ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ သမီးကလေးကျေးရွာကို တိုင်းအစိုးရက
သတ်မှတ်ပေးထားသည့် ဝါးယားကုန်းကျေးရွာသို့ မတ်လ ၉ ရက်နောက်ဆုံး
ပြောင်းရွှေ့ရမည်ဟု တိုင်းအစိုးရက မတ်လ ၃ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သမီး
ကလေးကျေးရွာသားများကို စောင့်ရှောက်ထားသည့် ပဲခူးမြို့နယ်ရှိ
အောင်သိဒ္ဒိဘုန်းတော်ကြီးကျောင်း ကျောင်း ထိုင်ဆရာတော် ဦးအာစာရက မဇ္ဈိမကို
မိန့်သည်။
သမီးကလေးကျေးရွာရှိ အိမ်ထောင်စု ၄ဝဝ ခန့် မှ အိမ်ထောင်စု ၁၅၇စုကို
လှည်းကူးမြို့နယ်နှင့် လေး ဖာလုံခန့် ဝေးသည့် ဝါးယားကုန်းကျေးရွာသို့ မတ်လ
၃ရက်မှစတင်ပြီး မတ်လ ၉ ရက်အထိ နောက်ဆုံးထား ပြောင်းရွေ့ပေးရမည်ဖြစ်သည်။
“ရွာသားတွေက ကလေးတွေ စာမေးပွဲပြီးမှရွေ့ခိုင်းပါလို့ပြောထာတဲ့အတွက် ကလေးတွေ
စာမေးပွဲပြီး လို့ လာရွေ့ခိုင်းတဲ့ ပုံစံမျိုးပေါ့။ အစိုးရ ဘက်ကတော့
ဖြစ်နိုင်ရင် ဒီနေ့ကစပြီး ရွေ့ပေးပါလို့ပြောတယ်။ ဒါပေမယ့် ရွာသားတွေက
အဆင်သင့် မဖြစ်သေးဘူး” ဟု ဆရာတော်က မိန့်သည်။
သမီးကလေးကျေး ရွာ စတင်ဖျက်သိမ်းစက ဘုန်းတော်ကြီးကျောင်းသို့ ပထမဦးစွာ
ပြောင်းရွှေ့လာသည့် အိမ်ထောင်စု ၁၅၇စု ကိုသာ တိုင်းအစိုရမှ
စာရင်းကောက်ယူခဲ့သည့်အတွက် ထိုအိမ်ထောင်စုများကသာ
နေရာသစ်သို့ပြောင်းရွှေ့ခွင့် ရမည်ဖြစ်သည်ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
နေရာသစ်သို့ ပြောင်းရွှေ့ရန် စာရင်းမပါရှိသည့် အိမ်ထောင်စု ၂၄ဝစုကျော်ကို
အောင်သိဒ္ဒိဘုန်းတော်ကြီးကျောင်းကပင် ဆက်လက်စောင့် ရှောက်မှုများ
ပြုလုပ်သွားမည်ဖြစ်သည်။အဆိုပါ ကျန်ရှိ အိမ်ထောင်စုများသည် ဖျက်သိမ်းစ တွင်
နီးစပ်ရာနေရာ များတွင် နေထိုင်နေသည့်အတွက်
ဘုန်းကြီးကျောင်းဒုက္ခသည်စခန်းသို့ ရောက်ရှိလာသည့်
အိမ်ထောင်စုများစာရင်းကိုသာ စာရင်း ကောက်ခံသည့်အတွက် ယခုကဲ့သို့ နေရာသစ်
ပေးအပ်ရာတွင် ကျန်ရှိနေခြင်းဖြစ်သည်ဟုလည်း သမီးကလေးကျေးရွာ အုပ်ချုပ်ရေးမှူး
ဦးတင်မြင့်ကပြောသည်။
ပြောင်းရွှေ့အိမ်ထောင်စု ၁၅၇ စုအတွက် ရွက်ဖျင်တဲများ
ဆောက်ထားသည်ဟုဆိုသော်လည်း ထိုပြောင်းရွှေ့နေရာပေးထား သည့် နေရာတွင်
သမီးကလေးကျေးရွာနေပြည်သူ အားလုံးအတွက်မူ လုံလောက် သော နေရာချထားသည့်
အစီအမံများ မဟုတ်ဟုလည်း ဦးအာစာရကဆိုသည်။
ေ နေရာသစ်သို့ ပြောင်းရွှေ့နေထိုင်ရန် စာရင်းပါရှိသည့် သမီးကလေးကျေးရွာမှ
ကိုသိန်းနိုင်က “ ဒုက္ခ သည်တွေအတွက် ပေးတဲ့ ဝါယားကုန်ကျေးရွာမြေနေရာက
မြေအနိမ့်ပိုင်းကျတဲ့အတွက် စိုက်ပျိုးရေး လုပ်လို့ မရဘူး။တစ်နေ့တာ
စားဖို့အတွက်တော့
တောထဲသွားပြီး သစ်ခုတ်မှဘဲ ရတော့မယ်” ဟု ပြောသည်။
သမီးကလေးဒုက္ခသည်များကို ပြောင်းရွေ့ပေးထုတ်ပြန်ထားသကဲ့သို့ လက်ရှိနေထိုင်နေသည့် ဘုန်းကြီး ကျောင်း ဘုန်းတော်ကြီး
ကျောင်းပတ်ဝန်းကျင်တွင် အစိုးရမှ စောင့်ကြည့်လျှက်ရှိမှုများရှိသည့်အတွက်
မပြောင်း ရွှေ့ပေးပါက အင်အားသုံးဖြေရှင်းဆောင် ရွက်မည်ကို
စိုးရိမ်မိသည်ဟုလည်း ဆက် ပြောသည်။
“ ဖြစ်နိုင်ရင်တော့သူတို့ချပေးတဲ့မြေနေရာကို မပြောင်းချင်ဘူး။
ကျွန်တော်တို့မှာ ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး။
လုပ်ကိုင်စားသောက်လို့ရတဲ့ မြေနေရာဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်” ဟု
ကိုသိန်းနိုင်ကဆို သည်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှ မိုင်သုံးဆယ်အကွာတွင် အိမ်ခြေ၄ဝဝ
ရှိ သမီးကလေးကျေး ရွာကို ဖေဖော်ဝါရီလ ၄ ရက်တွင် တပ်ပိုင်မြေဟုဆိုကာ
ဝင်ရောက်ဖျက်သိမ်းခဲ့သဖြင့် လူဦး ရေသုံးရာကျော်ကို ပဲခူးမြို့နယ်ရှိ
အောင်သိဒ္ဒိ ဘုန်းတော်ကြီးကျောင်းမှ စောင့်ရှောက်ထားခဲ့သည်။
Mizzima
No comments:
Post a Comment