နိုင်ငံလုံခြုံရေး အဖွဲ့ (NSA) မှ စာရွက်စာတမ်းများသည် ပစ်မှတ်ထားခဲ့သော မိုဘိုင်း အပလီကေးရှင်းများမှ သတင်း အချက်အလက်များအတွင်း တည်နေရာများ၊ website သို့ကြည့်ရှုသူများ နှင့် ဆက်သွယ်ရန် လိပ်စာများကို ဖော်ပြခဲ့သည်။ အက်ဒဝပ်စနိုးဒင်၏ စာရွက်စာတမ်းများမှ နောက်ဆုံး ဖော်ထုတ်မှုဖြစ်သည်။
NSA မှ ကြေငြာချက်တွင် တရားဝင် နိုင်ငံရပ်ခြားမှ ပစ်မှတ်များ၏ အချက်အလက်များမှ လွဲပြီး အခြားအချက်အလက် များကို စိတ်ပါဝင်စားခြင်းမရှိ၊ NSA ၏ စမတ်ဖုန်းများနှင့် ဆိုရှယ်မီဒီယာများ အပေါ် စိတ်ဝင်စားမှု အကြောင်း ဂယက်ရိုက်မှုများမှာ မှန်ကန်မှု မရှိဟု ပါဝင်ခဲ့သည်။
New York Times၊ ProPublica နှင့် The Guardian သတင်းဌာနတို့မှ ဖော်ပြမှုများတွင် NSA နှင့် ဗြိတိန် အစိုးရ ဆက်သွယ်ရေး ဌာနချုပ် (GCHQ) တို့သည် ၂၀၀၇ ခုနှစ်ကတည်းက မိုဘိုင်းဖုန်းများနှင့် တက်ဘလက် များ၏ အပလီကေးရှင်းများမှ သတင်း အချက်အလက်များကို ရယူရန် နည်းလမ်းကို အတူတကွ လုပ်ဆောင်ခဲ့ကြသည်ဟု ဖော်ပြထားသည်။ ၎င်းတို့ စုဆောင်းရယူထားသော အချက်အလက် ပမာဏ မည်မျှရှိသည်ကိုမှု ပါဝင်ခြင်း မရှိခဲ့ပေ။
စာရွက်စာတမ်းအရ သတင်း အချက်အလက်များသည် မိုဘိုင်းဖုန်း၏ အင်တာနက်သုံးစွဲမှုနှင့် တက်စ်မက်ဆေ့ခ်ျ တို့ကို သုံးစွဲသည့် မြေပုံများ၊ ဂိမ်းများ၊ လူမှုဆက်သွယ်ရေး အပလီကေးရှင်းများ နှင့် အလားတူ အပလီကေးရှင်းများမှ ရယူခဲ့ကြောင်း ဖော်ပြထားသည်။ ထုတ်ဖော်ထားသော ဗြိတိန် ထောက်လှမ်းရေး အဖွဲ့မှ ၂၀၀၈ အစီရင်ခံစာတွင် “ စမတ်ဖုန်း များပေါ်ရှိ ဂူးဂယ်လ်မြေပုံ အသုံးပြုသူများသည် GCHQ ၏ ထောက်လှမ်းရေး စံနစ်များတွင် ကူညီလုပ်ကိုင်သူများ အဖြစ် ထိထိရောက်ရောက် ရှိကြောင်း ” ဟု ပါဝင်ခဲ့သည်။ အခြား GCHQ ၏ ၂၀၁၂ အစီရင်ခံစာတွင် အန်းဒရွိုက်စံနစ် အသုံးပြု ဖုန်းများမှ Angry Bird ဂိမ်း အသုံးပြုသူများ၏ သတင်း အချက်အလက်ကို မည်သို့ ထုတ်ယူရမည် ဖြစ်ကြောင်း ပါဝင်ခဲ့သည်။
ဗြိတိန် ထောက်လှမ်းရေးမှ “ ထောက်လှမ်းရေး အကြောင်းအရာများကို ပြောဆိုလိုခြင်း မရှိကြောင်း၊ သို့ရာတွင် လှုပ်ရှားမှုများသည် အခွင့်အာဏာ ရပြီး လိုအပ်မှုရှိသော၊ သင့်လျော်သော လုပ်ဆောင်မှုများ ဖြစ်ကြောင်း ” ပြောဆိုခဲ့သည်။
စာရွက်စာတမ်းများမှ ဖော်ပြထားသော အခြား အပလီကေးရှင်းများတွင် ဓာတ်ပုံ ဝေမျှသော ဆိုက်ဖြစ်သည့် Flickr ၊ ရုပ်ရှင် အခြေခံ Flixster ၊ Facebook နှင့် ချိတ်ဆက်ထားသော အပလီကေးရှင်းများ ပါဝင်သည်။
The Myanmar Age

No comments:
Post a Comment