Wednesday, December 18, 2013

အာဆင်နယ်-ဘိုင်ယန်၊ မန်စီးတီး-ဘာစီလိုနာတို့ တွေ့ဆုံနေသည့် ချန်ပီယံလိဂ်(၁၆)သင်းအဆင့်






ချန်ပီယံလိဂ် ၁၆သင်းအဆင့် မဲခွဲမှုများကို ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့၌ ကျင်းပခဲ့ရာတွင်

ဘိုင်ယန်နှင့် ကစားရမည့် အာဆင်နယ်၊ ဘာစီလိုနာနှင့် ဆုံတွေ့နေသည့် မန်စီးတီးတို့ အခက်တွေ့နေပြီး
ရီးရဲလ်၊ မန်ယူ၊ ချဲလ်ဆီးစသည့် အသင်းများ ပွဲချောင်နေသည်။ အာဆင်နယ်မှာ ဒေါ့မွန်၏အောက် အုပ်စုဒုတိယနေရာဖြင့်သာ ပြီးဆုံးခဲ့သည့်အတွက် ဦးစားပေးအဆင့် သတ်မှတ်ခံရခြင်းမရှိဘဲ ယင်းအတွက်ကြောင့် ဦးစားပေးအဆင့် သတ်မှတ်ခံရသည့် ဘိုင်ယန်မြူးနစ်နှင့်တွေ့ဆုံခဲ့ကာ မန်စီးတီးမှာလည်း အလားတူအခြေအနေမျိုးကြောင့် ဘာစီလိုနာနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီ ၁၈၊ ၁၉နှင့် ၂၅၊ ၂၆ရက်များတွင် ကစားသွားမည်ဖြစ်ပြီး မတ်လ ၁၁၊ ၁၂နှင့် ၁၈၊ ၁၉ရက်များတွင် ဒုတိယအကျော့ပွဲစဉ်များ ယှဉ်ပြိုင်မည်ဖြစ်သည်။ အာဆင်နယ်မှာ ဂျာမန်အသင်းများနှင့် နောက်ဆုံးကစားခဲ့သည့် ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်(၅)ပွဲတွင် ရှုံးပွဲမရှိခဲ့သော်လည်း နောက်ဆုံး ကစားခဲ့သည့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်(၃)ပွဲ ရှုံးပွဲကြုံထားသည်။
အာဆင်နယ်၊ မန်စီးတီးတို့ပွဲကျပ်နေသော်လည်း ဦးစားပေးအဆင့် သတ်မှတ်ခံခဲ့ရသည့် ရီးရဲလ်၊ မန်ယူ၊ ချဲလ်ဆီးတို့မှာ အလယ်အလတ်တန်းစား အသင်းများ ရင်ဆိုင်ရမည်ဖြစ်ပြီး ဂရိကလပ် အိုလံပီယာကို့စ်နှင့် ကစားရမည့် မန်ယူမှာလည်း ဂရိအသင်းများနှင့် ချန်ပီယံလိဂ်(၈)ပွဲ ကစားခဲ့ရာတွင် (၇)ပွဲနိုင်၊ (၁)ပွဲသရေ မှတ်တမ်းပိုင်ဆိုင်ထားသည်။ ဂါလာတာစာရေးနှင့် ချဲလ်ဆီးတို့ တွေ့ဆုံမည့်ပွဲစဉ်မှာလည်း ဒရော့ဘာနှင့် မော်ရင်ဟိုတို့ ဆရာတပည့်ဟောင်းနှစ်ဦး ပြိုင်ဘက်များအသွင် ပြန်ဆုံတွေ့ရမည့် အနေအထားကြောင့် စိတ်ဝင်စားဖွယ်ကောင်းနေသည်။

No comments:

Post a Comment