လူဦးရေထူထပ်လာသည့် မောင်တောမြို့နယ်အတွင်း အဆောက်အအုံများ
တိုးချဲ့တည်ဆောက်လာကြရာ လယ်မြေများတွင် ကျူးကျော်တည်ဆောက်မှုများ
ရှိနေသဖြင့် အဆိုပါ အဆောက်အအုံများကို စိစစ်ပေးရန်လိုအပ်နေကြောင်း
စိုက်ပျိုးရေးဌာန ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
လယ်ယာမြေများတွင် နေအိမ်အဆောက်အအုံများ ကျူးကျော်တည်ဆောက်မှုများလာသဖြင့်
လယ်ယာမြေများ တဖြည်းဖြည်းလျော့နည်းကာ စိုက်ပျိုးမြေများ လျော့ကျနေသည်ဟု
ဆိုသည်။
‘‘တစ်နှစ်ထက်တစ်နှစ် လူဦးရေသာများလာပြီး နေအိမ်အဆောက်အအုံတွေလည်း
တိုးလာပါတယ်။ တိုးလာတဲ့ လူဦးရေ စားသောက်ဖို့အတွက် လယ်မြေက
ကျူးကျော်တည်ဆောက်နေတဲ့ အဆောက်အအုံတွေကြောင့် လျော့နည်းလာပါတယ်။
လယ်မြေထဲမှာ တရားမဝင် ကျူးကျော်တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကို
စိစစ်ပြီးပေးဖို့တော့ လိုနေပါပြီ’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ေ မောင်တောနယ်စပ်ဒေသတွင် တရားမဝင်တည်ဆောက်ထားသည့် အဆောက်အအုံပေါင်း
သန်းချီရှိနေပြီး အဆိုပါအဆောက်အအုံများမှာ လူနေရပ်ကွက်များ၌သာမက
လယ်မြေများ၌ပါ တိုးချဲ့လာ၍ စိုက်ပျိုးနိုင်သော လယ်မြေများ
မပျက်စီးမဆုံးရှုံးစေရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများက စိစစ်ဆောင်ရွက်ရန်
လိုအပ်နေကြောင်းနှင့် ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၃(က)တွင်
စည်ပင်သာယာရေးကော်မတီသည် ခွင့်ပြုချက်မရှိဘဲဖြစ်စေ၊ ခွင့်ပြုချက်ပါ
သတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိ၍ဖြစ်စေ၊ အဆောက်အအုံ ဆောက်လုပ်သည်ကို
ရပ်ဆိုင်းထားစေခြင်း၊ ပြန်လည်ပြုပြင်စေခြင်း (သို့မဟုတ်)
ဖြိုဖျက်စေခြင်းများကို မြေပိုင်ရှင် (သို့မဟုတ်) အဆောက်အအုံပိုင်ရှင်
(သို့မဟုတ်) လက်ရှိနေထိုင်သူအား ညွှန်ကြားနိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း
သိရသည်။
7day Daily
No comments:
Post a Comment