မွန်ပြည်နယ် ပေါင်မြို့နယ်၊ ကဒါ ရပ်ကွက် မဂ္ဂင်လမ်း၌ ဒီဇင်ဘာ ၂၉ ရက် နံနက် ၂
နာရီခွဲက ဦးဥာဏ်အောင်အိမ်မှ မီးလောင်ကျွမ်းခဲ့ရာ လူနေအိမ် ၁၁ လုံး
ပြာကျသွားခဲ့သည်။မီးလောင်မှုကြောင့် အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၄၆
ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရပြီး၎င်းတို့အား ပြန်လည်နေရာချထား နိုင်ရန်အတွက်
ပေါင်မြို့နယ်ရှိ စေတနာရှင်အဖွဲ့များနှင့် ဌာနဆိုင်ရာအဖွဲ့များ
ပူးပေါင်းဆောင်ရွက် သွားရန် စီစဉ်နေကြောင်း ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးသန်းထွေးက ပြောဆိုသည်။
" မီးလောင်တဲ့အချိန်က ဦးဥာဏ်အောင်
အိမ်ခေါင်မိုးပေါ်ကို မီးစွယ် ရောက်နေပြီ။ ချက်ချင်း မီးသတ်ကို အကြောင်းသွား
ကြားတာ ပြန်လာတော့ မီးက အိမ်သုံးလုံးထိ ကူးစက်လောင်ကျွမ်းနေပြီ " ဟု
ယင်းရပ်ကွက်နေ ဦးအောင်သက်ပိုင်က ပြောပြသည်။
ပေါင်မြို့နယ်
မီးသတ်ဦးစီးဌာန ၏ စစ်ဆေးချက်အရ အဆိုပါမီးလောင် မှုသည် မီးကြွင်းမီးကျန်မှ
စတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောဆိုသည်။ မီးစတင် လောင်ကျွမ်းခဲ့သည့် အိမ်ပိုင်ရှင်ကို
ပေါင်မြို့နယ်ရဲစခန်းတွင် (ပ) ၁၂၇/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၈၅ ဖြင့်
အမှုဖွင့်ထားသည်။
မွန်ပြည်နယ် မီးသတ်ဦးစီးဌာန ၏ စာရင်းအရ
မွန်ပြည်နယ်တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်အထိ မီးလောင်မှု
(၅၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၇၃၀၀
ကျော်ရှိကြောင်း သိရသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:
Post a Comment