ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကန်ဘဲ့ကျေးရွာတွင် ဒီဇင်လာလ ၃၀ရက် မနက်
၂နာရီ၁၀ ခန့်တွင် မီးလောင်ကျွမ်းခဲ့ရာ ရွာလုံးကျွတ်
နီးပါးမီးထဲပါသွားကြောင်း ဒေသခံများက ပြောကြားသည်။
ကနဦးသတင်းများအရ
မုန့်ဟင်းခါးဖိုမှတဆင့် လောင်ကျွမ်းခြင်း ဖြစ်ပြီး အိမ်ခြေ ၂၁၃အိမ်ခန့်
မီးထဲပါသွားကြောင်း လပွတ္တာ မြို့နယ်အုပ်ချုပ်ရုံးမှ
တာဝန်ရှိသူတစ်ဦးကအတည်ပြု ပြောကြားသည်။
တာဝန်ရှိလူကြီးများ
ကန်ဘဲ့သို့ ဆင်းသွားပြီး ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေကြောင်း
သတင်းအချက်အလက်များ စိစစ်နေဆဲ ဖြစ်၍အသေးစိတ်ပြောဆိုရန်အခက်အခဲရှိသည်ဟု
၎င်းကဆိုသည်။
ကမ်းနားလမ်းရှိ အထည်ဆိုင်များ၊ ဆန်ဆိုင်များ၊
သံထည်ဆိုင်များ အကုန်လောင်ကျွမ်းသွားပြီး သိုလှောင်ထားသည့် လောင်စာဆီ
ပီပါများ ပေါက် ကွဲမှု ရှိခဲ့ကြောင်း ဆန်ဆိုင်မီးထဲပါသွားသူ ဦးဘိုဘိုက
ပြောကြားသည်။
“လောင်စရာမရှိလို့ ငြိမ်းသွားတာ ငြိမ်းလို့
ငြိမ်းတာမဟုတ်”ဟု ခြောက်ကောင်ခွဲ အင်ဂျင်နှင့် ကြိုးစားမီးငြိမ်းသတ်ခဲ့သူ
ဦးဘိုဘိုက ဆိုသည်။
လက်ရှိ မီးဘေးဒုက္ခသည်အများစုကို မဟာအောင်မြေဇံကျောင်းတွင် နေရာချပြီး လယ်ကွင်းများ နေထိုင်သူများရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
by people power
No comments:
Post a Comment