Tuesday, February 18, 2014

မိုးထိမိုးမိရွေလုပ်သားများ ကမ္ဘာအေးဘုရားတွင် ကျိန်စာတိုက်ဆုတောင်း

မိုးထိမိုးမိရွှေလုပ်သားဒုက္ခသည်များ ကျိန်စာတိုက်ဆုတောင်းပွဲကို မရန်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရား စနေဂြိုလ်ထောင့်တွင် ဖေဖော်ဝါရီ ၁၇ ရက် နေ့လည် ၁ နာရီခွဲက ပြုလုပ်ခဲ့သည်။
အဆိုပါ ကျိန်စာတိုက် ဆုတောင်းခြင်းကို ဦးဇင်းတစ်ပါးအပါအဝင် မိုးထိမိုးထိရွေလုပ်သား၊ ဒုက္ခသည် ၅ ဦးတို့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွှေမြင်တင်စေတီတော် အနောက်ဘက်စောင်းတန်းတွင် နေထိုင်သူ အင်းခေါင်းဆောင် ဦးမျိုးမင်းက “ကုမ္ပဏီဘက်နဲ့ ကျွန်တော်တို့ဘက် မမှန်တဲ့သူ ခံရပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျိန်စာတိုက်တာပါ”ဟု ပြောသည်။

မိုးထိမိုးမိရွေလုပ်သားများမှ ရမည်းသင်းခရိုင်ကို ယင်းကိစ္စဖြေရှင်းပေးရန် လာရောက်ခဲ့သော်လည်း ကုမ္ပဏီနှင့် အာဏာပိုင်တို့က မဖြေရှင်းပေးသဖြင့် ရန်ကုန်မြို့ကို လာရောက်ပြီး ကျိန်စာတိုက်ဆုတောင်း ခြင်းဖြစ်သည်ဟု ဆိုသည်။
တောင်ကြီး လောကမာန်အောင်ကျောင်း စိန်ပန်းရပ်ကွက်မှ ဦးဓမ္မသာရက “သူတို့ရဲ့ မှန်ကန်တဲ့ ကိစ္စကို သဓိဠာန်ပြုတယ်။ သူတို့ရဲ့ လုပ်ကိုင်နေသမျှအားလုံးကို မဆောင်ရွက်ပေးတဲ့သူတွေကို ကျိန်စာတိုက်တဲ့ သဘောပါပဲ။ လောလောဆယ် လွတ်တော်အထိ တင်ထားတဲ့အတွက် ဖိအားတွေ မရှိသေးဘူး”ဟု မိန့်ကြားသည်။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင် ရွှေလုပ်ကွက်များတွင် ဒေသခံ ရွှေလုပ်သားတို့က တစ်နိုင်တစ်ပိုင် လုပ်ကိုင်လိုသည်ဟုဆိုကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်က ရန်ကုန်-မန္တလေး မိုင်တိုင် ၂၉၈/၅တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Mizzima

No comments:

Post a Comment