ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် တည်ရှိသော သရေကုန်ဘောင်
ဘင်္ဂလီရွာတွင် မီးလောင်မူ ဖြစ်ပွားရာ အိမ်တစ်ဆောင် မီးထဲပါသွားကြောင်း
သတင်း ရရှိသည်။
“ ညနေ ၅ နာရီကျော်ကျော်မှာ လောင်တာပါ။ အိမ်တစ်လုံးဘဲ မီးထဲပါသွားပါတယ်”
ဟု မောင်တောခရိုင် တည်ငြိမ်ရေးနှင့် ပြန်လည် နေရာချထားရေး အတွင်းရေးမှူး
ဥပဒေအရာရှိ ဦးမြင့်သန်းက နိရဉ္စရာသို့ ပြောသည်။
ယခု မီးလောင်သော သရေကုန်ဘောင် ဘင်္ဂလီရွာမှာ ယခင် ပြဿနာ ဖြစ်ပွားခဲ့သော ဒုချီးရားတန်း အနီးတွင် တည်ရှိကြောင်း သိရသည်။
“ လောင်တာကတော့ ပေါ့ဆမီးပါ။ တစ်လုံးတည်းပါ။ နောက်ထပ်ကူးစက် လောင်ကျွမ်းတာ မရှိပါဘူး” ဟု ဦးမြင့်သန်းက ဆိုသည်။
သို့သော်ဒေသအတွင်းမှ အစိုးရ တာဝန်ရှိသူများနှင့်
ရခိုင်တိုင်းရင်းသားများမှာ ၎င်းမီးလောင်မူအား ယခင်စွပ်စွဲနေကျ အတိုင်း
ရခိုင်များက မီးရှို့သည်ဟု စွပ်စွဲ ပြောဆိုလာမည်ကို စိုးရိမ်နေကြသည်ဟု
သိရသည်။
Narinjara
No comments:
Post a Comment