Showing posts with label Home. Show all posts
Showing posts with label Home. Show all posts

Tuesday, March 4, 2014

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ကို အင်န်အယ်လ်ဒီ တရားစွဲမည်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆို သွားမည်ဟု ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဖေဖော်ဝါရီလ ၃ ရက်က မဇ္ဈိမကို ပြောသည်။

၎င်းက “ဒေါ်စုကလွဲရင် ကျန်တဲ့ အင်န်အယ်လ်ဒီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)ကောင်တွေ သောက် သုံးမကျဘူး။ နောက်တစ်ခုက ဒီချုပ်ကို ဒီရှုပ်လို့ပြောတာ။ အဲဒါတွေပြောတာနဲ့ ပတ်သက်ပြီး အန်ကယ်တို့ က ဥပဒေကြောင်းအရ တရားစွဲဖို့ ဆုံးဖြတ်လိုက်တယ်”ဟု ပြောသည်။

နေပြည်တော်ရှိ စည်ပင်ရိပ်သာရှိ ခန်းမဆောင်တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ ညစာစားပွဲ ကျင်းပနေစဉ် မဇ္ဈိမ၏ မေးမြန်း ချက်ကို မိတ်္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဝင်းထိန်က အထက်ပါအ တိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဘုရင့်နောင်ပွဲရုံ ပြည့်တန်ဆာ လုပ်ငန်းများကို ပူးပေါင်းအဖွဲ့ စတင်ဖမ်းဆီး

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ အဓိက ရောင်းဝယ် ဖောက်ကားရာ ရန်ကုန်မြို့တော်ရှိ ဘုရင့်နောင် ပွဲရုံဝင်းအတွင်း ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်မှုများ ရှိသဖြင့် ပူးပေါင်းအဖွဲ့ ဖွဲ့စည်း၍ လိုက်လံဖမ်းဆီး စစ်ဆေးနေရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကုန်တင်ယာဉ်များ ရပ်နားသည့် နေရာများတွင် ပြည့်တန်ဆာ များဖြင့် မြှူဆွယ် နေကြသဖြင့် အခြားသူများကို အနှောင့်အယှက် ဖြစ်စေကြောင်း အဆိုပါ ပူးပေါင်းအဖွဲ့ဝင် ဦးထွန်းဝင်းက ပြောကြားသည်။

SSPP/SSA အဓိက တပ်စခန်း ၂ ခု အစိုးရ စစ်တပ် သိမ်းပိုက်

ရှမ်းပြည် တပ်မတော် မြောက်ပိုင်းရဲ့ အရေးပါတဲ့ တပ်စခန်း ၂ ခုကို ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အစိုးရ စစ်တပ်က ၂ရက် အကြာ တိုက်ခိုက်ပြီး သိမ်းပိုက် လိုက်တယ်လို့ သိရပါတယ်။
“အဲ့ဒီ ၂ နေရာလုံးက ကျနော်တို့ အတွက် စစ်ရေး အရရော၊ စီးပွားရေး အရပါ အရေးပါတဲ့ နေရာတွေ ဖြစ်ပါတယ်၊ သူတို့ ဒီနေရာ တွေ ကို ရပြီဆိုတော့ ကျနော်တို့ ဝမ်ဟိုင်း ဌာနချုပ်ကိုလည်း စစ်ရေး အရ ခြိမ်းခြောက်မှုတွေ လုပ်လာနိုင်ပါတယ်”လို့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းမှ ဗိုလ်မှူးကြီး ပိန်ဖက ဧရာဝတီကို ပြောပါတယ်။

မောင်တောမြို့နယ် လယ်မြေများရှိ ကျူးကျော်အဆောက်အအုံများ စိစစ်ရန်လို

လူဦးရေထူထပ်လာသည့် မောင်တောမြို့နယ်အတွင်း အဆောက်အအုံများ တိုးချဲ့တည်ဆောက်လာကြရာ လယ်မြေများတွင် ကျူးကျော်တည်ဆောက်မှုများ ရှိနေသဖြင့် အဆိုပါ အဆောက်အအုံများကို စိစစ်ပေးရန်လိုအပ်နေကြောင်း စိုက်ပျိုးရေးဌာန ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးအား မလေးရှားနိုင်ငံတွင် လုပ်ကြံရန် ကြိုးပမ်းခဲ့မှုအတွက် တရားခံတစ်ဦး ဖမ်းမိကြောင်း မလေးရှားရဲတပ်ဖွဲ့ ပြောကြား

မြန်မာနိုင်ငံမှ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဦးအေးမောင်နှင့် ဦးအေးသာအောင်တို့အား လွန်ခဲ့သည့်လက မလေးရှားနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့မှုတွင် ပါဝင်သည်ဟု သံသယရှိသူ တစ်ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်ဟု Bernama သတင်းဌာနက ဖော်ပြလိုက်သည်။
မလေးရှားရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးပြီးနောက် အဆိုပါပြောကြားချက်ကို ရဲတပ်ဖွဲ့စုံစမ်းရေးမှူး အကြီးအကဲ Tan Sri Khalid Abu Bakar ပြောကြားခဲ့ခြင်းဖြစ်သည်။

လမ်းဖြတ်ကူးသူအားတိုက်မိပြီး မောင်းပြေးသည့်ယာဉ်အား လိုက်လံဖမ်းဆီး

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၀/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပြင်စည်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

သမီးကလေးရှိ အိမ်ခြေထက်ဝက်နီးပါး အစိုးရချထားသည့်ရွာသို့ တစ်ပတ်အတွင်း အပြီးပြောင်းရမည်

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ သမီးကလေးကျေးရွာကို တိုင်းအစိုးရက သတ်မှတ်ပေးထားသည့် ဝါးယားကုန်းကျေးရွာသို့ မတ်လ ၉ ရက်နောက်ဆုံး ပြောင်းရွှေ့ရမည်ဟု တိုင်းအစိုးရက မတ်လ ၃ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သမီး ကလေးကျေးရွာသားများကို စောင့်ရှောက်ထားသည့် ပဲခူးမြို့နယ်ရှိ အောင်သိဒ္ဒိဘုန်းတော်ကြီးကျောင်း ကျောင်း ထိုင်ဆရာတော် ဦးအာစာရက မဇ္ဈိမကို မိန့်သည်။

ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်၍ လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီအချိန် ရန်ကုန် တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ ရိုးလေး ကျေးရွာနေ မဆောင်းနှင်းအေး(၂၆)နှစ်သည် နေအိမ်အိပ်ခန်းအတွင်း မိသားစုနှင့်အတူ အိပ်ပျော်နေစဉ် နေအိမ်ရှေ့မှ ခင်ပွန်းဖြစ်သူ၏ အမည်အား အော်ခေါ်သံကြား သဖြင့်သွားရောက်ကြည့်ရှုရာ ခြေရင်းအိမ်နေ ဦးညွန့်ရွှေနှင့် အတူ အမည်မသိအမျိုးသား (၃)ဦးနှင့် အမျိုး သမီး(၁)ဦး တို့အားတွေ့ရှိရပြီး လှိုင်သာယာ အမှတ်(၂) ရဲစခန်းမှ ရဲများဖြစ်ကြောင်းပြော ဆို ကာ နေအိမ်ပေါ်သို့တက်လာစဉ် ဦးညွန့်ရွှေမှာ ၎င်း၏နေအိမ် ဘက်သို့ပြန် သွားခဲ့သည်။ အဆိုပါအမည်မသိလူများမှ မဆောင်းနှင်းအေး ၏မောင်ဖြစ်သူ အောင်ကိုကိုသန်းနှင့် သူငယ်ချင်း ဖြစ်သူ အား မူးယစ်ရမ်းကားမှုဖြင့် ရဲစခန်းတွင်ဖမ်းထားကြောင်း၊ အမှုမဖွင့် လိုက ငွေကျပ်(၅) သိန်းပေး ရန်နှင့် မပေးပါကဒုက္ခရောက် လိမ့်မည်ဖြစ်ကြောင်းပြော သဖြင့် ငွေပေးရန် အိပ်ခန်းအတွင်းရှိ ကျွန်း သေတ္တာ ထဲတွင်သိမ်းဆည်း ထားသော ငွေနှင့်ရွှေထည် ပစ္စည်းများ ပါရှိသည့် အိတ်ကိုယူနေစဉ် အမျိုးသား တစ်ဦးမှ အိတ်အတွင်း ရှိငွေကျပ်(၃၄၄၅၀၀ဝိ/-)နှင့်ရွှေထည်ပစ္စည်း(၆)မျိုး၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၇၃၄၀၀၀ဝိ/-) တို့အားယူဆောင်ကာ ထွက်ပြေးသွားကြသဖြင့် အရေး ယူပေးရန်တိုင်တန်းခဲ့ရာ တက်သစ် နယ်မြေ ရဲစခန်း (ပ)၁၃၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၂/၁၇၀ ဖြင့် အမှုဖွင့် လှစ်ခဲ့သည်။

Monday, March 3, 2014

ရွေးချယ်မရသော အိမ်နီးချင်းနှင့် စင်ကာပူ သင်ခန်းစာ

“အိမ်နီးချင်းကို ရွေးချယ်မရ” ဆိုသည်မှာ စင်ကာပူနိုင်ငံ လက်ကိုင်ထားသော သဘောတရားတစ်ခု ဖြစ်ပြီး ထိုသဘောတရားကို အခြေခံကာ နိုင်ငံကြီးပွား တိုးတက်အောင်၊ တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်နိုင် ခဲ့သည်ဖြစ်ရာ အင်အားကြီး အိမ်နီးချင်းများနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံ အတွက် သင်ခန်းစာယူရမည် ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံ တို့ကို ရွေးချယ်မရ၊ နဂိုကတည်းက ရှိနေပြီးဖြစ်သည့် အတွက် ထိုအိမ်နီးချင်းတို့ကို သတိထားပြီး မိမိအခြေအနေနှင့် လိုက်လျောညီထွေစွာ နေထိုင် ဆက်ဆံရမည် ဟူသော သဘောပင်ဖြစ်သည်။

သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ

သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထား သင့်တဲ့ အချက်တွေ ရှိ နေပါတယ်။ 
(၁) အသုံးပြု နေသော သားဆက်ခြား နည်းများ ကိုရပ်ပါ
သားသမီး မလိုချင် သေးလို့ ပဋိ သန္ဓေ တားဆေး၊ ထိုးဆေးတွေ အသုံးပြု တာ၊ ကွန်ဒုံး သုံးတာ၊ အမျိုးသမီး သန္ဓေတား ပစ္စည်းထည့်တာ စတဲ့နည်း တွေနဲ့ သန္ဓေ တားခဲ့ တယ်ဆိုရင် သားသမီး လိုချင်ပြီဆို ရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေတား နည်းတွေကို ရပ်လိုက်ပေ မယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ် တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ် လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။

ရခိုင်အမျိုးသားညီလာခံ အကြိုညှိနိုင်းဆွေးနွေးပွဲ ကျောက်ဖြူမြို့တွင် ပြုလုပ်

ရခိုင်အမျိုးသားညီလာခံ အကြိုညှိနိုင်းဆွေးနွေးပွဲကို ကျောက်ဖြူတွင် ယနေ့ နေ့လည်က ကျင်းပ ပြုလုပ်ခဲ့သည်။
၎င်းဆွေးနွေးပွဲကို ကျောက်ဖြူမြို့ မြို့တော်ခန်းမ (ရမ္မာဝတီခန်းမ) တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒေသခံ ပြည်သူ ၃၀၀ ကျော်တက်ရောက်ခဲ့သည်ဟု ကျောက်ဖြူရှိ နိရဉ္စရာ သတင်းထောက်က ပြောသည်။
အဖွင့်မိန်းခွန်း စကားကို ကျောက်ဖြူမြို့မှ ဆရာဦးညီလိုင်က ပြောကြားကြောင်း၊ ပြောကြားရာတွင် ကျောက်ဖြူမြို့ သမိုင်းနှင့် ရခိုင်ပြည်နယ် သမိုင်းကြောင်းများကို ရှင်းလင်း ပြောကြားကြောင်း၊ ရခိုင် အမျိုးသားညီလာခံကို ကျင်းပရန် လိုအပ်ကြောင်း စသည်တို့ကို ပြောဆိုခဲ့သည်ဟု သိရသည်။

နေပြည်တော် သန်းခေါင်စာရင်း ကောက်ယူခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ရခိုင်ခေါင်းဆောင် (၄) ဦးတက်ရောက်

နေပြည်တော်တွင် ပြုလုပ်သော ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ရခိုင်ခေါင်းဆောင် (၄) ဦးတက်ရောက်ခဲ့ကြောင်း အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူ ALD ဗဟိုအလုပ်အမူဆောင်ကော်မီတီဝင် ဦးမျိုးဆွေက နိရဉ္စရာသို့ ပြောသည်။
တက်ရောက်ခဲ့ကြသူများမှာ ALD မှ ဥက္ကဌ ဦးအေးသာအောင်၊ ဗဟိုအလုပ်အမူဆောင်ကော်မီတီဝင် ဦးမျိုးဆွေ၊ RNDP ဥက္ကဌ ဒေါက်တာအေးမောင်၊ ရသေ့တောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေတို့ ဖြစ်ကြသည်။

ပါကစ္စတန်မှာ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးတဲ့ အဖွဲ့ကို ခြုံခိုတိုက်ခိုက်မှုကြောင့် ၁၂ ဦးသေဆုံ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် အာဖဂန်နစ်စတန်နဲ့ နယ်စပ်က တိုင်းရင်းသားဒေသ ဂျမ်ရဒ် ပြည်နယ်မှာ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးတဲ့ အဖွဲ့တဖွဲ့ကို စစ်သွေးကြွတွေက မတ်လ တရက်နေ့က ခြုံခိုတိုက်ခဲ့လို့ လုံခြုံရေး ကင်းထောက် အဖွဲ့ဝင် ၁၂ယောက် သေဆုံးပါတယ်။ ယာဉ်တန်းကို သေနတ်နဲ့မပစ်ခင် ဗုံးနဲ့ အရင် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

“မြန်မာပြည်က အစားအသောက် ဘေးကင်းလုံခြုံမှု မရှိဆုံး နိုင်ငံ”

စားသုံးသူကာကွယ်ရေးအသင်းကို လွန်ခဲ့သော ၂ နှစ်က စတင်တည်ထောင်ခဲ့သည်။ ကျန်းမာရေးနှင့် မညီညွတ်သော စားသုံးကုန်ပစ္စည်းများနှင့် အဆင့်မမီသော ဆေးဝါးများ ဈေးကွက်အတွင်း ဝင်ရောက်နေမှုကို ကာကွယ်ရန် ရည်မှန်းချက်ထားသည်။ ဆရာဝန်များ၊ ရှေ့နေများ၊ ဓာတုဗေဒပညာရှင်များ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသော ရန်ကုန်အခြေစိုက် စေတနာ့ဝန်ထမ်းအဖွဲ့က ပြည်ပမှ သွင်းလာသော ငံပြာရည်များ၊ ကော်ဖီမစ်အထုတ်များ၊ စားသုံးဆီများမှာ ဘေးအန္တရာယ်ရှိကြောင်း ယမန်နှစ်က ကြေညာခဲ့သည်။ အသင်းကို စတင်တည်ထောင်သူ ဦးဗအုပ်ခိုင်က ဧရာဝတီ စီးပွားရေးသတင်းထောက် ကျော်ဆုမွန်ကို ၎င်းတို့ ရင်ဆိုင်နေကြရသည့် ပြဿနာများကို ရှင်းလင်းပြောပြခဲ့သည်။

အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ ခန့်တန်ကြေးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ

ပုဇွန်တောင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို မတ်လ ၁ ရက်က ဖမ်းဆီးမိသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ မူယစ်ဆေးဝါးများကို မူးယစ်တပ်ဖွဲ့မှ ရဲအုပ်ဇော်ဇော်နိုင်နှင့်အဖွဲ့က နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မွန်းလွဲ ၃ နာရီ အချိန်တွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မီဒီယာများပထမဆုံးအကြိမ်တွေ့ဆုံမည်

တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည်ပထမဆုံးအကြိမ်အဖြစ် မီဒီယာများနှင့် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
မတ် ၅ ရက်နေ့ မွန်းလွဲပိုင်း တွင် တွေ့ဆုံမည့်ယင်းတွေ့ဆုံပွဲ အတွက် ပြည်တွင်းမီဒီယာများသို့  မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနမှ တစ်ဆင့်ဖိတ်ကြားလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင်းရှိ ကျူးကျော်များအားလုံး မတ်လအကုန်တွင် စတင်ဖျက်မည်

ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်များအားလုံးကို ဓမ္မာစရိယတန်းစာမေးပွဲများ ကျင်းပအပြီး (မတ်လအကုန်) တွင် စတင်ဖျက်သိမ်းသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းအောင်က မဇ္စျိမကိုပြောသည်။

ဓမ္မာစရိယတန်း စာမေးပွဲများသည် မတ်လအကုန်တွင်အပြီးကျင်းပခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ကျင်းပပြီးချိန် တွင် ပြုလုပ်ခြင်းဖြစ်သည်။

“ရန်ကုန်က ကျူးကျော်တွေဆိုတာက တကယ်ရန်ကုန်တိုင်းထဲက မဟုတ်ဘူး။ တိုင်းအသီးသီးကနေလာပြီး ရန်ကုန်မှာ ကျူးကျော်တာတွေကို ရန်ကုန်မှာ ဘယ်လိုအားလုံးလက်ခံနိုင်မှာလဲ။ သူတို့ကို ဓမ္မာစရိယ စာမေးပွဲတွေပြီးတာနဲ့ ဖျက်မှာပါ” ဟု ဦးသန်းအောင် က ဆိုသည်။

Saturday, March 1, 2014

ရိုဟင်ဂျာတွေ ဘာလို့ နိုင်ငံသားမဖြစ်နိုင်တာလဲ

ရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသား တစ်မျိုးမဟုတ်သလို အရင်ကလည်း မြန်မာတိုင်းရင်သား
တစ်မျိုး မဟုတ်တာကို ဥပဒေအရ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
ဒါပေမဲ့ ဟိုးနှစ်ပေါင်းများစွာကတည်းက ၎င်းတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အထူးသဖြင့်
မောင်တောနဲ့ ဘူးသီးတောင်မှာ တရားမ၀င် အခြေချလာခဲ့ကြပါတယ်။
အဲဒီလို ရခိုင်ပြည်နယ်အတွင်းကို သူတို့တွေ ခိုးဝင် နေထိုင်နေတာကို တားဆီးဖို့အတွက် မြန်မာ
အစိုးရက အမိန့်ချလိုက်တဲ့အခါမှာ မွတ်စလင်တော်တော်များများဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို
ထွက်ပြေးသွားခဲ့ကြပါတယ်။

မြန်မာပြည်ရောက် ကျွန်မအိုင်ဖုန်း

ပြီးခဲ့သည့်လက မြန်မာနိုင်ငံ ရန်ကုန်အနှံ့ ခြေဆန့်စဉ် ဧည့်လမ်းညွှန်ကို ကျွန်မအား ဓာတ်ပုံတစ်ပုံ ရိုက်ပေးရန် ပြောမိသည်။ ကျွန်မက သူ့ကို အိုင်ဖုန်း (iPhone) ကမ်းပေးလိုက်ပြီး “ဘယ်လို ရိုက်ရတယ်ဆိုတာ သိရဲ့လား” ဟုလည်း မေးလိုက်သည်။ သူက ဘဝင်မကျသလိုဖြင့် “သိပါတယ်” ဟု တုံ့ပြန် ပြောလိုက်သည်။
ကျွန်မ ဆိုလိုသည်က ယခင် အိုင်ဖုန်းကို မသုံးဖူးသောကြောင့် ဓာတ်ပုံ ရိုက်တတ်ပါ့မလား ထင်ပြီး မေးလိုက်ခြင်း ဖြစ်သည်။ ကျွန်မသည် ထိုကဲ့သို့သော အမေးမျိုးကို မိခင် ဖြစ်သူကိုလည်း မေးခဲ့ဖူးသည်။ သူတကယ်လို့ ခလုတ် မနှိပ်တတ်ဘူး ဆိုလျှင် ကျွန်မက လက်တွေ့ သင်ပြ ပေးလိုသောကြောင့် ဖြစ်ပါသည်။

IRI မှ ရခိုင်နိုင်ငံရေး သမားများကို စစ်တွေတွင် သင်တန်းပို့ချ

၎င်းသင်တန်းသို့  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ ကိုယ်စားလှယ် ၃ ဦး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)မှ ကိုယ်စားလှယ် ၃၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၄၅ ဦး အပါအ၀င် ကြံခိုင်တိုးတက်ရေးပါတီ၊ တစည ပါတီ၊ မြိုခေါ် ခမီ အမျိုးသား ညီညွှတ်ရေး  ပါတီမှ ပါတီဝင်များလည်း  တက်ရောက် ခဲ့ကြသည်ဟု သိရှိရသည်။
“ ဒီသတင်းက ဒီမိုကရေစီမြှင့်တင်ရေးနဲ့ အရည်အချင်းမြင့်တင်ရေးအတွက် ရည်ရွယ် ပြုလုပ်တာဖြစ်ပါတယ်။ ဒါ့ပြင် ထက်မြက် ထူးချွန်တဲ့ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီး  ပါတီတစ်ခုကို စနစ်တကျ စုစည်း ဖွဲ့စည်းခြင်းနဲ့ ထိရောက်အောင်မြင်အောင် မဲဆွယ်စည်းရုံးရေးစတဲ့ ခေါင်းစဉ်တွေနဲ့ ဒီသင်တန်းကို ဟောပြော ပို့ချတာဖြစ်ပါတယ်”ဟု သင်တန်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သတ်ပြီး သင်တန်း ကြီးကြပ်ရေးမှူး ကိုညီညီမင်းက  နိရဉ္စရာသို့ ပြောကြားခဲ့သည်။