ရုရှားနိုင်ငံ မော်စကိုမြို့တွင်နေထိုင်သော အသက် ၃၇ နှစ်အရွယ်ရှိ
လူငယ်တစ်ဦးမှာ ဆန့် ကျင်ဘက် လိင်များကို စိတ်ကုန် သဖြင့် ၄င်း၏ ငယ်ပါအား
ကတ်ကျေးတစ်လက်ဖြင့် ဖြတ် တောက် ဖယ်ရှား မှု ပြုလုပ်လိုက်ကြောင်း Pravda
သတင်းဖော်ပြချက်အရ သိရသည်။
မိမိအနေဖြင့် မည်သည့် အမျိုသမီးနှင့်မျှ ဆက်ဆံမှု မပြုလိုသဖြင့်
ကတ်ကျေးကိုအသုံးပြုလိုက်ခြင်း ဖြစ်ကြောင်း၊ မိမိအော်ဟစ်သံကို
ကြားရပြီးနောက် မိမိအားနီးရာဆေးရုံသို့ အချိန်မှီ တင်ပို့ခဲ့သည့်
အိမ်နားနီးချင်းများကို ကျေးဇူး တင်ကြောင်း အဆိုပါအမည်မဖော်လိုသူ
ကာယကံရှင်က ပြောကြားသည်။
အဆိုပါ ပုဂ္ဂိုလ်မှာ အန်ဒရီအမည်ရှိ ၄င်း၏ချစ်သူ မိန်းကလေးနှင့် စကားများ ရန်ဖြစ်ပြီးနောက် အထက်ပါအတိုင်း ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
ရုရှားနိုင်ငံတွင် မကြာသေးမီကလည်း စပါးတပ်စ် မော်စကို
မသန်စွမ်းဘောလုံးအသင်းမှ ဘောလုံးသမား တဦးမှာ ကတ်ကျေးအသုံးပြုပြီး
ဖယ်ရှားမှု ပြုလုပ်ခဲ့သေးသည်။
Daily Mail
Myanmar Forward

No comments:
Post a Comment