Monday, December 9, 2013

ဦးဥာဏ်ဝင်း ဦးဆောင်သောအဖွဲ့ တရုတ်နိုင်ငံသို့အလည်အပတ်ခရီးထွက်ခွာ

Nld Central
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ဦးဆောင်သောအဖွဲ့သည် တရုတ်နိုင်ငံသို့ ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့၊ နေ့လည် (၂း၃၀)တွင်ထွက်ခွာသွားပြီဖြစ်ရာ နာယက ဦးတင်ဦး ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်ဦးဟံသာမြင့် ၊မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်၊ ရုံးအဖွဲ့မှူး ဦးသိန်းဦး နှင့် တရုတ်သံရုံးမှ အရာရှိများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လိုက်ပါ ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

ဗဟိုအလုပ်အမှုဆောင်ဦးဥာဏ်ဝင်း ဦးဆောင်သောအဖွဲ့တွင် စီးပွားရေးကော်မတီမှ ဦးမျိုးမြင့်၊ ဦးလေးညွန့်၊ ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ခေါင်းဆောင် မုံရွာအောင်ရှင်(ခ)ဦးအေးကြူ၊ ဗဟိုလူမှုအထောက်အကူပြုအဖွဲ့မှ ဒေါ်ကြည်ကြည်ဝင်း(စမ်းချောင်း)၊ ဒေါ်ကြည်ကြည်ဝင်း(ကြည့်မြင်တိုင်)၊ ဗဟိုလူငယ်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးလှဦး၊ ကိုဥက္ကာမင်း(တနင်္သာရီတိုင်း)၊ သုတေသနဌာနမှ ကိုအေးမင်းဟန်(မွန်ပြည်နယ်) နှင့်ကိုသလေးစော(ရှမ်းပြည်နယ်)တို့ လိုက်ပါသွားကြသည်။

အဆိုပါခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင်များသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ ထိပ်တန်းခေါင်းဆောင် များနှင့် တွေ့ ဆုံကြမည်ဖြစ်ပြီး ဒီဇင်ဘာ (၁၅) ရက်နေ့တွင် ပြန်လည်ရောက်ရှိကြမည်ဖြစ်သည်။

No comments:

Post a Comment