ကမ္ဘာပေါ်ရှိ လူသားတိုင်း ၎င်းတို့ ၏ မိခင်ဝမ်းကြာတိုက်မှ မွေးဖွားသန့်
စင်လာခဲ့သော ခုနှစ်သက္ကရာဇ်၊ မွေးဖွား ခဲ့သည့် လနှင့် နေ့ရက်များ၊ လူလောက
သို့ စတင်ရောက်ရှိခဲ့ သည့် အချိန်၊ ယင်း အချိန်ကာလနှင့်
တစ်ပြိုင်နက်တည်းဖြစ် ပေါ်နေသော ကောင်းကင်တွင် ကောဇာ သွားနေကြသည့်
ဂြိုဟ်ကြီးများ၏ ရာသီ ခွင် ၁၂ခွင်တွင် ရပ်တည် မှုအနေအထား တို့အား
နက္ခတ်ပညာဖြင့် မှတ်တမ်းပြု ခြင်းဖြင့် ထိုသူ၏ ဖွားဇာတာတစ်စောင် ဖြစ်ပေါ်လာ
ရသည်။ နိုင်ငံများနှင့် ပတ် သက်လျှင် လည်း နိုင်ငံစ တင်တည်ထောင် သည့်
ခုနှစ်၊ လ၊ နေ့ရက်နှင့် ကိုလိုနီ နယ်ချဲ့လက်အောက်ခံဘဝမှ လွတ်လပ်
ရေးရရှိခဲ့သည့် ခုနှစ်၊ လ၊ နေ့ရက်အ ချိန်တို့ကို နက္ခတ် ပညာဖြင့် ဇာတာဖွဲ့
တွက်ချက်၍ ထိုနိုင်ငံ၏ အနာဂတ်ကို တွက်ချက်ရ သော အတတ်ပညာသည်
နှစ်ပေါင်းထောင်ချီ၍ ထွန်းကားလျက် ရှိနေသောပညာရပ်ဖြစ်သည်။ အင်္ဂလိပ်၊ အမေရိ
ကန်၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိ ယနှင့် အာရပ်ကမ္ဘာအစရှိသည့် ကမ္ဘာ့
နိုင်ငံအများစုနှင့်တကွ လူမျိုး၊ ဘာသာ မရွေး ဤကဲ့သို့ပင် ထပ်တူလေ့လာလိုက်
စားခဲ့ကြသည့် နက္ခတ်ပညာကို စာရေး သူသည် လွန်စွာစိတ်ဝင်စားသဖြင့် နှစ်
အတန်ကြာကပင် စူးစမ်းလေ့လာခဲ့ သည်။ ကောင်းကင်မှဂြိုဟ်များ၏ ကမ္ဘာနှင့်
လူသားများအပေါ် လွှမ်းမိုးမှု (Influence) ကို သိရှိလို၍ လေ့လာခြင်းဖြစ်သည်။
များစွာ စိတ်ဝင်စား ဖွယ်ကောင်းလှသော ဖြစ်စဉ်များ အကြောင်းအရာများစွာထဲမှ
စာရေးသူ အနေဖြင့် တွေ့ရှိ တင်ပြ လို သော အချက်တစ်ချက်မှာ ဂြိုဟ်တို့၏
လွှမ်းမိုးမှုဖြစ်စဉ်မှ ဖြစ်ပေါ်သော ကံ ကြမ္မာနှင့် ကိုယ့်ကျင့်တရား ဆက်စပ်မှု
အကြောင်း အရာပင် ဖြစ်သည်။
စနေဂြိုဟ်၊ ရာဟုဂြိုဟ် အစရှိ သော ဂြိုဟ်ကြီးများသည် ကောဇာသွား နေကြရင်း
လူတစ်ဦးချင်းစီတိုင်း၏ ဇာ တာရှိ ”လဂ်”တည်ရှိသည့်ရာသီ၊ ”စန်း”
တည်ရှိသည့်ရာသီနှင့် အလုပ်ဂြိုဟ်ခေါ် တွင်သည့် တနင်္ဂနွေဂြိုဟ် တည်ရှိသော
ရာသီ၊ အလုပ်အိမ်(ခေါ်) ကမ္မဘာဝ တည်ရှိသည့် ရာသီများသို့ စီးနင်းခြင်း၊
မြင်ခြင်းအပါအဝင် ရာသီခွင် ၁၂ ခွင် လုံး မလွတ်အောင် ကောဇာသွားနေခြင်း ဖြင့်
ဖြတ်သန်းခံကြရသည်။ နာရီလက် တံပြောင်းပြန်အတိုင်း ရွေ့လျားသည့် ဂြိုဟ်များ၊
နာရီလက်တံရွေ့လျားသကဲ့သို့ လိုက်၍ ရွေ့လျားသည့် ဂြိုဟ်များ အစရှိ သဖြင့်
အထက်နှင့်အောက် မလွတ်စေ ဘဲ စုန်ဆန်ရွေ့လျားကြသည်။ မည်သူ တစ်ဦး တစ်ယောက်မျှ
ရှောင်ကွင်း၍ တိမ်းရှောင်၍ရသော အရာမဟုတ်ပေ။ ထိုသို့ အထက်ဖော်ပြပါ
ဂြိုဟ်ဆိုးကြီးများ စီးနင်းခံရတိုင်း လူများဒုက္ခရောက်ကြရ မည်ဆိုလျှင်
လောကကြီးသည် နေချင်စ ရာရှိမည် မဟုတ်တော့ပေ။ လူအားလုံး ဒုက္ခပင်လယ်ဝေသည့်
ကိန်းဆိုက်နေ လိမ့်မည်ဖြစ်သည်။ လူအများစုသည် မိမိတို့မူလဇာတာရှိ
လဂ်တည်ရှိသည့် ရာသီ၊ စန်းတည်ရှိသည့် ရာသီနှင့် အ လုပ်ဂြိုဟ်၊
အလုပ်အိမ်တည်ရှိသည့် ရာ သီများပေါ်သို့ ဖော်ပြပါ စနေဂြိုဟ်၊ ရာ
ဟုဂြိုဟ်ကြီးများ စီးခြင်း၊ မြင်ခြင်း၊ ဖြတ် သန်းခြင်းကို ခံနေကြရ ရင်း
စီးပွားဥစ္စာ တက်နေသူတွေ၊ ရာထူးဂုဏ်သိန် မြင့် တက်နေကြသူတွေ
အများကြီးမြင်တွေ့ နေရသည်။ အံ့သြစရာမဟုတ်ပေ။ လူ အမျိုးမျိုး၊ ဘဝအဖုံ
ဖုံရှိကြသည်ဖြစ်ရာ မိမိတို့ဘဝရပ် တည်မှုအပေါ်တွင် ထားရှိ သည့်စိတ်ထား၊
ထိုစိတ်ထားအပေါ် ကျင့် ကြံသည့် ကိုယ့်ကျင့်တရား သည်ကံကြ မ္မာ ကောင်းခြင်း၏
အကြောင်း ရင်းခံ ရေ သောက်မြစ်ဖြစ်သည်။ အကြောင်းတရား ရှိ၍
အကျိုးတရားဖြစ်ပေါ်လာရသည်။ အကျိုးတရားကောင်းလိုပါက အကြောင်း
တရားကောင်းနေဖို့ အရေးကြီးပေ သည်။
ယနေ့ပြည်သူလူထုကို ဗဟိုပြု အုပ်ချုပ်သောစနစ်ဖြင့် ပြုပြင်ပြောင်းလဲ
ရေးသို့ ဦးတည်နေသော ဒီမိုကရေစီ အစိုးရ လက်ထက်တွင် စနစ်ဟောင်းက
အကျင့်ဟောင်း အတိုင်း လုပ်ဆောင်နေ သူများအဖို့ အထူးသတိပြုဆင်ခြင်သုံး
သပ်သင့်ပေသည်။ နေအိမ်တစ်လုံးကို ထောက်ထားသော ဒေါက်တိုင်များ
တိမ်းစောင်းယိုင်နဲ့နေခြင်းကို အချိန်မီ ပြုပြင်လျှင် ပြုပြင်၊မပြုပြင်ပါက
ထိုအိမ် ကြီး ပြိုလဲပျက်စီးတတ်သကဲ့သို့ မိမိတို့ ၏ ယိုင်နဲ့နေသော
ကံကြမ္မာကို အချိန် မီ မပြုပြင်ပါက ဘဝများသည်လည်း ပြို လဲ ပျက်စီးတတ်ပေသည်။
နေအိမ်ပြိုလဲ လျှင် အိမ်တွင်းရှိ ပစ္စည်းများ ပျက်စီးဆုံး ရှုံးသကဲ့သို့
မိမိတို့ဘဝများ ပျက်စီးလျှင် မိမိအားမှီခိုနေသော သား၊ မယား၊ မိ သားစုများ
သည် လည်း ကံဆိုးရာနောက် ကောက်ကောက်ပါ ပျက်စီးကိန်း ကြုံ တွေ့ကြရပေမည်။
ယနေ့မြန်မာနိုင်ငံအတွင်းရှိ တိုင်း ရင်းသား သွေးချင်းများနေထိုင်ရာ အ
ရပ်ဒေသအချို့တွင် ငြိမ်းချမ်းမှုမရှိသေး သည်ကို တွေ့မြင်နေရသဖြင့် စိတ်မ
ကောင်းဖြစ်မိသည်။ ငြိမ်းချမ်းမှုမရရှိ သေးသဖြင့် မဖျက်သိမ်းနိုင်သေးသော
ဒုက္ခသည်စခန်းများ၊ အသစ်တိုးလာ သည့် စစ်ပြေးဒုက္ခသည်စခန်းများကြောင့်
ဒေသဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်နေပြီး တည်ငြိမ်မှု ကင်းမဲ့နေသည်ကို
တွေ့ရှိရသည်။ ငြိမ်းချမ်းမှုမရရှိသေးသ ဖြင့်
သွေးချင်းညီအစ်ကိုမောင်နှမများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝ
မြှင့်တင်ပေးရေးတို့အတွက် အဟန့်အ တား များစွာဖြစ်နေသည်ကို တွေ့ရှိရ သည်။
တိုးတက် ပြောင်းလဲလာသော ခေတ်နှင့်အညီ ပြည်ပမှရောက်ရှိလာရ မည့်
အကူအညီအထောက်အပံ့များ လည်း ထိုဒေသများသို့ မရောက်ရှိနိုင်
သေးသည်ကိုတွေ့နေရသည်။ မည်သည့် အချက်များတွင် လွဲမှားနေသည်မသိ၊ မိမိ
အနေဖြင့် တွေ့ရှိထားသည်မှာ ငြိမ်း ချမ်းရေးဆိုသည်မှာ အဝေးကြီးတွင်ရှိ
သည်မဟုတ်ပေ။ ငြိမ်ချမ်းရေးသည် အမေရိကမှလည်းမလာ၊ တရုတ်ပြည်မှ လည်း
ငြိမ်းချမ်းေ ရးရရှိအောင် လုပ်ယူ ပေးလို့ရသည်မဟုတ်၊ ငြိမ်းချမ်းရေးသည်
မိမိတို့ တစ်ဦးချင်းစီ၏ နှလုံးစိတ်ဝမ်းထဲ တွင်သာရှိသည်။ မိမိကိုယ်မိမိ
ငြိမ်းချမ်း အောင်နေထိုင်မှ ငြိမ်းချမ်း လိုစိတ်ရှိမှ မိမိ၏ မိသားစုအတွင်း
ငြိမ်းချမ်းမည်။ မိမိရပ်ရွာဒေသငြိမ်းချမ်းလာမည်။
ထိုမှ တစ်ဆင့် မိမိတိုင်းပြည် ငြိမ်းချမ်းရေးရရှိ မည်ဖြစ်သည်။
ထိုအချက်များကို အခြေ ခံ၍ ငြိမ်းချမ်းရေးဆွေးနွေးခြင်းဖြင့် ယုံ ကြည်မှုများ
လွယ်လင့်တကူရရှိပြီး တိုင်း ပြည်သည် ငြိမ်းချမ်းသော တိုင်းပြည်
ဖြစ်လာမည်ဟု ယုံကြည်ပါသည်။ မိမိတို့ မှီတင်းနေထိုင်လျက်ရှိသော
မြန်မာနိုင်ငံ တော်ကြီးသည် ကိုလိုနီအုပ်ချုပ်မှုလက် အောက်မှလွတ်မြောက်၍
လွတ်လပ်ရေး ရရှိခဲ့သည်မှာ နှစ်ပေါင်း ၆ဝ ကျော်လွန် ခဲ့ပြီဖြစ်သည်။
အချုပ်အခြာအာဏာပိုင် ဆိုင်သော နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ အလယ်တွင်
ရပ်တည်ကာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိခဲ့သော်လည်း လက် နက်ကိုင်
ပဋိပက္ခများနှင့်တကွ အကြောင်း ကြောင်းကြောင့် မြန်မာနိုင်ငံသည်ဒေသ တွင်း
အခြားနိုင်ငံများနှင့်ယှဉ်လျှင် များ စွာ နောက်ကျနေသည်ကို လူတိုင်းသိရှိ
ကြပေသည်။ မိမိတို့ ကံမကောင်းသေး ဘူးဟု သုံးသပ်၍ရပေသည်။ တိုင်းပြည်
ကံကြမ္မာကောင်းဖို့ အဝေးကြီး စောင့်နေ စရာမလိုပေ။ ပြည်သူပြည်သားအားလုံး က
ငြိမ်းချမ်းလိုစိတ်၊ ဖွံ့ဖြိုးတိုးတက်လို စိတ်များဖြင့် တိုင်းပြည်အတွက်
မှန်ကန် သောစေတနာထားရှိပါလျှင် သယံဇာတ ပြေါ<ွကယ်ဝသော မြန်မာပြည်သည် အ
ချိန်ခဏတာ ကာလအတွင်းပြောင်းလဲ တိုးတက်လာပြီး ဒေသတွင်း အခြားနိုင်ငံ
များနှင့် ဖွံ့ဖြိုးတိုးတက်မှု၌ ရင်ပေါင်တန်း နိုင်သော နိုင်ငံတစ်နိုင်ငံ
ဖြစ်လာမည်ဟု ယုံကြည်မိပါသည်။
ကံကြမ္မာနှင့် ကိုယ်ကျင့်တရား သည် အမြဲဆက်စပ်နေသည်။ လူတစ်ဦး ချင်းမှအစ
နိုင်ငံတစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုး တက်ဖို့၊ ငြိမ်းချမ်းဖို့အတွက်
ကိုယ်ကျင့် တရားက အခြေခံအကျဆုံးအရာဖြစ် သည်။ လောကကြီးတွင် ဂြိုဟ်ဆိုးချည်း
ဟူ၍ မရှိ၊ ဆိုးသော ဂြိုဟ်များလည်း ကောင်းတတ်သကဲ့သို့ ကောင်းသောဂြိုဟ်
များလည်းဆိုး တတ် သည်။ ဂြိုဟ်ဆိုးဝင် သော်လည်း ဘဝသည် မပျက်မယွင်း
တည်ငြိမ်အေးချမ်းစေသော အခြေခံအ ကြောင်းတရားသည် မိမိတို့ စိတ်ထား
တတ်မှုပင်ဖြစ်သည်။ ဤသည်မှာ နက္ခတ္တ ဗေဒပညာ၏ အနှစ်သာရတစ်ခုလည်း ဖြစ်သည်။
လူ့ဘဝသည် ဂိမ်းကစား နည်းနှင့်ဆင်တူသည်။ ဂိမ်းခလုတ်များ နှိပ်၍
ကားမောင်းနေရင်း သတိမမူမိပါ က ချောက်ထဲပြုတ်ကျ၍ အမှတ်လျော့ သွားသကဲ့သို့
သတိဖြင့် မောင်းနှင်နေရင်းက (Bonus) ခေါ် ဆုလာဘ်များပါသော
အထုပ်များအားဝင်တိုးပြီး အမှတ် တက်သွားတတ်သည်။ ထိုသို့ မောင်းနှင် နေရင်းက
သတိလက်လွတ်၍ ချောက် ထဲထပ်မံကျပြီး Game Over ဖြစ်သွားနိုင်သကဲ့သို့
သတိလက်လွတ်မဖြစ်သဖြင့် အမှတ် များ ထပ်မံရရှိကာ နောက်တစ် ဆင့်
တက်သွားနိုင်သည်။ ထို့ကြောင့် မိမိဘဝကို Game Over အဖြစ်ခံမလား၊ နောက်
တစ်ဆင့်တက်မည်လားဆိုသည် မှာ ကိုယ်ကျင့် တရားဟူသော သတိဖြင့်
ဆင်ခြင်လုပ်ဆောင်မှုအပေါ်တွင်သာ မူ တည်ပေသည်။ ကိုယ်ကျင့်တရားကောင်း ၍
ကံကောင်းထောက်မမှု မရရှိသေး သည်ထားဦး၊ အနည်း ဆုံးတော့ ဒုက္ခ မ ရောက်နိုင်ပေ။
ထိုသူများကံကြမ္မာကောင်း ပြီဆိုလျှင်တော့ ဘဝသည် ဖြောင့်ဖြူးဖို့
သာရှိတော့သည်။ အကျိုးပေးအလွန် ကောင်းသည်။ ဤဘဝ အတွက်သာမက ဖြစ်လေရာ ဘဝအတွက်ပါ
ကံကြမ္မာ သည် လိုက်၍ကောင်းနေ မည်ဖြစ်ပါ ကြောင်း ရေးသားတင်ပြအပ်ပါသည်။
by popular news
No comments:
Post a Comment