လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Twitter က Facebook သွင်ပြင်ပုံစံ
ဒီဇိုင်းသစ်တစ်ခုကို ပြောင်း လဲတော့မည် ဖြစ်သည်ဟု Mashable သတင်းက
ဖော်ပြလိုက်သည်။
Mashable ၏ အယ်ဒီတာများကTwitter ၏ home page ကို Facebook
အသွင်ပြောင်းလဲထားသည်ကို စတင်တွေ့ရှိခဲ့သည်ဟု ဖေဖော်ဝါရီဒုတိယအပတ်တွင်
ဖော်ပြခဲ့ခြင်းဖြစ်သည်။ Twitter ၏ profile စာမျက် နှာတွင် အသုံးပြုသူ၏
ဓာတ်ပုံအသေးနှင့် ကိုယ်ရေးအကျဉ်းတို့ကို စာမျက်နှာ၏ ဘယ်ဘက်အခြမ်းတွင်
မြင့်တွေ့နိုင်ကြောင်းနှင့် ခေါင်းစီးဓာတ်ပုံနေရာကိုလည်းချဲ့ထားကြောင်း
၎င်းတို့က ဆိုခဲ့သည်။
Twitte က ထိုကဲ့သို့ဒီဇိုင်းပြောင်းလဲမှုမှာ Desktop
ဗားရှင်းများအတွက်သာဖြစ်ပြီး tweets များ ပိုမိုပြု လုပ်နိုင်ရန်အတွက်
ဖြစ်နိုင်ကြောင်း Mashable က ခန့်မှန်းထားသည်။ ထို့ပြင် ကုမ္ပဏီက
အသုံးပြုသူများ ကို tweet လုပ်ရာတွင် ပိုမိုလွယ်ကူနိုင်စေရန်နှင့် Facebook
အသုံးပြုလေ့ရှိသူများကို ဆွဲဆောင်နိုင်ရန် လည်း
ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ထပ်မံပြောကြားခဲ့သည်။
ယခုအချိန်တွင် tweet က ဒီဇိုင်းပြောင်းလဲမှုကို
ကျယ်ပြန့်စွာသတင်းမထုတ်ပြန်သေးသော်လည်း သုံးစွဲသူ အသစ်များကို ဆွဲဆောင်ရန်
ကြိုးစားနေကြောင်း သိသာခဲ့သည်။ Twitter နည်းတူ ဒီဇိုင်းပြောင်းလဲခဲ့သည့်
နာမည်ကြီးဝက်ဘ်ဆိုက်များမှာ The Wire နှင့် Business Insider တို့ဖြစ်သည်။
Twitte အသုံးပြုမှုမှာ သုံးစွဲသူအသစ်များအတွက်
အခက်အခဲတွေ့စေနိုင်ကြောင်းကို ကုမ္ပဏီ၏ စီနီယာ အုပ်ချုပ်ရေးမှူးက
ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် လာမည့်နှစ်အနည်းငယ်တွင်
ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားနိုင်ကြောင်း ၂၀၁၃ ခုနှစ်
စက်တင်ဘာလအတွင်းက ကြေညာခဲ့သည်။
ယခုလိုဒီဇိုင်းပြောင်းလဲရန် ပြင်ဆင်နေမှုများအပေါ် Twitter
အသုံးပြုသူအချို့က မကျေမနပ်ဖြစ်လျက် ရှိနေကြပြီး ၎င်းတို့မှာ Twitter အား
Facebook နှင့် ပုံစံဆင်တူရန် အလိုမရှိကြောင်းကို ၎င်းတို့၏ Twitter
စာမျက်နှာထက်၌ ဖော်ပြရေးသားခဲ့ကြသည်။
Mizzima

No comments:
Post a Comment