အမေရိကန်ပြည်ထောင်စု၊ ကောလိုရာဒိုမှာ နေထိုင်သူ Facebook user တစ်ဦး
ဖြစ်ပါတယ်။ DitTirro လို့အမည်ရတဲ့ လူငယ် ဖြစ်ပြီး USA Today Page ကို သူ
Like မလုပ်ပဲ လုပ်တယ်လို့ ဖော်ပြ ထားမှုကြောင့် Facebook ကို
တရားစွဲလိုက်ကြောင်း သိရ ပါတယ်။
သူ Like မလုပ်ထားပေမယ့် သူ့ သူငယ်ချင်းရဲ့  Facebook News Feed မှာ
DiTirro Like USA Today ဆိုပြီး ပုံနဲ့ တကွ ဖော်ပြထားခြင်း ဖြစ်ပါတယ်။
Sponsor Post အနေနဲ့ Facebook က ဖော်ပြထားတဲ့ Section တစ်ခု ဖြစ်ပြီး
သင့်သူငယ်ချင်းက Like လုပ်ထားကြောင်း Facebook က ဖော်ပြပါတယ်။ ဒါကို
မြင်တော့ သူ့သူငယ်ချင်း User ကလည်း Like လုပ်ခြင်းဖြင့် ယင်း Page ကို Like
တိုးစေပါတယ်။
Facebook Ads ဖြစ်ပါတယ်။ USA Today ရဲ့  food section ကို
Like လုပ်ထားတော့ သူငယ်ချင်းဖြစ်သူက DiTirro ကို screenshot
ရိုက်ဖုန်းဆက်မေးခဲ့ပြီး Like လည်းမလုပ်ထားကြောင်း၊ ဝဘ်ဆိုဒ်လည်း
ဝင်မလည်ကြောင်း၊ သတင်းစာလည်း မဖတ်ကြောင်း အစရှိသဖြင့် ပြောလိုက်တော့
Facebook ကို တရားစွဲတဲ့အထိ ဖြစ်လာ ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် San Jose မြို့ မှာ တရားစွဲခြင်း ဖြစ်ပါတယ်။
ယင်းပြည်နယ်မှာ အင်တနက် Copyright, Privacy နဲ့ ပက်သက်လို့ တရားဥပဒေ
သတ်မှတ်ချက် ရှိနေလို့ ဖြစ်ပါတယ်။ ဥပမာ မူပိုင် ပိုင်ရှင်က တိုက်ရိုက်
ခွင့်မပြုပဲ ယူသုံးရင် အမေရိကန်ဒေါ်လာ ၇၅၀ အနည်းဆုံး ဒဏ်ကြေးပေးဆောင်
ရပါတယ်။ ယခုလည်း DiTirro က သူ့အမည်နဲ့ သူ့ Public Privacy ကို
အသုံးပြုမှုကြောင့် Facebook ကို အမေရိကန်ဒေါ်လာ ၇၅၀ တောင်းဆို ထားပါတယ်။
ဒါ့အပြင် သူ့လိုပဲ အလားတူ ခံစားရတဲ့ ဘယ်သူကို မဆို တရားစွဲတဲ့ အမှုမှာ
ပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါသေးတယ်။
ဒါကြောင့်မို့ Facebook ဟာ ၎င်းတို့ စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုသူ
တစ်ဦးတစ်ယောက်ချင်းစီရဲ့  မူပိုင် နဲ့ လွတ်လပ်ခွင့်ကို
ချိုးဖောက်ခြင်းကြောင်း အမေရိကန် နိုင်ငံသား အချို့ က ဝေဖန်ခဲ့ကြ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )

No comments:
Post a Comment