Friday, December 20, 2013

ဖွဲ့စည်းပုံပြင်ရေး ဒေါ်အောင်ဆန်းစုကြည် ချင်းလူထုနှင့်တွေ့မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇန်န၀ါရီ ၆ ရက်ကနေ ၁၀ ရက်အထိ ချင်းပြည်နယ်ကို သွားရောက်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ချင်းလူထုနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့
အဖွဲ့ချုပ်ရဲ့ ပြန်ကြားရေး ဗဟိုအဖွဲ့ဝင် ဦးထင်လင်ဦးက ပြောပါတယ်။
ခရီးစဉ်ကို စစ်ကိုင်းတိုင်း ကလေးမြို့က စတင်မှာ ဖြစ်ပြီး ဇန်န၀ါရီ ၇ ရက်နဲ့ ၉ ရက်တို့မှာ ချင်းလူထုနဲ့ တွေ့ဆုံဖို့ အစီအစဉ် ရှိတယ်လို့လည်း သိရပါတယ်။
ချင်းပြည်နယ်ခရီး မတိုင်မီ ဧရာဝတီတိုင်း မအူပင်မြို့မှာ ပြုလုပ်မယ့် အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး လူထုဆန္ဒခံယူပွဲ အခမ်းအနားကို တက်ရောက်မှာလည်း ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့ လူထုဆန္ဒရယူတဲ့ပွဲတွေကို တနိုင်ငံလုံးအနှံ့ လိုက်လံ ပြုလုပ်နေပြီး ကောက်ခံရရှိတဲ့ လူထုဆန္ဒသဘောထားတွေကို လွှတ်တော်ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီထံ တင်ပြသွားမှာလည်း ဖြစ်ပါတယ်။

BY DVB


No comments:

Post a Comment