ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်
ကိုယ်စားလှယ် ဦးလှဆွေကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆို
သွားမည်ဟု ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဖေဖော်ဝါရီလ ၃ ရက်က
မဇ္ဈိမကို ပြောသည်။
၎င်းက “ဒေါ်စုကလွဲရင် ကျန်တဲ့ အင်န်အယ်လ်ဒီ (အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်)ကောင်တွေ သောက် သုံးမကျဘူး။ နောက်တစ်ခုက ဒီချုပ်ကို
ဒီရှုပ်လို့ပြောတာ။ အဲဒါတွေပြောတာနဲ့ ပတ်သက်ပြီး အန်ကယ်တို့ က ဥပဒေကြောင်းအရ
တရားစွဲဖို့ ဆုံးဖြတ်လိုက်တယ်”ဟု ပြောသည်။
နေပြည်တော်ရှိ စည်ပင်ရိပ်သာရှိ ခန်းမဆောင်တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်၊
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား
ကိုယ်စားလှယ်များ ညစာစားပွဲ ကျင်းပနေစဉ် မဇ္ဈိမ၏ မေးမြန်း ချက်ကို
မိတ်္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဝင်းထိန်က
အထက်ပါအ တိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
သတင်းများ
Showing posts with label မြန်မာသတင်း. Show all posts
Showing posts with label မြန်မာသတင်း. Show all posts
Tuesday, March 4, 2014
ဘုရင့်နောင်ပွဲရုံ ပြည့်တန်ဆာ လုပ်ငန်းများကို ပူးပေါင်းအဖွဲ့ စတင်ဖမ်းဆီး
မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ အဓိက ရောင်းဝယ် ဖောက်ကားရာ
ရန်ကုန်မြို့တော်ရှိ ဘုရင့်နောင် ပွဲရုံဝင်းအတွင်း ပြည့်တန်ဆာ လုပ်ငန်း
လုပ်ကိုင်မှုများ ရှိသဖြင့် ပူးပေါင်းအဖွဲ့ ဖွဲ့စည်း၍ လိုက်လံဖမ်းဆီး
စစ်ဆေးနေရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ကုန်တင်ယာဉ်များ ရပ်နားသည့် နေရာများတွင် ပြည့်တန်ဆာ များဖြင့် မြှူဆွယ် နေကြသဖြင့် အခြားသူများကို အနှောင့်အယှက် ဖြစ်စေကြောင်း အဆိုပါ ပူးပေါင်းအဖွဲ့ဝင် ဦးထွန်းဝင်းက ပြောကြားသည်။
ကုန်တင်ယာဉ်များ ရပ်နားသည့် နေရာများတွင် ပြည့်တန်ဆာ များဖြင့် မြှူဆွယ် နေကြသဖြင့် အခြားသူများကို အနှောင့်အယှက် ဖြစ်စေကြောင်း အဆိုပါ ပူးပေါင်းအဖွဲ့ဝင် ဦးထွန်းဝင်းက ပြောကြားသည်။
SSPP/SSA အဓိက တပ်စခန်း ၂ ခု အစိုးရ စစ်တပ် သိမ်းပိုက်
ရှမ်းပြည် တပ်မတော် မြောက်ပိုင်းရဲ့ အရေးပါတဲ့ တပ်စခန်း ၂ ခုကို
ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အစိုးရ စစ်တပ်က ၂ရက် အကြာ တိုက်ခိုက်ပြီး
သိမ်းပိုက် လိုက်တယ်လို့ သိရပါတယ်။
“အဲ့ဒီ ၂ နေရာလုံးက ကျနော်တို့ အတွက် စစ်ရေး အရရော၊ စီးပွားရေး အရပါ အရေးပါတဲ့ နေရာတွေ ဖြစ်ပါတယ်၊ သူတို့ ဒီနေရာ တွေ ကို ရပြီဆိုတော့ ကျနော်တို့ ဝမ်ဟိုင်း ဌာနချုပ်ကိုလည်း စစ်ရေး အရ ခြိမ်းခြောက်မှုတွေ လုပ်လာနိုင်ပါတယ်”လို့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းမှ ဗိုလ်မှူးကြီး ပိန်ဖက ဧရာဝတီကို ပြောပါတယ်။

မောင်တောမြို့နယ် လယ်မြေများရှိ ကျူးကျော်အဆောက်အအုံများ စိစစ်ရန်လို
လူဦးရေထူထပ်လာသည့် မောင်တောမြို့နယ်အတွင်း အဆောက်အအုံများ
တိုးချဲ့တည်ဆောက်လာကြရာ လယ်မြေများတွင် ကျူးကျော်တည်ဆောက်မှုများ
ရှိနေသဖြင့် အဆိုပါ အဆောက်အအုံများကို စိစစ်ပေးရန်လိုအပ်နေကြောင်း
စိုက်ပျိုးရေးဌာန ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
သမီးကလေးရှိ အိမ်ခြေထက်ဝက်နီးပါး အစိုးရချထားသည့်ရွာသို့ တစ်ပတ်အတွင်း အပြီးပြောင်းရမည်
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ သမီးကလေးကျေးရွာကို တိုင်းအစိုးရက
သတ်မှတ်ပေးထားသည့် ဝါးယားကုန်းကျေးရွာသို့ မတ်လ ၉ ရက်နောက်ဆုံး
ပြောင်းရွှေ့ရမည်ဟု တိုင်းအစိုးရက မတ်လ ၃ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သမီး
ကလေးကျေးရွာသားများကို စောင့်ရှောက်ထားသည့် ပဲခူးမြို့နယ်ရှိ
အောင်သိဒ္ဒိဘုန်းတော်ကြီးကျောင်း ကျောင်း ထိုင်ဆရာတော် ဦးအာစာရက မဇ္ဈိမကို
မိန့်သည်။
Monday, March 3, 2014
ရခိုင်အမျိုးသားညီလာခံ အကြိုညှိနိုင်းဆွေးနွေးပွဲ ကျောက်ဖြူမြို့တွင် ပြုလုပ်
ရခိုင်အမျိုးသားညီလာခံ အကြိုညှိနိုင်းဆွေးနွေးပွဲကို ကျောက်ဖြူတွင် ယနေ့ နေ့လည်က ကျင်းပ ပြုလုပ်ခဲ့သည်။
၎င်းဆွေးနွေးပွဲကို ကျောက်ဖြူမြို့ မြို့တော်ခန်းမ (ရမ္မာဝတီခန်းမ) တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒေသခံ ပြည်သူ ၃၀၀ ကျော်တက်ရောက်ခဲ့သည်ဟု ကျောက်ဖြူရှိ နိရဉ္စရာ သတင်းထောက်က ပြောသည်။
အဖွင့်မိန်းခွန်း စကားကို ကျောက်ဖြူမြို့မှ ဆရာဦးညီလိုင်က ပြောကြားကြောင်း၊ ပြောကြားရာတွင် ကျောက်ဖြူမြို့ သမိုင်းနှင့် ရခိုင်ပြည်နယ် သမိုင်းကြောင်းများကို ရှင်းလင်း ပြောကြားကြောင်း၊ ရခိုင် အမျိုးသားညီလာခံကို ကျင်းပရန် လိုအပ်ကြောင်း စသည်တို့ကို ပြောဆိုခဲ့သည်ဟု သိရသည်။

နေပြည်တော် သန်းခေါင်စာရင်း ကောက်ယူခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ရခိုင်ခေါင်းဆောင် (၄) ဦးတက်ရောက်
နေပြည်တော်တွင် ပြုလုပ်သော ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ
သန်းခေါင်စာရင်း ကောက်ယူခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ရခိုင်ခေါင်းဆောင်
(၄) ဦးတက်ရောက်ခဲ့ကြောင်း အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူ ALD
ဗဟိုအလုပ်အမူဆောင်ကော်မီတီဝင် ဦးမျိုးဆွေက နိရဉ္စရာသို့ ပြောသည်။
တက်ရောက်ခဲ့ကြသူများမှာ ALD မှ ဥက္ကဌ ဦးအေးသာအောင်၊ ဗဟိုအလုပ်အမူဆောင်ကော်မီတီဝင် ဦးမျိုးဆွေ၊ RNDP ဥက္ကဌ ဒေါက်တာအေးမောင်၊ ရသေ့တောင်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်စောဝေတို့ ဖြစ်ကြသည်။
တက်ရောက်ခဲ့ကြသူများမှာ ALD မှ ဥက္ကဌ ဦးအေးသာအောင်၊ ဗဟိုအလုပ်အမူဆောင်ကော်မီတီဝင် ဦးမျိုးဆွေ၊ RNDP ဥက္ကဌ ဒေါက်တာအေးမောင်၊ ရသေ့တောင်ပြည်သူ့လွှတ်တော်ကိုယ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မီဒီယာများပထမဆုံးအကြိမ်တွေ့ဆုံမည်
တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်
လှိုင်သည်ပထမဆုံးအကြိမ်အဖြစ် မီဒီယာများနှင့် နေပြည်တော်၊
သင်္ဂဟဟိုတယ်၌တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
မတ် ၅ ရက်နေ့ မွန်းလွဲပိုင်း တွင် တွေ့ဆုံမည့်ယင်းတွေ့ဆုံပွဲ အတွက် ပြည်တွင်းမီဒီယာများသို့ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနမှ တစ်ဆင့်ဖိတ်ကြားလျက်ရှိကြောင်း သိရသည်။
မတ် ၅ ရက်နေ့ မွန်းလွဲပိုင်း တွင် တွေ့ဆုံမည့်ယင်းတွေ့ဆုံပွဲ အတွက် ပြည်တွင်းမီဒီယာများသို့ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနမှ တစ်ဆင့်ဖိတ်ကြားလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းတွင်းရှိ ကျူးကျော်များအားလုံး မတ်လအကုန်တွင် စတင်ဖျက်မည်
ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်များအားလုံးကို ဓမ္မာစရိယတန်းစာမေးပွဲများ
ကျင်းပအပြီး (မတ်လအကုန်) တွင် စတင်ဖျက်သိမ်းသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းအောင်က မဇ္စျိမကိုပြောသည်။
ဓမ္မာစရိယတန်း စာမေးပွဲများသည် မတ်လအကုန်တွင်အပြီးကျင်းပခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ကျင်းပပြီးချိန် တွင် ပြုလုပ်ခြင်းဖြစ်သည်။
“ရန်ကုန်က ကျူးကျော်တွေဆိုတာက တကယ်ရန်ကုန်တိုင်းထဲက မဟုတ်ဘူး။ တိုင်းအသီးသီးကနေလာပြီး ရန်ကုန်မှာ ကျူးကျော်တာတွေကို ရန်ကုန်မှာ ဘယ်လိုအားလုံးလက်ခံနိုင်မှာလဲ။ သူတို့ကို ဓမ္မာစရိယ စာမေးပွဲတွေပြီးတာနဲ့ ဖျက်မှာပါ” ဟု ဦးသန်းအောင် က ဆိုသည်။

Saturday, March 1, 2014
IRI မှ ရခိုင်နိုင်ငံရေး သမားများကို စစ်တွေတွင် သင်တန်းပို့ချ
၎င်းသင်တန်းသို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ
ကိုယ်စားလှယ် ၃ ဦး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)မှ ကိုယ်စားလှယ် ၃၂
ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)မှ ၄၅ ဦး အပါအ၀င်
ကြံခိုင်တိုးတက်ရေးပါတီ၊ တစည ပါတီ၊ မြိုခေါ် ခမီ အမျိုးသား ညီညွှတ်ရေး
ပါတီမှ ပါတီဝင်များလည်း တက်ရောက် ခဲ့ကြသည်ဟု သိရှိရသည်။
“ ဒီသတင်းက ဒီမိုကရေစီမြှင့်တင်ရေးနဲ့ အရည်အချင်းမြင့်တင်ရေးအတွက် ရည်ရွယ် ပြုလုပ်တာဖြစ်ပါတယ်။ ဒါ့ပြင် ထက်မြက် ထူးချွန်တဲ့ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီး ပါတီတစ်ခုကို စနစ်တကျ စုစည်း ဖွဲ့စည်းခြင်းနဲ့ ထိရောက်အောင်မြင်အောင် မဲဆွယ်စည်းရုံးရေးစတဲ့ ခေါင်းစဉ်တွေနဲ့ ဒီသင်တန်းကို ဟောပြော ပို့ချတာဖြစ်ပါတယ်”ဟု သင်တန်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သတ်ပြီး သင်တန်း ကြီးကြပ်ရေးမှူး ကိုညီညီမင်းက နိရဉ္စရာသို့ ပြောကြားခဲ့သည်။

မောင်တော သရေကုန်ဘောင်ရွာတွင် အိမ်တစ်လုံး မီးလောင်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် တည်ရှိသော သရေကုန်ဘောင်
ဘင်္ဂလီရွာတွင် မီးလောင်မူ ဖြစ်ပွားရာ အိမ်တစ်ဆောင် မီးထဲပါသွားကြောင်း
သတင်း ရရှိသည်။
“ ညနေ ၅ နာရီကျော်ကျော်မှာ လောင်တာပါ။ အိမ်တစ်လုံးဘဲ မီးထဲပါသွားပါတယ်” ဟု မောင်တောခရိုင် တည်ငြိမ်ရေးနှင့် ပြန်လည် နေရာချထားရေး အတွင်းရေးမှူး ဥပဒေအရာရှိ ဦးမြင့်သန်းက နိရဉ္စရာသို့ ပြောသည်။
“ ညနေ ၅ နာရီကျော်ကျော်မှာ လောင်တာပါ။ အိမ်တစ်လုံးဘဲ မီးထဲပါသွားပါတယ်” ဟု မောင်တောခရိုင် တည်ငြိမ်ရေးနှင့် ပြန်လည် နေရာချထားရေး အတွင်းရေးမှူး ဥပဒေအရာရှိ ဦးမြင့်သန်းက နိရဉ္စရာသို့ ပြောသည်။
ရခိုင်ရိုးမမှာ ဒိုင်နိုဆောလို့ ယူဆရတဲ့ ရုပ်ကြွင်း တွေ့
မကွေးတိုင်း ဒေသကြီး နဲ့ ရခိုင်ပြည်နယ် ကြားက ရခိုင်ရိုးမ တစ်နေရာမှာ
ဒိုင်နိုဆောနဲ့ အလား သဏ္ဌာန်တူတဲ့ သတ္တဝါကြီး တစ်ကောင် ရဲ့ ကျောက်ဖြစ်
ရုပ်ကြွင်း တစ်ခုကို တွေ့ရှိခဲ့ ပါတယ်။
ဒီရုပ်ကြွင်းနဲ့ အတူ ခရုတွေနဲ့ ဒေါင်းတစ်ကောင် အပြင် သစ်ပင် တွေရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေကိုလည်း Asia K.M.T ကုမ္ပဏီက တာဝန် ရှိသူတွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီရုပ်ကြွင်းနဲ့ အတူ ခရုတွေနဲ့ ဒေါင်းတစ်ကောင် အပြင် သစ်ပင် တွေရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေကိုလည်း Asia K.M.T ကုမ္ပဏီက တာဝန် ရှိသူတွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဧပြီတွင် မြန်မာနှင့်အင်္ဂလိပ် ဘာသာများဖြင့် ဖော်ပြသည့် စားကုန်များကိုသာ သွင်းခွင့်ပေးမည်
စားသုံးသူ ကာကွယ်ရေးဥပဒေနဲ့ နည်းဥပဒေ ပြဌာန်းပြီးဖြစ်မယ့် လာမယ့် ဧပြီလ
ဝန်းကျင်လောက်ဆိုရင် မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားတဲ့ စားသောက်ကုန်
ပစ္စည်းတွေကိုပဲ မြန်မာနိုင်ငံထဲ တင်သွင်းရောင်းချခွင့်ပြုတော့မယ်လို့
စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနအောက်ရှိ စားသုံးသူရေးရာဌာန
တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။
Friday, February 28, 2014
တပ်သိမ်းမြေ ဧက ၁၆၀၀ ကျော် မူလပိုင်ရှင်များထံ ပြန်ပေး
ဧရာဝတီတိုင်း ဒေသကြီးရှိ ယခင် စစ်အစိုးရ လက်ထက်က သိမ်းဆည်းထားသော
တပ်သိမ်းမြေများ အနက် ဧက ၁၆၀၀ ကျော်အား မူလပိုင်ရှင်များထံ ပြန်လည်
ပေးအပ်လျက် ရှိကြောင်း အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ တဦးက
ပြောသည်။
“မြေတွေ လွှဲပြောင်း ပေးဖို့ ကိစ္စတွေကို တတိုင်းလုံး အနေအထားနဲ့ မတ်လ ပထမ ပတ်ထဲမှာ အပြီး လုပ်ဖို့ စီမံ ထားပါတယ်။ ကျနော်တို့ အနေနဲ့ အခုချိန်ကတည်းက မြေတွေ ပြန်ပေးတယ် ဆိုတာက လာမယ့် မိုးရာသီ စိုက်ပျိုးချိန်အမီ လယ်သမားတွေ လက်ထဲကို လယ်တွေ ပြန်ရပြီး အချိန်မီ စပါးစိုက်ပျိုး နိုင်စေဖို့ အတွက် ရည်ရွယ် ပါတယ်”ဟု အနောက်တောင်တိုင်း စစ် ဌာန ချုပ် စခန်းရုံးမှ ဗိုလ်ကြီး ပေါငြိမ်းက ဧရာဝတီကို ပြောသည်။

နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ပဒေသာကပွဲ အင်းစိန်ထောင်တွင် ကျင်းပ၊ အင်ပါယာ တေးဂီတအဖွဲ့ ဖျော်ဖြေ
နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပဒေသာ ကပွဲ တစ်ခုကို
အင်းစိန် အကျဉ်းထောင် အတွင်းတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက
ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ နာမည်ကျော် အင်ပါယာ တေးဂီတ အဖွဲ့က လာရောက်
ဖျော်ဖြေခဲ့ကြောင်း အငြိမ်းစား ထောင်မှူးကြီး တစ်ဦးက ပြောကြားသည်။
အဆိုပါ ကပွဲကို အင်းစိန် အကျဉ်းထောင်ရှိ အကျဉ်းသူ၊ အကျဉ်းသားများနှင့် အကျဉ်းထောင် ဝန်ထမ်းများက ပါဝင် ကပြခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ဖျော်ဖြေခွင့် ရသည်မှာ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရ လက်ထက် နောက်ပိုင်းတွင် ပထမဆုံး အကြိမ် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရွေးကောက်ခံ မဟုတ်ဘဲ သမ္မတ ဖြစ်ခွင့်မရှိ မူဝါဒ ကာချုပ်မင်းအောင်လှိုင်ကို ရည်ရွယ်သလား
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေး မူဝါဒတွေကို ထုတ်ပြန်ခဲ့ရာမှာ ရွေးကောက်မဟုတ်ဘဲ
သမ္မတဖြစ်ခွင့်မရှိ ဆိုတဲ့ မူဝါဒ တရပ်ပါဝင်လာပြီး ၂၀၁၅ ရွေးကောက်ပွဲ အလွန်
သမ္မတ ဖြစ်ဖို့ တပ်တွင်းရေပန်းစားနေတဲ့ ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ မဖြစ်လာစေဖို့ ကြိုတင် ကာကွယ်
လိုက်တဲ့ ကြိုးပမ်းချက်လေလားဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။
မျိုးစောင့်ဥပဒေပြဌာန်းဖို့ သမ္မတနှင့် လွှတ်တော်အကြား အပြန်အလှန် တာဝန်လွှဲ
အမျိုးစောင့်ဥပဒေတွေ ပြဌာန်းနိုင်ဖို့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကနေ
တဆင့် ဥပဒေကြမ်းကို တင်ပြဆောင်ရွက်သွားပါလို့ ပြည်ထောင်စု လွှတ်တော်နာယက က
သမ္မတထံကို ဒီကနေ့မှာ သ၀ဏ်လွှာ ပြန်ပို့ခဲ့တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ က
ပြောပါတယ်။ မျိုးစောင့် ဥပဒေ လေး ခု နဲ့ ပတ်သက်ပြီးတော့
ဆန်းစစ်နိုင်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယကထံ
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က သဝဏ်လွှာပေးပို့ခဲ့ တာကို ဒီကနေ့
အကြောင်းပြန်လိုက်တာဖြစ်ပါတယ်။
ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင် မြန်မာ ၅ ဦး ပထမဆုံး အကြိမ် တက်မည်
နီပေါ နိုင်ငံ ဟိမ၀န္တာ တောင်တန်းတွင် တည်ရှိသည့် ကမ္ဘာ့အမြင့်ဆုံး
တောင်ဖြစ်သော ဧ၀ရက်တောင်(Everest)သို့ မြန်မာနိုင်ငံ သား ၅ ဦး
ပထမဆုံးအကြိမ် တက်ရောက်မည် ဖြစ်သည်။
တောင်တက်အဖွဲ့ အနေဖြင့် လာမည့်မတ်လ ၂၈ ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး နီပေါနိုင်ငံ မြို့တော် ခတ်ဒမန်ဒူ သို့ မတ်၂၉ တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ပြင်ဆင်မှုများပြုလုပ်၍ တောင်တက်ခရီးကို စတင်မည် ဖြစ်ကြောင်း တောင် တက်မည့်သူ တဦးဖြစ်သည့် ကိုစိုင်းကျော်သူထွေးက ပြောသည်။

Thursday, February 27, 2014
ဆင်းထုတော်တွင်ပျားစွဲ ဖူးမြှော်ကြသူမစဲ
ထူးခြားဖြစ်စဉ်တစ်ခုကို အကြောင်းပြု၍ မှတ်တမ်းတစ်ခု အဖြစ်ပြော
ဆိုလေ့ရှိသည်။ ရထားလမ်းဖောက် သည့်နှစ်က၊ လေပြင်း တိုက်သည့်နှစ်က၊
ကျောင်းရေစက်ချတဲ့နှစ်က၊ မီးလောင်တဲ့နှစ်က စသည်ဖြင့်မှတ်တမ်း
အဖြစ်ပြောဆိုကြရာတွင် ဂန့်ဂေါမြို့နယ်သူ၊
မြို့နယ်သားများပြောဆိုလေ့ရှိသောစကားမှတ်တမ်းများထဲ၌ ရေကြီး
လျှံတဲ့နှစ်ကဟူသော မှတ်တမ်းလည်းတစ်ခုအပါအဝင်ဖြစ်သည်။
၁၉၆၈ ခုနှစ်က မြစ်သာမြစ်ရေမှာ အမြင့်ဆုံး စံချိန်း တင်ရေကြီးရေ လျှံမှုဖြစ်ခဲ့ရာ ကျေးရွာ များသို့ရေလျှံ တက်သဖြင့် အမြင့်ပိုင်း သို့ပြောင်းရွှေ့နေ ထိုင်ကြရ သည့် ကျေးရွာများ အနက် အောင်မြင်ကျေးရွာသည်လည်း တစ်ရွာအပါအဝင်ဖြစ်သည်။

၉၆၉ နှင့် သံဃာများကို တိုက်ခိုက်လျက်ရှိသည့် အစီအစဉ်များမှာ နိုင်ငံရေး ပါတီကြီးတစ်ခုက စနစ်တကျ စီစဉ်ဆောင်ရွက်ထားခြင်း ဖြစ်နေ
ဖေဖော်ဝါရီလ ၂၇ ရက်မှစတင်၍ နိုင်ငံရေးပါတီကြီးတစ်ခု၏ အစည်းအဝေးအတွင်း ပြောကြားချက် ဟု ယူဆရသော အသံဖိုင်တစ်ခု
ပြန့်နှံ့လာခဲ့ရာ ဗုဒ္ဓဘာသာရဟန်းတော်များ၊ အမျိုးသားရေး အင်အားစုများကို
တိုက်ခိုက်ထိုးနှက်သည့် အစီအစဉ်များ ပါဝင်နေကြောင်း သိရှိရသည်။
ယင်းအသံဖိုင်တွင် ဥက္ကဌကြီးကို တိုင်တည်၍ ရှင်းလင်းတင်ပြနေမှုများတွင် လွန်စွာမှပင် အန္တရာယ်ကြီးမားလှသော အစီအစဉ်များ ပါဝင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စရပ်များပါ ပါဝင်နေသဖြင့် NLD ပါတီ အစည်းအဝေးတစ်ခုမှ ပေါက်ကြားလာခြင်း ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း လေ့လာသူများက ယူဆလျက်ရှိသည်။

Subscribe to:
Posts (Atom)