ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်
ကိုယ်စားလှယ် ဦးလှဆွေကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆို
သွားမည်ဟု ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဖေဖော်ဝါရီလ ၃ ရက်က
မဇ္ဈိမကို ပြောသည်။
၎င်းက “ဒေါ်စုကလွဲရင် ကျန်တဲ့ အင်န်အယ်လ်ဒီ (အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်)ကောင်တွေ သောက် သုံးမကျဘူး။ နောက်တစ်ခုက ဒီချုပ်ကို
ဒီရှုပ်လို့ပြောတာ။ အဲဒါတွေပြောတာနဲ့ ပတ်သက်ပြီး အန်ကယ်တို့ က ဥပဒေကြောင်းအရ
တရားစွဲဖို့ ဆုံးဖြတ်လိုက်တယ်”ဟု ပြောသည်။
နေပြည်တော်ရှိ စည်ပင်ရိပ်သာရှိ ခန်းမဆောင်တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်၊
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား
ကိုယ်စားလှယ်များ ညစာစားပွဲ ကျင်းပနေစဉ် မဇ္ဈိမ၏ မေးမြန်း ချက်ကို
မိတ်္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဝင်းထိန်က
အထက်ပါအ တိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “တရားစွဲတဲ့အခါ Criminal case ကော Civil case ကောနဲ့ စွဲဆိုသွားမှာပါ”ဟု ပြောသည်။
ဦးဝင်းထိန်က တရားစွဲဆိုမှုများကို တစ်ပတ်မှဆယ်ရက်အတွင်း ဆောင်ရွက်သွားမည်ဟု
ပြောကြားသော် လည်း မည်သည့်အစည်းအဝေးဆုံးဖြတ်ချက်အရ ဆောင်ရွက်သည်၊
မည်သည့်မြို့နယ်တွင် တရားစွဲဆို မည်၊ မည်သူက တရားလိုပြုလုပ်၍ တရားစွဲဆိုမည်
စသည့် အသေးစိတ် အချက်အလက်များကိုမူ ပြော ကြားရန် ငြင်းဆိုခဲ့သည်။
၎င်းက “အန်ကယ်တို့က ဒေါ်အောင်ဆန်းစုကြည်မပါဘဲတောင် ဆုံးဖြတ်ချက် ကျသွားတာ။
ကျသွား(ဆုံး ဖြတ်ချက်)တော့မှ ဒေါ်စုကို သတင်းပို့လိုက်တာပါ”ဟု
ပြောကြားခဲ့သော်လည်း အဆိုပါဆုံးဖြတ်ချက်နှင့် ပတ်သက်၍
ဒေါ်အောင်ဆန်းစုကြည်၏သဘောထားကိုမူ မပြောကြားခဲ့ပေ။
၎င်းကဆက်လက်၍ “စိတ်တော့မကောင်းပါဘူး။ အဲလိုလုပ်ရတာ။ ဒါပေမဲ့ ငုံ့ခံလို့ရှိရင် ပိုပိုကဲလာစရာရှိ တယ်”ဟု ဖြည့်စွက်ပြောသည်။
ဦးဝင်းထိန်က ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်က မကြာသေးမီက ပြောကြားချက်၊
ယခု ဦးလှဆွေ၏ပြော ကြားချက်များသည် အပေါ်မှ တစ်စုံတစ်ယောက်၏
အချက်ပြမှုကြောင့် ဖြစ်နိုင်သည်ဟုလည်း သုံးသပ် ပြောကြားသည်။
၎င်းက “အပေါ်က တစ်ခုခု Indication ပြတယ်လို့ ယူဆတယ်။ အပေါ်က တစ်ခုခုပေါ့။
မင်းတို့ စပြီးလုပ် လို့ရပြီ။ နိုင်ငံရေးအရ မင်းတို့ ပုတ်ခတ်လို့ရပြီ။
ဒါကြောင့် လုပ်တယ်လို့ ယူဆတယ်”ဟု ပြောသည်။
ြ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်
ကိုယ်စားလှယ် ဦးလှဆွေက ပြည် တွင်းမီဒီယာတစ်ခုဖြစ်သော Hot News
စာစောင်နှင့် အင်တာဗျူးတွင် “အင်န်အယ်လ်ဒီမှာ ဒေါ်အောင် ဆန်းစုကြည်ကလွဲရင်
ကျန်တဲ့ကောင်တွေ တစ်ကောင်မှ သောက်သုံးမကျဘူး၊ ၂၀၁၅ မှာလည်း ကျွန် တော်
ဒီရှုပ်ပါတီက ဦးမဲပါ။ ကြံ့ဖွံ့ပါတီက ဘူးလက်လှဆွေနဲ့ ပြိုင်ပါတယ်ဆိုပြီး
ပုံကိုပြပြီးပြိုင်ပါ။ ဗိုလ်ချုပ် အောင်ဆန်းပုံ ဗီနိုင်းချိတ်ပြီးပြိုင်တာ
သတိ္တမရှိလို့ပဲ”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးအောင်ကြည်ညွန့်က အများနှင့် ပတ်သက်သောသူများသည် စကားပြောဆိုရာတွင်
ပြင်းပြင်းထန်ထန် ကြမ်းတမ်းစွာ မပြောဆိုသင့် ကြောင်း ပြောသည်။
Mizzima
No comments:
Post a Comment