မြန်မာနိုင်ငံမှ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးဖြစ်သည့်
ဦးအေးမောင်နှင့် ဦးအေးသာအောင်တို့အား လွန်ခဲ့သည့်လက မလေးရှားနိုင်ငံတွင်
လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့မှုတွင် ပါဝင်သည်ဟု သံသယရှိသူ တစ်ဦးအား
ဖမ်းဆီးရမိပြီဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်ဟု Bernama
သတင်းဌာနက ဖော်ပြလိုက်သည်။
မလေးရှားရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးပြီးနောက် အဆိုပါပြောကြားချက်ကို ရဲတပ်ဖွဲ့စုံစမ်းရေးမှူး အကြီးအကဲ Tan Sri Khalid Abu Bakar ပြောကြားခဲ့ခြင်းဖြစ်သည်။
မလေးရှားရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးပြီးနောက် အဆိုပါပြောကြားချက်ကို ရဲတပ်ဖွဲ့စုံစမ်းရေးမှူး အကြီးအကဲ Tan Sri Khalid Abu Bakar ပြောကြားခဲ့ခြင်းဖြစ်သည်။