ပစိဖိတ်သမုဒ္ဒရာ ရေပြင်အတွင်း တစ်နှစ်ကျော်ကြာ မျောပါခဲ့သည်ဆိုသော
မက္ကဆီကိုနိုင်ငံသား ရေမျောဒုက္ခသည် အယ်လ်ဘာရင်ဂိုသည် မာရှယ်ကျွန်းစု
မြို့တော် မာဂျူရိုသို့ ဖေဖော်ဝါရီ ၃ ရက်တွင် ရောက်ရှိသွားပြီ ဖြစ်ကြောင်း
သိရသည်။
မာရှယ်ကျွန်းစု အာဏာပိုင်များ၏ အဆိုအရ ၎င်းရေမျောဒုက္ခသည် အမျိုးသားမှာ
မက္ကဆီကိုနှင့် ဂွာတီမာလာနယ်စပ် မြို့တစ်မြို့၌ နေထိုင်သူဖြစ်ပြီး အသက် (၁၅)
နှစ်နှင့် (၁၈) နှစ်အကြား လူငယ်အဖော်တစ်ဦးနှင့် အတူ ငါးမန်းဖမ်းထွက်စဉ်
လေတိုက်နှုန်း အလွန်ပြင်း ထန်မှုကြောင့် ပင်လယ်တွင်း မျောပါလမ်း
ပျောက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
ငါးမန်းဖမ်း ခရီးစဉ်အတွင်း လိုက်ပါလာသော အဖော်လူငယ်မှာ သားစိမ်းငါးစိမ်း
မစားနိုင်ခြင်းကြောင့် သီတင်းပတ် အနည်းငယ်အကြာတွင် သေဆုံးခဲ့ရကြောင်း
အသက်(၃၇) နှစ်အရွယ် ရေမျောဒုက္ခသည်က ပြောကြားခဲ့သည်။
ငါးမန်းဖမ်းသမား အယ်လ်ဘာရင်ဂိုသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှစ၍
သမုဒ္ဒရာရေပြင်အတွင်း ၁၆ လ ကြာမျှ မျောပါခဲ့ရပြီး မိုင် ၈၀၀၀ ရေပြင်ခရီးကို
ကျော်ဖြတ်ကာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်တွင် မာရှယ်ကျွန်းစုဒေသ သန္တာကျွန်း
တစ်ကျွန်းပေါ်တွင် ကမ်းတင်ခဲ့ရသည်။
ကိုယ်ထည် အလျား ၂၄ ပေ ရှိ လှေတစ်စင်းနှင့် အတူ သမုဒ္ဒရာအတွင်း
မျောပါနေစဉ် အယ်လ်ဘာရင်ဂို သည် သားစိမ်းငါးစိမ်းစား၍ လိပ်သွေးသောက်ကာ
အသက်ဆက်ခဲ့ရကြောင်း သိရသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ
No comments:
Post a Comment