ပဲခူးမြို့၊ အမှတ်(၂)ရဲစခန်းအပိုင်၊ ဇိုင်ဂနိုင်း မြောက်ပိုင်း ရပ်ကွက်၊
(၅)လမ်းရှိ ဂျာမေဗလီအား(၂၈.၁၂.၂၀၁၃)နေ့ နေ့လည်(၁၂း၀၀)အချိန်ခန့်က
မွတ်စလင်ဘာသာဝင်(၈)ဦး လာရောက်ဖျက်ဆီးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း Myanmar
News Now မှ သတင်းရရှိ ပါတယ်။
အဆိုပါ ဗလီအား ပဲခူးမြို့ မှာ
နေထိုင်သူတွေ ဖြစ်တဲ့ အီစွတ်(ခ)အောင်ကိုလတ်၊ ရာဂျဟန်(ခ)ကျော်စိုးမိုး၊
ရှဖီး(ခ)မျိုးဇော်ဝင်း၊ ဘာဘူ(ခ)ကျော်နိုင်၊ စွပ်တန်(ခ)သိန်းတန်၊
လသစ်(ခ)ရဲနောင်၊ ကာစင်(ခ) မင်းအောင်ထွန်းနှင့် စလေမန်(ခ)ဇော်လွင် တို့ က
ဖျက်ဆီး ခဲ့တာဖြစ်ပါတယ်။
ဗလီအ၀င် ဘာဂျာတံခါးသော့အား ဖျက်ဆီးခြင်း၊
အလူမီနီယံ မှန်ဘောင် သော့(၂)ချောင်းအား ဖျက်ဆီးခြင်း၊ ဗလီအတွင်းရှိ
သုံးထပ်သား သင်ပုန်အား ဖြုတ်ချခြင်း၊ ဗလီရုံးခန်း တံခါးသော့များအား
ဖျက်ဆီးခဲ့ခြင်းများ ရှိခဲ့တယ်လို့ ဖျက်ဆီးခံရစဉ်မှာ ကိုယ်တိုင်ရှိနေတဲ့
ဂျာမေဗလီဥက္ကဌ ဦးတင်လှ က ပြောပါတယ်။
ယခုအခါ ဗလီအား လာရောက်
ဖျက်ဆီးသူများအား ဦးတင်လှ မှ တရားလိုပြုလုပ်၍ ပဲခူးအမှတ်(၂)စခန်းသို့
တိုင်ကြားခဲ့ရာ စခန်းမှ (ပ)၄၄၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၂၉၅ (ဘာသာ
သာသနာ ပစ္စည်းများ ဖျက်ဆီးခြင်း)/၄၄၈ (အဆောက်အဦးအတွင်း ကျူ
းကျော်ဝင်ရောက်ခြင်း) /၄၂၇(အကျိုးဖျက်ဆီးခြင်း)များ အရ
အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိတယ်။
by thithtoolwin

No comments:
Post a Comment