနီမှာ အသက် ၁၇ နှစ်သာရှိသေးတဲ့ ဂျူးလူမျိုး အမျိုးသမီး ငယ်ေးလကိုချစ်ကျွမ်းဝင် ပါတယ်။
သူ ဘယ်လောက်ချစ်ကြောင်း ကြိုက်ကြောင်း မှတ်စုစာအုပ်ထဲ ရေးမှတ် တယ်။ စာတွေလည်း ရေးပြီး မိန်းကလေးကို သူပေးမှန်း မသိအောင် အမျိုးမျိုး ကြိုးစားပြီးတော့ ပေးတယ်။ ထိပ်တိုက် ရင်ဆိုင်ပြီး ချစ်ခွင့်ပန်ဖို့ ကျတော့ ဟစ်တလာ ကိုယ်တိုင်လည်း သတ္တိ မရှိခဲ့ ပါဘူး။ မိန်းကလေး ငယ်ကိုပဲ အဝေးကနေ အမြဲ စောင့်ကြည့် စိတ်ကူးယဉ် သတဲ့။ အမျိုးသမီး ငယ်လေးရဲ့  အမည်က Stefanie Isak ဖြစ်ပါတယ်။

Saturday, January 18, 2014

“စင်္ကာပူနိုင်ငံသားဖြစ်ရတာ ဂုဏ်မယူပါဘူး”

စင်္ကာပူအနုပညာလောကရဲ့ကြယ်ပွင့်ငယ်လေးဖြစ်တဲ့  Stephanie Koh က  “စင်္ကာပူနိုင်ငံသားဖြစ်ရတာ ဂုဏ်မယူပါဘူး” လို့ ပြောလိုက်တာကြောင့် သူတို့ဆီမှာ ပွဲဆူနေပါပြီ။

ဇနီး ကင်ဆာပျောက်ဖို့ ဘဲလေးစကတ်ဖြင့် ကမ္ဘာပတ်ခဲ့သူ

ဇနီးဖြစ်သူက ရင်သား ကင်ဆာ ရောဂါ သည် ဖြစ်ပြီး အသက်ရှင်ဖို့ အခွင့်အလမ်း နည်းသူ ဖြစ်ပါတယ်။
ပျော်ပျော်ရွှင်ရွှင်၊ ပြုံးပြုံး ရယ်ရယ် နေခြင်းကသာ ရောဂါကို ကုသပေးတဲ့ အကောင်းဆုံး နည်းလမ်း ဆိုတာကို တွေ့ရှိလိုက်ရတဲ့ Bob Carey ဟာ ဇနီးသည် Linda အသက်ဆက်လို့ ရအောင် ဘဲလေး စကတ်တစ်ခုနဲ့ ကမ္ဘာ ပတ် ဓာတ်ပုံရိုက် ပါတော့တယ်။ တောင်ဝင်ရိုးစွန်း အအေးပိုင်းဒေသ အပြင်၊ ဥရောပ၊ အမေရိက တိုက်တို့က အလှပံဆုံး ရှုခင်းရှိနေတဲ့ နေရာတွေမှာ ဘဲလေး စကတ် အပန်းရောင် (Tu Tu) ကို ဝတ်ဆင်လို့ ဓာတ်ပုံ အရိုက်ခံ ပါတော့တယ်။
သူ့ပရောဂျက် အောင်မြင်ပါတယ်။

Tuesday, January 14, 2014

Liked မလုပ်ပဲ လုပ်တယ်လို့ဖော်ပြတဲ့ Facebook ကို တရားစွဲ

အမေရိကန်ပြည်ထောင်စု၊ ကောလိုရာဒိုမှာ နေထိုင်သူ Facebook user တစ်ဦး ဖြစ်ပါတယ်။ DitTirro လို့အမည်ရတဲ့ လူငယ် ဖြစ်ပြီး USA Today Page ကို သူ Like မလုပ်ပဲ လုပ်တယ်လို့ ဖော်ပြ ထားမှုကြောင့် Facebook ကို တရားစွဲလိုက်ကြောင်း သိရ ပါတယ်။
သူ Like မလုပ်ထားပေမယ့် သူ့ သူငယ်ချင်းရဲ့  Facebook News Feed မှာ DiTirro Like USA Today ဆိုပြီး ပုံနဲ့ တကွ ဖော်ပြထားခြင်း ဖြစ်ပါတယ်။ Sponsor Post အနေနဲ့ Facebook က ဖော်ပြထားတဲ့ Section တစ်ခု ဖြစ်ပြီး သင့်သူငယ်ချင်းက Like လုပ်ထားကြောင်း Facebook က ဖော်ပြပါတယ်။ ဒါကို မြင်တော့ သူ့သူငယ်ချင်း User ကလည်း Like လုပ်ခြင်းဖြင့် ယင်း Page ကို Like တိုးစေပါတယ်။

Tuesday, December 31, 2013

ဒိန်းမတ်နိုင်ငံတွင် ကျောင်းတက်ပါက ပိုက်ဆံရ

ဥရောပတိုက် မြောက်ပိုင်း၊ ဒိန်းမတ်နိုင်ငံမှာ ကျောင်းတက်ရင် တကယ် ပိုက်ဆံ ရပါတယ်။ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသားအားလုံးကို ပိုက်ဆံ ပေးပါတယ်။ မူလတန်းကနေ တက္ကသိုလ်ပြီးတဲ့အထိ၊ ပါရဂူဘွဲ့ ယူတဲ့အထိ ဘာကျောင်းလခမှ ပေးစရာ မလိုပါဘူး။ မလိုတဲ့ အပြင် ထောက်ပံ့ကြေးငွေတောင် ပေးပါသေးတယ်။

Saturday, December 28, 2013

က​လေး​လို​ချင်​လွန်း​သ​ဖြင့် အမျိုးသားအယောက် ၂၀ နဲ့အိပ်တဲ့ ဗြိတိန် အမျိုးသမီး

ဗြိတိန်နိုင်ငံမှ အမျိုးသမီး​ တစ်ဦးက သူမသည် ကလေး​ လိုချင်​ လွန်းသဖြင့် အမျိုးသား ၂၀ နှင့်အတူ အိပ်ခဲ့​ ဖူးကြောင်း ထုတ်ဖော်​ ဝန်ခံ​ လိုက်သည်။

Monday, December 23, 2013

မယားထမ်း ပြေးပွဲ

မယားထမ်း အပြေးပြိုင်ပွဲ (Wife Carrying Championship) ကို စတင်ပြု လုပ်တဲ့ နိုင်ငံကတော့ ဥရောပတိုက်မှ ဖင်လန်နိုင်ငံတွင် ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က စတင်ပြုလုပ်ပြီး ယနေ့ချိန်မှာတော့ ကမ္ဘာ့နေရာဒေသ အနှံ့အပြား မှာ ရေပန်းစားတဲ့ အားကစားတစ်မျိုး ဖြစ်လာပါတယ်။

Wednesday, December 18, 2013

တရုတ်တွင် ပြတ်သွားသောလက်ကို မူလနေရာ၌ မဆက်နိုင်သေးမီ ခြေထောက်၌ တပ်ဆင်

          ဒီဇင်ဘာ ၄ ရက်က ချန်ရှာဆေးရုံ၌ ရိုက်ကူးခဲ့သောပုံတွင် ရှောင်ဝေ၏                       လက်ပြတ်ကို ခြေထောက်၌ တပ်ဆင်ထားသည်ကို တွေ့မြင်ရစဉ်

တရုတ်နိုင်ငံမှ ဆရာဝန်များသည် လူတစ်ယောက်၏ ပြတ်သွားသောလက်ကို တစ်လကြာ ရှင်သန်နေအောင် ထိန်းထားရန်အတွက် ခြေထောက်တွင် တပ်ဆင်ထားခဲ့ကြောင်း ဒီဇင်ဘာ ၁၇ ရက်တွင် သတင်းတစ်ပုဒ်က ဖော်ပြသည်။

Thursday, December 12, 2013

ကမ္ဘာ့စွဲဆောင်မှု အရှိဆုံး ကွန်ပြူတာ ပရိုဂမ်မာ

World Sexiest Programmer လို့ အသိအမှတ်ပြုထားကြတဲ့ ပရိုဂမ်မာ ဖြစ်ပါတယ်။ သူ့ရဲ့  ပရော်ဖက်ရှင်နယ်ကို တိတိကျကျ ပြောရရင် ဗီဒီယိုဂိမ်း ဒီဇိုင်နာ၊ ပရိုဂမ်မာ ဖြစ်ပါတယ်။

Wednesday, December 11, 2013

ကမ္ဘာ့အကြီးဆုံး ကီးဘုတ်

ကမ္ဘာ့အကြီးဆုံး ကီးဘုတ်ကို တရုတ်နိုင်ငံက ပြုလုပ်ခဲ့ ပါတယ်။ ပလပ်စတစ်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ ဝါးများဖြင့် လုပ်ထား ဖြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

Tuesday, December 10, 2013

အ၀ယ်ကြမ်း တဲ့ ဂဲဖရန့်  ကြောင့် ရှော့ပင်းမော ကနေ ခုန်ချ ပြီး သေကြောင်းကြံ

ခရစ္စမတ် အတွက် ဆို ပြီး ၀ယ် လိုက် တာ တစ်ဆိုင် နဲ့  လည်း မပြီး နှစ် ဆိုင် နဲ့  လည်း မပြီး
ဖိနပ် တွေ ဆို လည်း နောက်ဘ၀ အထိ  ပါ ၀တ် လို့  ရ အောင် မဆုံး နိုင် ၀ယ် နေ တာ ကြောင့်
သူ ရဲ့  ချွေတာ ချွေးနဲ စာ ငွေ ကြေး ရဲ့  တတ် နိုင်သမျှ ထက် ကျော် လွန် နေ ပြီ လို့  သိလိုက်ရ
တဲ့ တရုတ် အမျိုး သား က ရှော့ ပင်း မော ရဲ့  ခုနှစ် ထပ် က နေ ခုန် ချ ပြီး သတ်သေသွား ပါတယ်။

အမျိုးသား ၂၃ ဦးနှင့် အိမ်ထောင်ကျဖူးသူ

Linda Wolfe လို့အမည်ရတဲ့ အမျိုးသမီးပါ။ အသက် ၁၆ နှစ်က ပထမဆုံး အိမ်ထောင်ကျပါတယ်။ အိမ်ဘေးက ရွယ်တူ ကောင်လေးပါ။ ကောင်လေးက ချစ်ခွင့်ပန်မှုကိုလက်ခံပြီး မိဘ သဘောမတူလည်း ကိုယ့်သဘောနဲ့ လက်ထက်ခဲ့ကြပါတယ်။ အချစ်စစ်ကို သူမ ရှာမတွေ့ပါဘူး။ ဒီလိုနဲ့ ကွာရှင်းပြတ် ဆဲပြီး

ကမ္ဘာ့အသေးဆုံး နိုင်ငံ

Vatican မြို့ဟာ ကမ္ဘာပေါ်မှာ အသေးဆုံး နိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။ Vatican တွင် လူသီးရေ စုစုပေါင်း ၈၀၀ ကျော်မျှသာ နေထိုင်တယ်လို့ ဆိုပါတယ်။ Lateran Treaty ဆိုသူက