ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ
ရာပေါင်းများစွာက ဘန်ကောက်မြို့မှာ ရှိတဲ့
ဝန်ကြီးချုပ်ရုံးရှိရာ အစိုးရအိမ်တော်နားက လမ်းတွေမှာ
ဒီဇင်ဘာ ၁၁ ရက်နေ့က စခန်းချနေကြပါတယ်။
ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ကြားဖြတ်ရွေးကောက်ပွဲ
ကျင်းပပေးမယ်လို့ ကတိပေး ပြီးနော် အစိုးရဆန့်ကျင်ရေး
ဆန္ဒပြသူတွေအနေနဲ့ လမ်းတွေကနေ ဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့
ဒီဇင်ဘာ ၁၀ ရက်နေ့က တောင်းပန်ခဲ့ပါတယ်။
ဒါပေမယ့် ဆန္ဒပြခေါင်းဆောင်တွေကတော့ ၀န်ကြီးချုပ်က ၂၄ နာရီအတွင်း ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဝန်ကြီးချုပ်ကတော့ ရာထူးက ဆင်းပေးဖို့ ငြင်းဆန်ခဲ့ပြီး ရွေးကောက်ပွဲ မတိုင်ခင်အထိ ကြားဖြတ်အစိုးရအဖွဲ့ရဲ့ဝန်ကြီးချုပ်အဖြစ် ဆက်ပြီး တာဝန်ထမ်းဆောင်မယ်လို့ ဒီဇင်ဘာ ၁၀ ရက်နေ့က ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူ ၁ သိန်း ၆ သောင်းလောက်ထိ ရှိခဲ့ရာက ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ အစိုးရအိမ်တော်နားက ဆန္ဒပြသူဦးရေက ၆ ထောင်ထိ ကျဆင်းသွားတယ်လို့ ရဲတွေက ပြောပါတယ်။
ဆန္ဒပြသူတွေက လက်ရှိ ၀န်ကြီးချုပ် ယင်းလပ်နဲ့ သူရဲ့အကို ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်တို့ မောင်နှမက ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာ သူတို့လူတွေကို ထည့်သွင်းတဲ့ လွှမ်းမိုးမှုကို မခံနိုင်လို့ ခုလို ဖယ်ရှားဖို့ ကြိုးစားတာလို့ မီဒီယာတွေကို ပြောထား ပါတယ်။
ပြည်ပမှာ တိမ်းရှောင်နေတဲ့ မစ္စတာသက်ဆင်ကတော့ ၀န်ကြီးချုပ် ယင်းလပ်ရဲ့ အစိုးရအဖွဲ့ကို နောက်ကွယ်ကနေ အာဏာကို ကြိုးကိုင်ထားပြီး အစိုးရအဖွဲ့နဲ့အစည်းအဝေးကို webcam လို့ ခေါ်တဲ့ ရုပ်မြင် အင်တာနက်အွန်လိုင်းစနစ်ကို သုံးပြီး တက်ရောက်နေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပါတယ်။
by dvb

No comments:
Post a Comment