သောကြာနေ့ဟာ Apple Macintosh ကွန်ပျူတာရဲ့ နှစ် ၃၀ ပြည့်မြောက်တဲ့ ပျော်ရွှင်စရာ မွေးနေ့ အခါသမယ ဖြစ်ပါတယ်။
ကွယ်လွန်သွားပြီ ဖြစ်တဲ့ Apple ကုမ္ပဏီ ပူးတွဲတည်ထောင်သူ Steve Jobs ဟာ ၁၉၈၄
ခုနှစ်မှာ Apple နဲ့ သုံးစွဲသူတွေကို စတင် မိတ်ဆက်ပေးခဲ့တာပါ။ Mac ဟာ
ကွန်ပျူတာ ကမ္ဘာမှာ တော်လှန်ပြောင်းလဲမှု ပြုနိုင်ခဲ့တဲ့ အရာလည်းဖြစ်ပါတယ်။
Mac ကွန်ပျူတာ စတင် ပေါ်ပေါက်လာတဲ့အချိန်တုံးကဆိုရင် ကွန်ပျူတာတွေဟာ
ရှုတ်ထွေးတဲ့ အမိန့်ပေးစနစ်တွေ ကုဒ်တွေ ရိုက်ပြီး အသုံးပြုနေကြရတဲ့ အချိန်
ဖြစ်ပါတယ်။ ဒါပေမဲ့ Mac ကွန်ပျူတာ ပေါ်လာချိန်မှာတော့ မောက်စ် နဲ့အတူ
ကွန်ပျူတာ မျက်နှာပြင်ပေါ်မှာ ရုပ်ပုံတွေနဲ့ တိုက်ရိုက်
အမိန့်ပေးခိုင်းစေလို့ရတဲ့ အနေထားမျိုးဖြစ်လာခဲ့ပါတယ်။
Mac ကွန်ပျူတာတွေရဲ့ ဈေးနှုန်းတွေဟာလည်း လူတွေ သုံးစွဲနိုင်တဲ့
ဈေးနှုံးမျိုးဖြစ်လာပါတယ်။ အရင်က ကွန်ပျူတာ တလုံးကို ဒေါ်လာ တသောင်းလောက်
ဈေးနှုံးရှိခဲ့ရာကနေ ဒေါ်လာ ၂၅၀၀ လောက် အထိ ဈေးကျလာခဲ့ပါတယ်။
ပုံပန်းသဏ္ဍာန်အရလည်း အသုံးပြု သူတွေနဲ့ ပိုပြီး
ရင်းနှီးကျွမ်းဝင်မှုတွေရှိလာပါတယ်။
Mac နဲ့ အပြိုင် ဖြစ်တဲ့ မိုက်ခရိုဆော့ဖ် ၀င်းဒိုး PC ကွန်ပျူတာတွေတောင်မှ
Mac နဲ့ အလားတူ သဏ္ဍာန်တူတွေ ထွက်ပေါ် လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်
အတွင်း Apple ကုမ္ပဏီဟာ အိုင်ပေါ့ IPod, အိုင်ဖုန်း IPhone, အိုင်ပက် IPad
အစရှိတဲ့ ပစ္စည်းတွေ ထုတ်လုပ်ခဲ့ပြီး လူအတော်များများအတွက် နေ့စဉ်
သွားရင်းလာရင်း ကွန်ပျူတာကို အလွယ်တကူ အသုံးပြုနိုင်တဲ့ မရှိမဖြစ်
ပစ္စည်းတွေ ဖြစ်လာခဲ့ပါတယ်။
VOA

No comments:
Post a Comment