Showing posts with label တွေးစရာ. Show all posts
Showing posts with label တွေးစရာ. Show all posts

Friday, January 10, 2014

လူရွှင်တော်ဖြစ်ရတဲ့ ဒုက္ခ

အတိတ်ဘဝက ပေးတဲ့ရုပ်၊ အတိတ် ဘဝက ပေးတဲ့ကံ၊ ပင်ကို မူလဝါသနာနဲ့ ပေါင်းစပ် လိုက်မိတော့ လူရွှင်တော်ပေါ့။ တချို့က ပြောကြပါတယ်။ ငယ်ငယ်လေးထဲက ကလေးတွေရဲ့ အပြုအမူ၊ နေထိုင်မှုက ကစားမှုပေါ်မှာ မူတည်တယ်လို့လည်း ဆိုကြပါတယ်။ ပြီးတော့ ရှိသေးတယ်။ ကျောင်းဆရာက မွေးရင် ကျောင်းဆရာ ဖြစ်မယ်၊ စစ်သားက မွေးရင် စစ်သား ဖြစ်မယ် စတဲ့ မျိုးရိုး လိုက်တယ် လို့လည်း ဆိုရိုးစကားတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မိဘက ကျောင်းအုပ် ဖြစ်တိုင်း၊ ကျောင်းဆရာ မဖြစ်သလို၊ သူခိုးက မွေးတိုင်းလည်း သူခိုး မဖြစ်လာပါဘူး။

Sunday, December 29, 2013

ထင်ရှားမှတ်သား ၂ဝ၁၃ သမိုင်း စကားများ

၂ဝ၁၃ မကြာမီ ကုန်ဆုံးတော့မည်။ ၂ဝ၁၃ အတွင်း နာမည်ကျော် ပုဂ္ဂိုလ်များ၏ ထင်ရှား မှတ်သားစကား များကို လေထဲပျောက်ပျက် မသွားစေရန် စုစည်း တင်ဆက် လိုက်ပါ သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
”ကျွန်မ သမ္မတ မဖြစ်ချင်ဘူး လို့ ဟန်ဆောင် လိုက်ရင် ကျွန်မ မရိုးသားရာ ကျမှာပေါ့။ အဲဒီအစား ကျွန်မ ပြည်သူတွေ အပေါ် ရိုးရိုးသားသား ပြောပါတယ်” ဟု နေပြည်တော် တွင် ဇန်နဝါရီ ၃ဝ ရက်က

Thursday, December 19, 2013

ကျွန်တော့် ဇနီး အလုပ်မလုပ်ပါ....

Mr. Bandy နှင့် အသက် အရွယ်ကြီးပြီ ဖြစ်သော ဦးလေးကြီးတို့ စကားပြော နေကြတယ်။
ဦးလေးကြီး ။ ။ Mr. Bandy က ဘာအလုပ်လုပ်သလဲ။
Mr. Bandy ။ ။ ဘဏ်မှာ Accountant လုပ်ပါတယ်။

Wednesday, December 18, 2013

အများနှင့် သက်ဆိုင်သော ကံကြမ္မာနှင့် ကိုယ်ကျင့်တရား

ကမ္ဘာပေါ်ရှိ လူသားတိုင်း ၎င်းတို့ ၏ မိခင်ဝမ်းကြာတိုက်မှ မွေးဖွားသန့် စင်လာခဲ့သော ခုနှစ်သက္ကရာဇ်၊ မွေးဖွား ခဲ့သည့် လနှင့် နေ့ရက်များ၊ လူလောက သို့ စတင်ရောက်ရှိခဲ့ သည့် အချိန်၊ ယင်း အချိန်ကာလနှင့် တစ်ပြိုင်နက်တည်းဖြစ် ပေါ်နေသော ကောင်းကင်တွင် ကောဇာ သွားနေကြသည့်

Tuesday, December 10, 2013

ယောက်ျားဆိုတာ

အမျိုးသား တစ်ယောက် ရှိတယ်။ သူက အမျိုးသမီး သုံးယောက်ထဲက တစ်ယောက်ကို လက်ထပ်ဖို့အတွက် ဘယ်လိုရွေးချယ်ရမလဲ ဆိုတာကို အချိန်အတော် ကြာအောင် စဉ်းစားနေတယ်။
ထိုသုံးယောက်ကို စာမေးပွဲစစ်ဖို့ သူဆုံးဖြတ် လိုက်ပါတယ်။ ဒါကြောင့်

Saturday, December 7, 2013

တန်ဖိုးရှိသော ဘဝတစ်ခု

ဆေးရုံတစ်ခုထဲက အခန်းတစ်ခန်းထဲမှာပေါ့။ လူနာ ၂ ယောက်အတူနေတယ်။ တစ်ယောက်က အဝင်တံခါးဝမှာ။ တိုက်ပွဲ ဗုံးဒဏ်၊ ကျည်ဒဏတ်ကြောင့် မျက်လုံး ပက်တီးစီးထားရပြီး တစ်ကိုယ်လုံး ကြေမွနေသူ။ အသက်ရှင်ဖို့ စိတ်အားပြင်းထန်မှ