Anonymous မှ အသက် ၂၈ နှစ်ပဲ ရှိသေးတဲ့ ဟက်ကာ တစ်ဦးကို ပြီးခဲ့တဲ့
နိုဝင်ဘာလ ကတည်းက ထောင်ဒဏ် ၁၀ နှစ်နဲ့ အမှုဆုံးဖြတ်ခဲ့ခြင်း ဖြစ် ပါတယ်။
ထောင်ဒဏ် ၁၀ နှစ် ကျခံရမှုက သက္ကရာဇ် ၂၀၁၁ ခုနှစ်က ပြစ်မှုများကို
အခြေခံခြင်း ဖြစ်ပါတယ်။
ခိုးယူထားတဲ့ အချက်အလက် 200 Gigabyites, အပြင် Government level
ဝဘ်ဆိုဒ် တစ်ခုအား hack ခြင်း၊ အခြားသော ကုမ္မဏီကြီး ဝဘ်ဆိုဒ်များအား
တိုက်ခိုက်ခြင်းနဲ့ စွဲချက်အတင်ခံ ခဲ့ရခြင်း ဖြစ် ပါတယ်။ ယခုတော့ ထောင်ဒဏ်
၁၀ နှစ်နဲ့ အမှုပြီးဆုံး သွားပါပြီ။ ယခု ရက်ပိုင်း အတွင်း Anonymous
အဖွဲ့မှာ မပါဝင်ပေမယ့် အဖွဲ့ကို တစ်မိနစ်စာ ဝင်ကူပြီး Hacking ဝင်လုပ်ခဲ့သူ
တစ်ဦးကိုလည်း ပြစ်ဒဏ်ချ လိုက်ပါပြီ။ ၂ နှစ်စောင့်ကြည့်ကာလနဲ့ ငွေဒဏ်
အမေရိကန်ဒေါ်လာ ၁၈၃ ၀၀၀ ချမှတ်လိုက်ကြောင်း သိရပါတယ်။ ဒါတောင် တစ်မိနစ်သာ
ပါဝင်ခဲ့လို့ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့တဲ့ ပြစ် မှုကြောင့်မို့ ဖြစ်ပါတယ်။ အမေရိကန်အခြေဆိုက် ကုမ္မဏီ တစ်ခုရဲ့  Kochind.com ဝဘ်ဆိုဒ်ကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပြီး DDos tool ကို အသုံးပြုခဲ့ ခြင်း ဖြစ်ပါတယ်။ သက်သေအထောက်အထားအားဖြင့် တရားခံ Eric J. Rosol ရဲ့  ကွန်ပြူတာမှာ တွေ့ရှိရခြင်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၁၉၈၀ ကျော်ကတည်းက ရေးဆွဲထားတဲ့ ဆိုင်ဘာ ရာဇဝတ်မှု ဆိုင်ရာ ဥပဒေနဲ့ အမှုစစ်ဆေး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး Cyber crime အတွက် ပိုမို ပြင်းထန်သော ဥပဒေနဲ့ အပြစ်ပေးချက်များကို ပိုမို မြင်တွေ့ရမယ်လို့ အမေရိကန် ဥပဒေပညာရှင်များက ခန့်မှန်းထားကြောင်း သိရ ပါတယ်။

No comments:
Post a Comment