“အိမ်နီးချင်းကို ရွေးချယ်မရ” ဆိုသည်မှာ စင်ကာပူနိုင်ငံ လက်ကိုင်ထားသော
သဘောတရားတစ်ခု ဖြစ်ပြီး ထိုသဘောတရားကို အခြေခံကာ နိုင်ငံကြီးပွား
တိုးတက်အောင်၊ တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်နိုင် ခဲ့သည်ဖြစ်ရာ
အင်အားကြီး အိမ်နီးချင်းများနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံ အတွက်
သင်ခန်းစာယူရမည် ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံ တို့ကို ရွေးချယ်မရ၊
နဂိုကတည်းက ရှိနေပြီးဖြစ်သည့် အတွက် ထိုအိမ်နီးချင်းတို့ကို သတိထားပြီး
မိမိအခြေအနေနှင့် လိုက်လျောညီထွေစွာ နေထိုင် ဆက်ဆံရမည် ဟူသော
သဘောပင်ဖြစ်သည်။
သတင်းများ
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Monday, March 3, 2014
Saturday, March 1, 2014
ရိုဟင်ဂျာတွေ ဘာလို့ နိုင်ငံသားမဖြစ်နိုင်တာလဲ
ရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသား တစ်မျိုးမဟုတ်သလို အရင်ကလည်း မြန်မာတိုင်းရင်သား
တစ်မျိုး မဟုတ်တာကို ဥပဒေအရ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
ဒါပေမဲ့ ဟိုးနှစ်ပေါင်းများစွာကတည်းက ၎င်းတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အထူးသဖြင့်
မောင်တောနဲ့ ဘူးသီးတောင်မှာ တရားမ၀င် အခြေချလာခဲ့ကြပါတယ်။
အဲဒီလို ရခိုင်ပြည်နယ်အတွင်းကို သူတို့တွေ ခိုးဝင် နေထိုင်နေတာကို တားဆီးဖို့အတွက် မြန်မာ
အစိုးရက အမိန့်ချလိုက်တဲ့အခါမှာ မွတ်စလင်တော်တော်များများဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို
ထွက်ပြေးသွားခဲ့ကြပါတယ်။

မြန်မာပြည်ရောက် ကျွန်မအိုင်ဖုန်း
ပြီးခဲ့သည့်လက မြန်မာနိုင်ငံ ရန်ကုန်အနှံ့ ခြေဆန့်စဉ် ဧည့်လမ်းညွှန်ကို
ကျွန်မအား ဓာတ်ပုံတစ်ပုံ ရိုက်ပေးရန် ပြောမိသည်။ ကျွန်မက သူ့ကို အိုင်ဖုန်း
(iPhone) ကမ်းပေးလိုက်ပြီး “ဘယ်လို ရိုက်ရတယ်ဆိုတာ သိရဲ့လား” ဟုလည်း
မေးလိုက်သည်။ သူက ဘဝင်မကျသလိုဖြင့် “သိပါတယ်” ဟု တုံ့ပြန် ပြောလိုက်သည်။
ကျွန်မ ဆိုလိုသည်က ယခင် အိုင်ဖုန်းကို မသုံးဖူးသောကြောင့် ဓာတ်ပုံ ရိုက်တတ်ပါ့မလား ထင်ပြီး မေးလိုက်ခြင်း ဖြစ်သည်။ ကျွန်မသည် ထိုကဲ့သို့သော အမေးမျိုးကို မိခင် ဖြစ်သူကိုလည်း မေးခဲ့ဖူးသည်။ သူတကယ်လို့ ခလုတ် မနှိပ်တတ်ဘူး ဆိုလျှင် ကျွန်မက လက်တွေ့ သင်ပြ ပေးလိုသောကြောင့် ဖြစ်ပါသည်။

စားပွဲထိုး ဗိုလ်ချုပ် (သို့မဟုတ်) ဦးလွန်းမောင်
ရန်ကုန်မှ မြိတ်၊ ထားဝယ်အထိသွားမည့် ခရီးသည်တင်
ဘတ်စ်ကားခရီးသည်များနှင့် ဒရိုင်ဘာကို လှမ်းအော်နှုတ်ဆက်ပြီး ဆိုင်ထဲကို
ပြန်ဝင်လာသော ဒေါ်မြမြစိန် သည် သူ၏ခွေးကလေးများကိုလည်း နှုတ်ဆက်သည်။
ထို့နောက် မိမိတို့၏ စားပွဲဝိုင်းဆီ လာပြီး စကားပြောရင်း “ ဒီခွေးကလေးတွေက
တကောင်နဲ့တကောင် ညှာတာပြီး နောက်အကောင် စားဖို့အတွက် ချန်ပြီးစားတယ်။
လူတွေလို အကုန်မစားတတ်ဘူး။ သစ္စာလည်း အရမ်းရှိတယ်” ဟုဆိုကာ
ခွေးကလေးများနှင့် ဆော့ကစားနေသည်။
လူရှင်းသွား၍ငွေသိမ်းကောင်တာမှ ဦးလွန်းမောင် (ယခင်က စာရင်းစစ်ချုပ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ် လွန်းမောင်) က စားပွဲဝိုင်းနားကိုကပ်လာပြီး အန်တီ ဒေါ်မြမြစိန်နဲ့အတူ ခွေးကလေးများကို ဆော့ကစား နေသည်။
လူရှင်းသွား၍ငွေသိမ်းကောင်တာမှ ဦးလွန်းမောင် (ယခင်က စာရင်းစစ်ချုပ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ် လွန်းမောင်) က စားပွဲဝိုင်းနားကိုကပ်လာပြီး အန်တီ ဒေါ်မြမြစိန်နဲ့အတူ ခွေးကလေးများကို ဆော့ကစား နေသည်။
Monday, February 24, 2014
အိနိ္ဒယမှာ မိုဘိုင်းဖုန်းကို ဘာအတွက်သုံးကြသလဲ
အိန်္ဒိယနိုင်ငံ၌ မိုဘိုင်းဖုန်းကို
အသုံးပြုကြပုံမှာ တော်တော်လေး ထူးခြားနေသည်။ ဖုန်းပြောရန်နှင့် မက်ဆေ့ခ်ျ
ပို့ရန် သက်သက် အတွက်သာ မိုဘိုင်းဖုန်းကို အသုံးပြုကြသည် မဟုတ်ဘဲ
အခြားကိစ္စရပ်များ အတွက်လည်း တွင်တွင်ကျယ်ကျယ် အသုံးချနေကြသည်။ ဆိုရလျှင်
အိန်္ဒိယနိုင်ငံသား တို့အတွက် မိုဘိုင်းဖုန်းဆိုသည်မှာ ဖုန်းပြောရန်ထက်
အခြားကိစ္စရပ်များအတွက် အဓိက အသုံးချစရာ ပစ္စည်းဖြစ်နေသည်။ လူဦးရေသန်းပေါင်း
ရာနှင့် ချီ၍ရှိသော အိန်္ဒိယနိုင်ငံ၏ လူနေအိမ်များ၌ အခြားသော အီလက်ထရွန်
နစ်ပစ္စည်းတစ်ခုမျှ မရှိလျှင်ပင် မိုဘိုင်း ဖုန်းတစ်လုံးတော့ ရှိကြသည်။
ယင်းမိုဘိုင်းဖုန်း ကပင်လျှင် မိသားစုတို့ အတွက် ဘက်စုံသုံး အီလက် ထရွန်နစ်
ပစ္စည်းဖြစ်သည်။ မိုဘိုင်းဖုန်းလိုင်း သုံးစွဲသူပေါင်း သန်း ၉၀၀ ရှိ သည့်
အဆိုပါနိုင်ငံသည် ကမ္ဘာပေါ်၌ တိုးတက်မှု အလျင်မြန်ဆုံး မိုဘိုင်းဖုန်း
ဈေးကွက်ကြီးဖြစ်နေပြီး မိုဘိုင်းဖုန်းကို အသုံးချပုံချနည်း ကလည်း အင်မတန်
ထူးခြားလှသည်။ မိုဘိုင်းဖုန်းကို သမားရိုးကျ မဟုတ်သောပုံစံဖြင့်
အသုံးပြုပုံ နည်းလမ်းငါးမျိုးမှာ အိန်္ဒိယမိုဘိုင်း ဖုန်းသုံးစွဲသူများ
အကြား ရေပန်း စားသည်။ …
ရှင်နည်းရာ အဂ္ဂလူထွက်
လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီးမှသာ သမ္မတ၊ ဒုသမ္မတမှစပြီး ပြည်ထောင်စု
ဝန်ကြီးများ ဖြစ်ခွင့်ရှိသည်ဟူသော မူတစ်ရပ်ကို ဖော်ဆောင်မည်ဟု ကြားလိုက်၊
ဖတ်လိုက်ရသည်။ ရွေးကောက် တင်မြှောက် ခံရပြီးမှသာ အုပ်ချုပ်ရေးပိုင်းတွင်
ရာထူးကြီးများ ရမည်ဆိုသည့်သဘော။ ထိုမူသာ အတည်ဖြစ်သွားလျှင် ရှင်နည်းရာ
အဂ္ဂလူထွက်ကိန်း ဆိုက်လိမ့်မည်။
ထိုမူ၏
အကြောင်းပြချက် တစ်ရပ်မှာ ဒီမိုကရေစီ ပိုဆန်လာစေရေး ဖြစ်နိုင်သည်။
လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီးမှသာ အစိုးရအဖွဲ့ဝင် ဖြစ်ရမည် ဆိုခြင်းနှင့်
ဒီမိုကရေစီ ဆန်ခြင်းသည် ရုတ်တရက်ကြည့်လျှင် ဆိုင်သလိုလိုနှင့် မဆိုင်ပါ။
ရွေးကောက် တင်မြှောက်ခံရသော လွှတ်တော် ကိုယ်စားလှယ်က ဝန်ကြီးဖြစ်မှသာ
ဒီမိုကရေစီ ဆန်ရမည်ဆိုလျှင် အမေရိကန် ပြည်ထောင်စုသည် ဒီမိုကရေစီ
မဆန်သောနိုင်ငံ ဖြစ်သွားပေလိမ့်မည်။
ထိုမူ၏
အကြောင်းပြချက် တစ်ရပ်မှာ ဒီမိုကရေစီ ပိုဆန်လာစေရေး ဖြစ်နိုင်သည်။
လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီးမှသာ အစိုးရအဖွဲ့ဝင် ဖြစ်ရမည် ဆိုခြင်းနှင့်
ဒီမိုကရေစီ ဆန်ခြင်းသည် ရုတ်တရက်ကြည့်လျှင် ဆိုင်သလိုလိုနှင့် မဆိုင်ပါ။
ရွေးကောက် တင်မြှောက်ခံရသော လွှတ်တော် ကိုယ်စားလှယ်က ဝန်ကြီးဖြစ်မှသာ
ဒီမိုကရေစီ ဆန်ရမည်ဆိုလျှင် အမေရိကန် ပြည်ထောင်စုသည် ဒီမိုကရေစီ
မဆန်သောနိုင်ငံ ဖြစ်သွားပေလိမ့်မည်။Sunday, February 23, 2014
နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ရောင်းချမှု မြင့်မားလျက်ရှိ
မြန်မာနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်၍ တရားမ၀င်ကုန်သွယ်မှုများ
တိုးပွားလာနေကြောင်း စောင့်ကြည့်လေ့လာသူတဦး၏ အဆိုအရ သိရသည်။
တရုတ်နိုင်ငံဘက်မှ စိတ်ကြွဆေးဝါးများ ၀ယ်လိုအားက တရားမ၀င်ကုန်သွယ်မှုကို
မီးထိုးပေးနေသည့်အတွက် စိုးရိမ်မှုများလည်း မြင့်တက်လာရသည်ဟု ဆိုသည်။
Saturday, February 22, 2014
မြန်မာနိုင်ငံ၏ သမ္မတများ
၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ အဖြစ်
လူသိများလေသည်။သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ
ထမ်းဆောင်ခဲ့သည်။စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက်
သောကြာနေ့ ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ စ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ
ဖွားမြင်သည်။ ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ
ရှမ်းတိုင်းရင်းသားဖြစ်လေသည်။၁၉၃၇ခု၊ဇွန်လတွင် မြောက်ပိုင်း သိန္နီစော်ဘွား
၏နှမတော် စ၀်ဟုန်ခမ်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး၁၁ယောက် ထွန်းကားခဲ့သည်။
စ၀်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆နှစ်တွင် ကွယ်လွန်ခဲ့သည်။
သားကောင်များ
စူးရှပြင်းထန်သည့် နေရောင်အောက်တွင် ရိတ်သိမ်းပြီးသော
လယ်ကွင်းပြင်များသည် ခြောက်သွေ့ကာ မာကြောနေကြသည်။ ထိုလယ်ကွင်းပြင်များတွင်
ဟိုတစ်စု သည်တစ်စု စားကျက်လှန်ထားသည့် နွား များ၊ ဆိတ်များ။ ဖရဲခင်း
အချို့မှလွဲ၍ မြင် မြင်သမျှ အားလုံးသည် အဝါရောင်များသာ ဖြစ်၏။ နွားလှည်း
တစ်စီးတလေနှင့်အတူ ဖုန်လုံးကြီးများကလည်း ထုလိုက် ထည်လိုက်
အားနှင့်မာန်နှင့် လှည်းနောက်မှ အပြေး ကလေး လိုက်လာကြသည်။ ထိုမှလွဲ၍ ရွာ
ကလေးသည် တိတ်ဆိတ်နေလေသည်။ ချူသံတချွင် ချွင်ပေးကာ ဖုန်ထူထူ
လမ်းကြမ်းကြမ်းတွင် မှန်မှန်လေး မောင်းနှင်လာသည့် မြင်းလှည်းလေးတစ်စီး ထို
ရွာသို့ ချိုးကွေ့ဝင်သွားသည့်အခါတွင်ကား တိတ်ဆိတ်နေသော ရွာကလေးသည် အသက်
ဝင်လာတော့ သည်။
“ဟယ်လို .... ဟယ်လိုး”တိုင်းရင်းသားများ စည်းလုံးမှု ပိုလိုအပ်နေသည်
နှစ်ပေါင်း ၆၀ ကျော် သက်ဆိုးရှည်လာတဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့နဲ့
ထာဝရ ငြိမ်းချမ်းရေး လမ်းစပေါ်နိုင်ရေးအတွက် သမ္မတဦးသိန်းစိန် အစိုးရကသက်တမ်း
၅ နှစ်အတွင်းမှာ သမိုင်းမှတ်တိုင်တခုအဖြစ် စိုက်ထူနိုင်ဖို့
ကြိုးပမ်းလုပ်ဆောင်နေတာ တွေ့ရပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ
တိုးတက်မှုတွေရှိလာသလို အဲဒီတိုးတက် မှုတွေကနေ သွေဖည်စေမယ့် အကြောင်းအရာတွေ၊
လိုရင်းမရောက်နိုင်မယ့် အကြောင်း အခြင်းအရာတွေလည်း ရှိနေပါတယ်။
Thursday, February 20, 2014
မီဒီယာ
ကုပ်ချောင်းကုပ်ချောင်း၊ ယိုင်နဲ့နဲ့ ပုံစံကြီးဖြင့် Back Stage ကို ၀င်လာပြီး ကျွန်တော့် ရှေ့တည့်
တည့် လာရပ်ပြီး ပြောလိုက်တဲ့စကား မှာ "ဟေ့ကောင်၊ ညီလေး ရသ ငါ့ကို အင်တာဗျူး လေး
နည်းနည်း ဖြေပေးပါဦးကွာ"တဲ့။
ကြည့်ပါဦး ဘယ်လောက်လွဲသလဲဆိုတာ။ ကျွန်တော့်ကို မသိရင် ကျွန်တော် စိတ်မဆိုးပါဘူး။
ဝမ်းတောင် သာရဦးမယ်။ "ဪ... ဒီနိုင်ငံမှာ ငါ့ကို မသိတဲ့လူ ရှိသေးတာပဲ" ဆိုပြီး။ ဒါပေမဲ့
အခု ဟာက ကျွန်တော့်ကိုလည်းမသိ၊ ရသဆိုတာ ဘယ်သူမှန်းလဲ မသိဘဲနဲ့ ကြားဖူးနာဝ
မျက်မှန်း တန်းမိရုံလောက်နဲ့ ကမူးရှူးထိုး ချော်လဲ ရောထိုင် အင်တာဗျူး လာမေးတဲ့အကွက်။

Wednesday, February 19, 2014
မြန်မာတို့ရဲ့နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်တွေ ခမ်းခြောက်နေပြီလော
၂၀၁၃ခု၊ သြဂုတ်လ(၁)ရက်နေ့က ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမှာ ““ဒီမို ကရေစီနှင့် ပါလီမန်””ခေါင်းစဉ်ဖြင့်ဟော ပြောပွဲမှာ အင်္ဂလန်နိုင်ငံအောက်လွှတ် တော်ဥက္ကဋ္ဌဖြစ်သူ ဂျွန်ဘာကိုက မြန်မာ နိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အလျင်အမြန်ပြင်ဆင်ရန် လိုအပ်ကြောင်း ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတလောင်းအဖြစ်ဖြစ်ခွင့်မပေး ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပြောင်း အလဲမှန်သမျှကို ကျွန်တော်တို့နိုင်ငံမှာ ရော နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ ရယ်စရာမကောင်းတဲ့ပြက်လုံးတစ်ခုအဖြစ် ယူဆနေမှာပါ။
အချစ်ကို အလွဲသုံးစား မလုပ်ကြေး
ပုထုဇဉ် ဆိုတဲ့ လိုင်စင်ရကတည်းက လူသားဟာ စိတ်အလိုလိုက်မှုဆိုတဲ့
ရေစီးကြောင်းထဲ စုန်မျောခဲ့ကြတာပေါ့။ အာရုံခံစားမှုဆိုတဲ့ အနံ့၊ အရသာ၊
အထိအတွေ့တွေမှာ သာယာခြင်းက သဘာဝတရား အဖြစ် ဖွဲ့တည်လာကြတယ်။ ဆန့်ကျင်ဘက်
လိင်အပေါ် တွယ်ငြိစွဲလန်းမှုကလည်း ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ သာယာမှု
တခုပါပဲ။ ထိကိုင်ပြသ မမြင်ရတဲ့ ချစ်ခြင်းမေတ္တာ ဆိုတာကလည်း စွဲလန်းသာယာစရာ
ဖြစ်လာသလို၊ သဘာဝအလျောက် ဖြစ်လာတဲ့ သွေးသား နှီးနှောမှုကလည်း ကျွဲကူးရေပါ
အတူယှဉ်တွဲ လာပါတော့တယ်။ “ချစ်ခြင်းအစ မျက်စိက” ဆိုတာကနေ “လက်ကလေးပြီးတော့
ပါးကလေးပေါ့” ရောက်လာပြီးတဲ့အခါ၊ “ဖြေးဖြေးလေး နဖူးလေး၊ ပါးလေး နမ်းပါ”
တွေကျော်လွန်လာတဲ့အခါ အထိအတွေ့ 
နွံ နစ်ကျွံသွားကြပါတော့တယ်။ “ချစ်သူများနေ့” ရဲ့ ချောကလက်တွေ နေရာမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေထဲက ရင်ခုန်သံတွေ နေရာယူလာ ကြပါတော့တယ်။
လူတဦးချင်းစီရဲ့ အတွေ့အကြုံ၊ အတွေးအမြင်အရ ဆန္ဒကို ထိန်းချုပ်နိုင်မှု၊ ဆင်ခြင်တုံတရားရဲ့ အားသာမှု၊ ရည်ရွယ်ချက် ကြီးမားမှုတွေက အထိအတွေ့ နွံမှာ မကျွံအောင် စောင့်စည်းနိုင်ကြတာတွေ ရှိသလိုမလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ကျဉ်ဖို့ ပြင်ဆင်ကာကွယ်မှုတွေနဲ့ သာယာကြတာလည်း ရှိကြတာပေါ့။

Saturday, February 15, 2014
ဒေါ်အောင်ဆန်းစုကြည် ဘာမှားသလဲ ဘာပြင်သင့်သလဲ
၂၀၁၅ ရွေးကောက် ပွဲအကြောင်း စာနယ်ဇင်း အတော် များများက ရေးသား ပြောဆို
ကြတယ်။ တရား မျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲသာ ဖြစ်မယ်ဆို ဒေါ်အောင်ဆန်း
စုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နေရာ အများ
အပြားမှာ နိုင်မယ် ဆိုတာ အများစုက ယူဆကြတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည်
သမ္မတ ဖြစ်ခွင့် ပိတ်ပင် ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးက
ခက်ခဲတာမို့ ဘယ်သူ့ကို တိုင်းပြည် ဦးဆောင်ဖို့ ပါတီက လျာထားသလဲ မသိရသေးဘူး။
နောက် အစိုးရ အဖွဲ့ကို သင့်လျော်တဲ့ ဘယ်သူတွေနဲ့ ဝန်ကြီးနေရာ ခန့်အပ်ပြီး
ဖွဲ့စည်းမယ် ဆိုတဲ့ အဆင်သင့် ပြင်ထားမှုလည်း မရှိဘူး။
လူငယ်တွေနဲ့ ပွဲထွက်ခဲ့တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တုန်းကလို ပွဲမဝင်ခင် ပြင်ဆင်ထားမှု မလုပ်ဘဲ နီးမှ လူစုတာ ၂၀၁၅ အလွန် အုပ်ချုပ်ရေး အတွက် မကောင်းပါ။ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်း လဲရေးကို အရှိန်လျော့ သွားစေနိုင်တယ်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ ကလည်း ၂၀၁၅ ရွေး ကောက်ပွဲ အပြီး ပိုဝင်လာ နိုင်တာမို့ စီမံခန့်ခွဲ တတ်မှုက အရေးပါတယ်။ အခုကိုပဲ မြန်မာ့နိုင်ငံရေး လေ့လာသူ အတော် များများက ရှေ့ဖြစ်ဟော ကုန်ကြပါပြီ။ ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲဟာ နိုင်ငံရေးအရ ဒီမိုကရေစီပို ရှိလာဖို့နဲ့ စီးပွားရေးအရ ပိုညီမျှလာဖို့ကို ဖန်တီးပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောကုန်ပြီ။ အကြောင်းက ဖြစ်ပျက်နေတဲ့ လူမျိုးရေး ပဋိပက္ခတွေက တိုင်းပြည် စီးပွားဖွံ့ဖြိုးဖို့နဲ့ နိုင်ငံရေးအရ တည်ငြိမ်ဖို့ လမ်းကို ပိတ်ဆို့ထားကြလို့ပါ။ ဒါတွေကို ကိုင်တွယ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရပ်တည်ချက်က မရေမရာဆန်လာတယ်လို့ ဝေဖန်မှုတွေ ရှိလာပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား တိုင်ပတ်နေသလား
လွန်ခဲ့တဲ့ နှစ်နှစ်နီးပါး ကာလလောက် ကတည်းက စတင်လို့ လွတ်လပ်ရေးဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းနဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ထုတ်ပြီး
ဇာတ်ကားကြီး ရိုက်နိုင်ဖို့ ကြိုးစားခဲ့ကြတာ အားလုံးအသိပါ။ အဓိကကတော့
အဲဒီဇာတ်ကားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၀ဝ ပြည့် မွေးနေ့အမီ
လူတွေရှေ့မှောက် ရောက်ရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုရင် မမှားပါဘူး။
၂၀၁၄ ဖေဖော် ဝါရီ ၁၃ မှာ ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား ရှိမယ်ဆိုရင်
၉၉ နှစ် တင်းတင်း ပြည့်ခဲ့ပါပြီ။ ဒီတော့ ဒီရုပ်ရှင်အတွက်
ရည်ရွယ်ထားတဲ့အချိန်က ၁ နှစ်တိတိသာ လိုပါတော့တယ်။
စိန်ခေါ်မှုတွေနဲ့ ကုလားတန် စီမံကိန်း
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အခြေစိုက် တည်ဆောက်နေတဲ့ ကုလားတန်
စီမံကိန်းရဲ့ ဆက်လက် လုပ်ကိုင်မယ့် ကုလားတန်ခေါ် ကစ္ဆပနဒီ
မြစ်ကြောင်းတလျှောက် တူးဖော်ရေးလုပ်ငန်းတွေအပေါ်မှာ ဒေသခံတွေက စိုးရိမ်မကင်း
ဖြစ်နေကြပါတယ်။
ကုလားတန် စီမံကိန်းရဲ့ အဓိကကျတဲ့ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွေဟာလည်း ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး ၂၀၁၄ ခုနှစ်အတွင်း အပြီးသတ်နိုင်မှာ ဖြစ်တယ်လို့ ဆိပ်ကမ်း တည်ဆောက်နေတဲ့ Essar ကုမ္ပဏီရဲ့ စီမံကိန်းတာဝန်ခံ မစ္စတာ Sanjay Waghmare က ဧရာဝတီကို ပြောပါတယ်။

Friday, February 14, 2014
ချစ်သူများနေ့နှင့် မိန်းမသားတို့ စောင့်ထိန်းရမည့် အပျိုစင်ဘဝ
မကြာမီ ကျရောက်မည့် ချစ်သူများနေ့တွင် မသိနားမလည်သော အပျိုစင်
မိန်းကလေးများ ဖျက်ဆီးခံရမည်ကို သတိပေးချင်ပါသည်။ ချစ်သူများနေ့သည်
(လင်မယားနေ့) မဟုတ်ပါလို့ ပြောချင်ပါသည်။ ချစ်သူများနေ့ ရောက်တိုင်း
တည်းခိုခန်းများ၊ ဟိုတယ်များတွင် စုံတွဲများဖြင့် ပြည့်နေသည်ကို
နှမသားချင်း စာနာ၍ စိတ်မကောင်းစွာ ကြားသိရပါသည်။
ချစ်သူစုံတွဲများသည် စိတ်ချင်းချစ်၍ ရပါသည်။ လူချင်း နယ်ကျွံ၍ ချစ်လို့မရပါ။ မိန်းကလေးများသည် မိမိချစ်သောသူသည် လက်ထပ်ရမည့်သူ ဟုတ် မဟုတ် မည်သူမျှ အတပ်မပြောနိုင်ပါ။ အိမ်ထောင်မပြုမီ အတူနေပါက မယူဖြစ်လျှင် နောက်ဆုံး မိန်းကလေးသာ နစ်နာရမည် ဖြစ်သည်။ အိမ်ထောင် မပြုမီ အတူနေပါက အင်တာနက်ခေတ်တွင် နေရာတိုင်း၌ မျက်စိများ ရှိသဖြင့် အချိန်မရွေး အင်တာနက်ပေါ် ရောက်သွားနိုင်ပြီး မိန်းကလေးနောက်က မိဘဆွေမျိုးများ အရှက်တကွဲ ဖြစ်မည်ကို သတိပြုသင့်သည်။ မိမိတို့နိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သဖြင့် အနောက်နိုင်ငံများမှ အတူနေခြင်း (Living Together) ကို အားကျ၍ မရပါ။

ချက်ထရီယမ်ဟိုတယ်ရဲ့ ပထမဆုံးမြန်မာ ဂျီအမ် ဖြစ်လာတဲ့ မမေမြတ်မွန်ဝင်း
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး (ဟောင်း/လက်ရှိ) ဟီလာရီ
ကလင်တန်၊ ဂရမ်မီဆုရှင် အဆိုတော် ဂျေဆင်မရတ်တို့လို ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို သမိုင်းဝင်
ဧည့်သည်တွေအဖြစ် လက်ခံရရှိပြီးချိန်မှာ ရန်ကုန်မြို့က ကြယ်ငါးပွင့်ဟိုတယ် ချက်ထရီယမ်မှာ
ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။
အဲဒီအပြောင်းအလဲကတော့ ချက်ထရီယမ် ဟိုတယ်သက်တမ်းတစ်လျှောက် ဒီမတိုင်ခင် ဟိုတယ်
Nikko အဖြစ် ရပ်တည်ခဲ့ရာကစပြီး ဟိုတယ်ရဲ့ ၁၆ နှစ်တာ သက်တမ်းအတွင်းမှာ ပထမဆုံးမြန်မာ
လူမျိုးတစ်ဦးကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလက စတင်ပြီး GM အဖြစ် ခန့်အပ်လိုက်တာပဲ ဖြစ်ပါတယ်။
သူကတော့ ဟိုတယ်လုပ်ငန်းမှာ နှစ်ပေါင်း ၂၀ နီးပါး အတွေ့အကြုံရှိတဲ့ မမေမြတ်မွန်ဝင်းပဲ
ြ ဖြစ်ပါတယ်။

Thursday, February 13, 2014
ယဉ်ကျေးမှုမြို့တော်မှ နဂါးခြေရာများ
မြန်မာဘုရင် နောက်ဆုံး မင်းဆက် ထီးနန်း စိုးစံခဲ့ရာ ရတနာပုံ နေပြည်တော်၏
နန်းမြို့ရိုးရှေ့ ကျုံးပလက်ဖောင်းသည် လွန်ခဲ့သော ဆယ်စုနှစ်မှ စတင်ကာ
တရုတ်လူမျိုးတို့ နံနက်ပိုင်း ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ရာ
နေရာတစ်ခုအဖြစ် အသွင်ပြောင်း သွားသည်။
ကျုံးရေပြင်တွင် မြူနှင်းများ ရစ်သိုင်း နေဆဲဖြစ်ပြီး အလင်း ရောင်မသဲကွဲမီ အချိန်က တည်းကပင် ရွှေနန်းတော် ကျုံးဘေး ပတ်လည်တွင် တရုတ်ရိုးရာ ထိုက်ကျိ ကစားသူများ၊ ၀ူရှူးကစားသူများ၊ လမ်းလျှောက်သူများဖြင့် စည်းကားနေပြီး ကျုံးဘေးလမ်းမပေါ်တွင် အရောင်အသွေးစုံ နောက်ဆုံးပေါ်ကားများ အစီရီရပ်တန့်ထားကာ အသက်အရွယ်မျိုးစုံ တရုတ်အမျိုးသား၊ အမျိုးသမီးများမှာလည်း နေ့သစ်တစ်ခုမစတင်မီ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နေကြသည်။

Monday, February 10, 2014
အားနာပါသည် M.P.T
ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေ လာတော့မည်။ သူတို့ကလည်း လိုင်စင် ချပေးလိုက်သည့်
အစိုးရကိုမှ မျက်နှာမထောက်။ စစချင်း ဆောက်နှင့်ထွင်းသလို ရှစ်လအတွင်း
ဖုန်းကတ်သန်း ၃၀ ထုတ်လုပ် ရောင်းချမည်ဟု ကြေညာသည်။
ယခု မဲဖောက်ကာ ရောင်းနေသည့် ၁၅၀၀ ကျပ်ထက် နည်းသော ဈေးနှုန်းဖြင့် ရောင်းမည်ဟုလည်း ကြေညာလိုက်သည်။ ပြောခလည်း လျှော့ပေးဦးမည်တဲ့။
လက်ရှိ ဆင်းမ်ကတ် ရောင်းနေသည့် အစိုးရနှင့် ပါတနာကြီးတို့ မျက်လုံး ပြူးသွားသည်။ ငါတို့ ခွင်ပျောက်တော့မှာပဲ ဟုလည်း တွေးကြသည်။ ခွင်ပျောက်လျှင် နောက်ခွင် အသစ်တစ်ခုလည်း စဉ်းစားကြသည်။ ပြည်သူတွေကလည်း လက်ရှိ လူတွေကို စိတ်ပျက်နေတာ ကြာပြီ။ ဒါကို လက်ရှိ ဆင်းမ်ကတ် ရောင်းနေသူတွေလည်း သိကြသည်။

Subscribe to:
Posts (Atom)