Sunday, January 5, 2014
ကိုယ်လုံးချွတ်ရိုက်တာမဟုတ်ပေမယ့် ဝေဖန်မှုကြောင့် Sexy ကာရိုက်တာတွေ လုံးဝမရိုက်တော့တဲ့ ဘေဘီမောင်
ပရိသတ်တွေကို Sexy ဆန်ဆန် ရိုက်ကူးထားတဲ့ ပုံရိပ်တွေနဲ့ ဖမ်းစားခဲ့တဲ့ ဘေဘီမောင်က အခုဆိုရင် ဇာတ်ကားရိုက်ကူးမှုတွေလည်း ပိုများလာခဲ့ပါပြီ။ သရုပ်ဆောင်လောကမှာ အနေအထားတစ်ရပ်အထိ ရရှိလာတဲ့အတွက် ဘေဘီမောင်အနေနဲ့ ဘယ်လိုဇာတ်ရုပ်တွေပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင်
သရုပ်ဆောင်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒါပေမယ့် သူမပါဝင်မယ့် ဇာတ်ကားမှာ ခြွင်းချက်အနေနဲ့ သူငယ်ချင်းအခန်းက ဘယ်တော့မှ မရိုက်ဘူးလို့ ပြောပါတယ်။
ဓါတ်ပုံရိုက်ရင် ခပ်လန်းလန်းပုံတွေကိုသာ ရိုက်တက်တဲ့ ဘေဘီမောင်က နောက်ထပ် အဲဒီလို Sexy Pose တွေ မရိုက်တော့တာနဲ့ ပတ်သက်ပြီး “ အဲဒီတုန်းက myanmarcelebrity.com က ရိုက်ပေးဖို့ပြောလို့ ရိုက်ဖြစ်တာပါ။ နိုင်ငံခြားမှာလည်း ရိုက်ကြတာပဲ။ ညီမရိုက်တာ အရမ်းဆိုးဆိုးကြီးမဟုတ်ပါဘူး။ တစ်ကိုယ်လုံးချွတ်ထားတာလည်း မဟုတ်ဘူး။ ညီမမှာရှိတဲ့ အလှလေးတွေကိုပဲ ပေါ်လွင်အောင် ရိုက်ပေးထားတာကို ဝေဖန်တာတွေ အရမ်းများတဲ့အခါကျတော့ တော်တော် စိတ်မကောင်းဖြစ်မိတယ်။ ဓါတ်ပုံတောင် ဒီလောက် အပြောခံရတော့ ဇာတ်ကားရိုက်လို့များ အရမ်းကြမ်းတဲ့ Sexy ကာရိုက်တာတွေ ရိုက်မယ်ဆိုရင် ဘေဘီမောင် ကိုဘယ်လိုများပြောကြမလဲမသိဘူး။ ဒါကြောင့် အခုဆိုရင် အဲဒီလို ဓါတ်ပုံတွေ ရိုက်တာရော၊ Sexy ကာရိုက်တာတွေရော လုံးဝမရိုက်တော့ဘူး။ ရှောင်တယ်” လို့ ပွင့်ပွင့်လင်းလင်းပြောသွားခဲ့ပါတယ်။
by myanmar latest news
Labels:
Home,
မြန်မာသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment