ပြပွဲအတွင်း ကွန်ပျူတာအသုံးပြုသူများ၊ အင်တာနက်အသုံးပြုသူများနှင့်
မိုဘိုင်းဖုန်းအသုံးပြုသူများအသုံး ပြုနိုင်မည့် လူမှု၊ စီးပွား Application
များ၊ ဈေးကွက်အတွင်း ရယူအသုံးပြုနိုင်မည့် Application များ၊ စီး
ပွားရေးနှင့် ထုတ်ကုန်လုပ်ငန်းသုံး Commercial Software Application
များကို စုံလင်စွာ ပြသသွားရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။
သတင်းများ
Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts
Saturday, March 1, 2014
Galaxy S5 ကပြောပြနေတဲ့ Samsung ရဲ့ စိတ်ဝင်စားဖွယ် နည်းပညာအသစ်များ
Galaxy S5 လဲ ထွက်လို့လာပါပြီ…. ကြိုက်တဲ့သူတွေလဲရှိသလို စိတ်တိုင်းမကျတဲ့သူ တွေလဲ အများကြီးပါပဲ… စိတ်တိုင်းမကျတဲ့ အဖွဲ့ထဲမှာ ကျွန်နော်ကိုယ်တိုင်လဲ ပါပါတယ်… Galaxy S3 တို့ S4 တို့ တုန်းကလို မဟုတ်ပဲ ဘာမှ ထူးထူးခြားခြား ပြောင်းလဲမှူမရှိတဲ့ galaxy version ပဲလို့ ထင်ခဲ့ပါတယ်…. တစ်ခုရှိတာက ဒီတစ်ခါ Galaxy S5 အတွက်လုပ်တဲ့ Samsung unpacked show ကို S3 , S4 တို့တုန်းကလောက် ခမ်းခမ်းနားနား ဝေဝေဆာဆာ မလုပ်ခဲ့တာကြောင့်လဲ ဖြစ်မယ်ထင်တယ်….. အဲ့ဒါကြောင့်Galaxy S5 ကို Note 3 လောက်တောင်အထင်မကြီးခဲ့ပါဘူး…. ဒါပေမဲ့ technical website တွေရဲ့ Galaxy S5 review တွေဖတ်ကြည့်လိုက်တဲ့ အခါမှာတော့ Galaxy S5 မှာ လက်ရှိ ဖုန်းတွေထက် အထင်ကြီ:စရာကောင်းတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာအသစ်တွေပါဝင်လာတာတွေ့ရပါတယ်…. ဘာတွေလဲဆိုတော့ လေ့လာကြည့်ရအောင်ဗျာ …
Friday, February 28, 2014
တစ်ကမ္ဘာလုံး အင်တာနက် အခမဲ့ ရရှိတော့မည်
အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် Media Development Investment Fund
(MDIF) လုပ်ငန်း သည် အာကာသအတွင်းသို့ ရေဒီယိုလှိုင်းလွှင့်တုံးလေးများ
လွှတ်တင်ရန် ကြိုးပမ်းလျက်ရှိပြီး အဆိုပါ လှိုင်း လွှင့်တုံးလေးများသည်
ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်ပတ်၍ နေရာလပ် မကျန်အောင် အင်တာ နက်စနစ်
ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာငွေ (၁) သိန်းခွဲခန့်ရှိမဲ့ Huawei ရဲ့ ပထမဆုံး စမတ် လက်ပတ်
Talkband B1 လို့ အမည်ပေးထားပြီး 1.4-inch အရွယ်အစားရှိ
မျက်နှာပြင်ဖြင့် OLED display ကိုအသုံးပြုထားပါတယ်။ ထူးခြားမူတစ်ခုက
လက်ပတ်ပုံစံကနေ ဖြုတ်ပြီး နားမှာ တပ်ဆင်နိင်တဲ့ Bluetooth ကရိယာလို့
အသုံးပြုလို့ရခြင်းဖြစ်ပါတယ်။ ဒါဟာဆိုရင် အခြား Brand တွေထက်သာလွန်တဲ့
Huawei ရဲ့ တီထွင်မူ တစ်ခုဖြစ်ပါတယ်။ Bluetooth 4.1 ထိကို ဆက်သွယ်နိင်ပြီး
iOS နဲ့ Android OS နှစခုလုံးမှာ အသုံးပြုနိင်ခြင်းဟာလည်း ဆန်းသစ်မူတစ်ခု
ဖြစ်ပြီး iOS ဆိုရင် 5.0 version အပါအ၀င် ဒီကနေအထက်ကိုသုံးနိင်ပြီး Android
Version ဆိုရင် Android စနစ် 2.3 ကနေစကာ အထက်ကို သုံးနိင်မှာ ဖြစ်တဲ့အတွက်
လူတန်းစားမျိုးစုံအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။
Tuesday, February 25, 2014
Samsung က Galaxy S5 ကို ကြေညာပြီ
Samsung က စွမ်းဆောင်ရည်မြင့် Galaxy S5 ကို Mobile World Congress မှာ
ကြေညာလိုက်ပါတယ်။ အနောက်ဘက်က Galaxy Note 3 လို Leather နဲ့
ဖုံးအုပ်ချုပ်လုပ်ထားသလို ထင်ရအောင် ပြုလုပ်ထားပေမယ့် ဒီဇိုင်း ကအနည်းငယ်
ကွာခြားပါတယ်။
Wednesday, February 19, 2014
မြန်မာ- ထိုင်း- မလေးရှားအကြား မိုဘိုင်းလ် ဖုန်းဖြင့် ငွေလွှဲနိုင်ရန် တယ်လီနော ဝန်ဆောင်မည်ဟုဆို
နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနောက မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက်
ရှိထားပြီး ဖြစ်သည့် ထိုင်း၊ မလေးရှား နိုင်ငံတို့နှင့် မိုဘိုင်းလ်
ဖုန်းမှ တစ်ဆင့် အပြန်အလှန် ငွေကြေး လွှဲပြောင်းသည့် ဝန်ဆောင်မှု
မြန်မာနိုင်ငံတွင် ဝန်ဆောင် ပေးနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း
တယ်လီနော အာရှငွေကြေး ဝန်ဆောင်မှု ဌာန အကြီးအကဲ Roar Bjaerum က The Voice
သို့ ပြောကြားသည်။
Tuesday, February 18, 2014
Twitter က Facebook ပုံစံ ပြောင်းလဲမည်
လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Twitter က Facebook သွင်ပြင်ပုံစံ
ဒီဇိုင်းသစ်တစ်ခုကို ပြောင်း လဲတော့မည် ဖြစ်သည်ဟု Mashable သတင်းက
ဖော်ပြလိုက်သည်။
Mashable ၏ အယ်ဒီတာများကTwitter ၏ home page ကို Facebook အသွင်ပြောင်းလဲထားသည်ကို စတင်တွေ့ရှိခဲ့သည်ဟု ဖေဖော်ဝါရီဒုတိယအပတ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ Twitter ၏ profile စာမျက် နှာတွင် အသုံးပြုသူ၏ ဓာတ်ပုံအသေးနှင့် ကိုယ်ရေးအကျဉ်းတို့ကို စာမျက်နှာ၏ ဘယ်ဘက်အခြမ်းတွင် မြင့်တွေ့နိုင်ကြောင်းနှင့် ခေါင်းစီးဓာတ်ပုံနေရာကိုလည်းချဲ့ထားကြောင်း ၎င်းတို့က ဆိုခဲ့သည်။

Thursday, February 13, 2014
တရုတ်အင်တာနက် ဆင်ဆာလုပ်မှု စွပ်စွဲချက် Microsoft ပယ်ချ
အမေရိကန် နည်းပညာကုမ္ပဏီကြီးတခုဖြစ်တဲ့ Microsoft က အမေရိကန်ပြည်ထောင်စုက
သုံးစွဲသူတွေကို ထိခိုက်အောင် သူ့ရဲ့တရုတ် ဘာသာစကားနဲ့ထုတ်တဲ့ search
engine Bing မှာ ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ထားတယ်ဆိုတဲ့
စွပ်စွဲပြောဆိုမှုတွေဟာ မမှန်ကန်ကြောင်း ငြင်းဆိုလိုက်ပါတယ်။
Thursday, February 6, 2014
မိုက်ခရိုဆော့ဖ်ရဲ့  စီအီးအိုဖြစ်လာတဲ့ အိန္ဒိယလူမျိုး Satya Nadella
Satya Nadella လို့အမည်ရတဲ့ မိုက်ခရိုဆော့ဖ်က မထင်မရှင်း ပုဂ္ဂိုလ်
တစ်ဦးက စီအီးအိုဖြစ်လို့လာပါပြီ။ ဘီလ်ဂိတ် ကိုယ်တိုင် အသစ်ခန့် အပ်ပေး
လိုက်တဲ့ Microsoft ကုမ္မဏီရဲ့ စီအီးအို ဖြစ်ပါတယ်။
မိုက်ခရိုဆော့ဖ် ကုမ္မဏီမှာတင် လုပ်နှစ်သက်တမ်း ၂၂ နှစ်ရှိပြီ ဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် Satya Nadella ဟာ အိန္ဒိယနိုင်ငံက အိန္ဒိယ လူမျိုး တစ်ဦး ဖြစ်ပါတယ်။
မိုက်ခရိုဆော့ဖ် ကုမ္မဏီမှာတင် လုပ်နှစ်သက်တမ်း ၂၂ နှစ်ရှိပြီ ဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် Satya Nadella ဟာ အိန္ဒိယနိုင်ငံက အိန္ဒိယ လူမျိုး တစ်ဦး ဖြစ်ပါတယ်။
Wednesday, February 5, 2014
Facebook ဆယ်နှစ်ပြည့်
လူမှုရေးကွန်ယက်တွေထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ Facebook စာမျက်နှာ စတင်
ပေါ်ထွက်လာတာ ဒီကနေ့ ၁၀ နှစ် တင်းတင်းပြည့်သွားပါပြီ။
ကောလိပ်ကျောင်းတွင်းသုံးတဲ့ Web စာမျက်နှာအဖြစ်ကနေ အခုဆိုရင်
အသုံးပြုသူပေါင်း သန်း ၁၂၀၀ ကျော်နဲ့ တကမ္ဘာလုံး ဖြန့်ကြက် ဆက်သွယ်မှုလုပ်တဲ့
ကွန်ယက်အဖြစ် ရောက်ရှိနေပါပြီ။
Tuesday, February 4, 2014
သတင်းများကို ဖတ်ရှုနိုင်မည့် Paper app သစ်ကို Facebook မှ ဖန်တီးထုတ်လုပ်
Paper ဟုအမည်ပေးထားသည့် သတင်းသီးသန့်ကိုသာ ဖတ်ရှုနိုင်မည့် App ကို
Facebook မှ ဖန်တီးထုတ်လုပ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ App ကို ဖေဖော်ဝါရီလ ၃ ရက်နေ့ (ယနေ့) တွင် iPhone User များ၌
စတင်အသုံးပြုနိုင်စေရန် လွှင့်တင်ပေးသွား
မည်ဖြစ်ကြောင်း သိရသည်။
Paper App ဟုအမည်ပေးထားသည့်အတိုင်း သတင်းများနှင့် သတင်းဓာတ်ပုံ
များကို Paper စာရွက်ပေါ်တွင် ဖတ်ရှုရသကဲ့သို့ ဖြစ်စေရန် ဖန်တီးရေး
ဆွဲထားသည်ဟု ဆိုသည်။ အဆိုပါ App တွင် သင့် Facecebook သူငယ်ချင်းများမှ Share သော သတင်းများ၊ ဆောင်းပါးများ၊ ဓာတ်ပုံ၊ ဗီဒီယိုများကိုပါ မြင်တွေ့နိုင်မည်ဖြစ်သည်။ သတင်းများဖော်ပြရာတွင် ဓာတ်ပုံအသားပေးပုံစံဖြင့် မြင်တွေ့ရမည်ဖြစ်သည်။

Wednesday, January 29, 2014
Angry Birds ဂိမ်းမှတဆင့် အမေရိကန်နှင့် ဗြိတိသျှ စပိုင်များ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် ခိုးယူနိုင်
အမေရိကန်နှင့် ဗြိတိသျှ စပိုင်များသည် လုပ်ရိုးလုပ်စဉ် အတိုင်းပင်
Angry Birds နှင့် အခြား မိုဘိုင်း အပလီကေးရှင်းများမှ ပုဂ္ဂိုလ်ရေး ဆိုင်ရာ
အချက်အလက်များကို ခိုးယူခဲ့ကြသည်ဟု သတင်းများမှ ဆိုထားသည်။
နိုင်ငံလုံခြုံရေး အဖွဲ့ (NSA) မှ စာရွက်စာတမ်းများသည် ပစ်မှတ်ထားခဲ့သော မိုဘိုင်း အပလီကေးရှင်းများမှ သတင်း အချက်အလက်များအတွင်း တည်နေရာများ၊ website သို့ကြည့်ရှုသူများ နှင့် ဆက်သွယ်ရန် လိပ်စာများကို ဖော်ပြခဲ့သည်။ အက်ဒဝပ်စနိုးဒင်၏ စာရွက်စာတမ်းများမှ နောက်ဆုံး ဖော်ထုတ်မှုဖြစ်သည်။

Saturday, January 25, 2014
SE-ME-WE 5 အင်တာနက် ဆက်ကြောင်းသစ် ဖိုက်ဘာလိုင်း တည်ဆောက်ရန် တင်ဒါခေါ်
အင်တာနက် အသုံးပြုမှု အဆင်ပြေစေရေးအတွက် ချိတ်ဆက် သွယ်တန်းနေသော SE-ME-WE
5 မြန်နှုန်းမြင့် အင်တာနက် ဆက်ကြောင်းတွင် ဖိုက်ဘာလိုင်း တည်ဆောက်ရန်
တင်ဒါခေါ်ယူထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရုံးချုပ်အခြေစိုက်
ပြည်ပဆက်သွယ်ရေး စခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
Apple Macintosh ကွန်ပျူတာနှစ် ၃၀ ပြည့်
သောကြာနေ့ဟာ Apple Macintosh ကွန်ပျူတာရဲ့ နှစ် ၃၀ ပြည့်မြောက်တဲ့ ပျော်ရွှင်စရာ မွေးနေ့ အခါသမယ ဖြစ်ပါတယ်။
ကွယ်လွန်သွားပြီ ဖြစ်တဲ့ Apple ကုမ္ပဏီ ပူးတွဲတည်ထောင်သူ Steve Jobs ဟာ ၁၉၈၄ ခုနှစ်မှာ Apple နဲ့ သုံးစွဲသူတွေကို စတင် မိတ်ဆက်ပေးခဲ့တာပါ။ Mac ဟာ ကွန်ပျူတာ ကမ္ဘာမှာ တော်လှန်ပြောင်းလဲမှု ပြုနိုင်ခဲ့တဲ့ အရာလည်းဖြစ်ပါတယ်။

Thursday, January 23, 2014
ပြည်တွင်းမှထုတ်လုပ်သည့် ဆော့ဖ်ဝဲလ်များကို ပြသမည့် App Expo ဒုတိယအကြိမ် ကျင်းပမည်
ပြည်တွင်း၌ ဖန်တီးထုတ်လုပ်ထားသော ဆော့ဖ်ဝဲလ် Application များ
ပြသမည့် App expo 2014 ကို မတ် ၈ ရက်မှ ၉ ရက် အထိ ရန်ကုန်မြို့
မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပသွားမည်ဖြစ်သည်ဟု ပြပွဲစီစဉ် သူ Yangon Heartz
မှ ကိုဇော်ဇော်မျိုးလွင်က ပြောသည်။
Friday, January 17, 2014
Samsung တို့ရဲ့  ပထမဆုံး Windows Phone ထွက်မည်
Samsung ရဲ့  ပထမဆုံး Windows Phone OS သုံး စမတ်ဖုန်းကို ထုတ်လုပ်
ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။ ဖုန်းရဲ့  Codename ကို SM-W750V
လို့ အမည်ပေးထား ပါတယ်။ Samsung ရဲ့  ထူးထူးခြားခြား ပထမဆုံး ဝင်းဒိုးဖုန်း
ဖြစ်ပါတယ်။
အရွယ်အစား၊ ပုံစံများက Samsung Galaxy S3 နဲ့ မကွာဘူးလို့ ဆိုပါတယ်။ S3 ကိုပဲ Windows Phone 8 GDR3 နဲ့ မြင်ရမှာ ဖြစ်ကြောင်း ဆိုပါတယ်။ Samsung က တရားဝင် မပြောကြားသေးတဲ့ သတင်းတစ်ခု ဖြစ်ပါတယ်။ ဓာတ်ပုံထွက်ရှိမှုလည်း မရှိခဲ့ ပါဘူး။ ၅ လက်မ အရွယ် မျက်နှာပြင်ကို အသုံးပြုထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

Saturday, January 11, 2014
ATM စက် ငွေခိုးဂိုဏ်းတွေ ရှိနေပြီ
ထိုင်းနိုင်ငံ ချင်းမိုင်ရဲတပ်ဖွဲ့က နိုင်ငံခြားသား ATM ( ငွေထုတ်စက်)
အသုံးပြုပြီး တပါးသူတွေရဲ့ ငွေကြေး အမြောက်အများကို ထုတ်ယူနေတဲ့
ဂိုဏ်းရှိနေပြီလို့ သတိပေး ပြောလိုက်ပါတယ်။
ဓာတ်ပုံ- cm108.com
ချင်းမိုင်မြို့က ဘဏ် ငွေထုတ်စက် ATM တွေကနေ ပိုင်ရှင်မသိပဲ ငွေအမြောက်အများ ခိုးယူခံရမှုတွေ ဆက်တိုက်ဖြစ် လာ နေလို့ CCTV တွေနဲ့ ATM စက်မှတ်တမ်းတွေကို လိုက်လံ စစ်ဆေးရာမှာ ATM ကတ် ထည့်သွင်းရာ အပေါက်မှာ ကွန်ပြူ တာ ချစ်ပ်ပြားတွေပါတဲ့ Divices တွေလျှိုဝှက်တပ်ဆင်ထားမှုကို ချင်းမိုင် ရဲတပ်ဖွဲ့က ဖော် ထုတ်တွေ့ရှိခဲ့တယ်လို့ ဒီကနေ့ ချင်းမိုင်အွန်လိုင်း သတင်းတပုဒ်က ဖော်ပြထားပါတယ်။

Friday, January 10, 2014
ဈေးပိုသက်သာသော Samsung Galaxy Note 3 ထွက်ရှိမည်
လက်ရှိ မြန်မာပြည်မှာ Samsung Galaxy Note 3 တစ်လုံးရဲ့  ပေါက်ဈေးက
Official show room မှာ ၆ သိန်း၉သောင်းကျော် ဖြစ်ပြီး အခြား ပြင်ပ
ဆိုင်တွေမှာ ၆သိန်းခွဲ ဝန်းကျင် ဖြစ်ပါတယ်။ ယခု ထွက်ရှိတဲ့ သတင်း တစ်ခု အရ
ဈေးပိုမိုသက်သာတဲ့ Samsung Galaxy Note 3 ထွက်ရှိ မှာ ဖြစ်ကြောင်း သိရ
ပါတယ်။
အမည်ကို Samsung Galaxy Note 3 Neo လို့အမည်ပေးထားပါ တယ်။ ဈေးသက်သာအောင်သူက Specification တွေကို အနည်းငယ်လျော့ လိုက်ပါတယ်။
အမည်ကို Samsung Galaxy Note 3 Neo လို့အမည်ပေးထားပါ တယ်။ ဈေးသက်သာအောင်သူက Specification တွေကို အနည်းငယ်လျော့ လိုက်ပါတယ်။
Tuesday, December 24, 2013
ဖုန်းအသစ်လဲရင် Contact တွေ ဘယ်လိုရွှေ့မလဲ?
လိုချင်စရာ စမတ်ဖုန်းတွေ အပြိုင်အဆိုင် ထွက်ရှိနေကြတဲ့ ယနေ့ခေတ်ကြီးမှာ
သင်လည်း လက်ရှိဖုန်းအဟောင်းလေးကို သုံးစွဲရတာ ကြာလာရင် ဖုန်းအသစ်ကို
ပြောင်းကိုင်ချင်မှာ သဘာဝပါပဲ။ ဒီနေရာမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုက
ထည့်သွင်းစဉ်းစားစရာ ဖြစ်လာပါတယ်။
ကွန်နရှင်ကျနေချိန်မှာ Facebook ကိုမြန်ဆန်စွာသုံးနိုင်မယ့် Fast For Facebook v2.2.1 Latest Version
Fast
For Facebook ကိုတော့လူသိများကြမှာပါ။ Android ဖုန်းပေါ်မှာ Facebook
ကိုမြန်ဆန်စွာအသုံးပြုနိုင် တဲ့ Application လေးဖြစ်ပါတယ်ဗျာ။ Facebook
Application ထက်တောင်ပိုပြီးမြန်ဆန်ပါတယ်။ ကျွန်တော် တို့မြန်မာနိုင်ငံ
ကွန်နရှင်နဲ့တော့ ကွက်တိပါဘဲ။
Thursday, December 19, 2013
ညှိနှိုင်းမှုများ အဆင်မပြေသောကြောင့် ကိုရီးယားနိုင်ငံမှ ချစ်ကြည်ရေး အထိမ်းအမှတ် တည်ဆောက်ပေးမည့် ရန်ကုန်-ဒလ တံတားစီမံကိန်း ယာယီရပ်ဆိုင်း
ကိုရီးယားနိုင်ငံမှ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တည်ဆောက်ပေးမည့်
ရန်ကုန်-ဒလ တံတားစီမံကိန်းအား ကိုရီးယားနိုင်ငံနှင့် ညှိနှိုင်းမှု အဆင်မပြေ၍
ယာယီရပ်ဆိုင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
Subscribe to:
Posts (Atom)