Friday, December 13, 2013

ပေါက်တော ဒုက္ခသည် စခန်းမီး၊ ကလေးတဦးသေဆုံး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းမှာ မီးလောင်တဲ့အတွက် စခန်းထဲက အိမ်တွေ အားလုံး မီးထဲပါသွားခဲ့ပြီး ကလေးတစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။

ဒုက္ခသည်ပေါင်း တစ်ထောင့်သုံးရာကျော် နေထိုင်တဲ့ ပေါက်တောမြို့နယ် ငှက်ချောင်း မွတ်ဆလင် ဒုက္ခသည် စခန်းမှာ ဒီကနေ့ နေ့လယ်က မီးလောင်တဲ့အတွက် စခန်းထဲမှာ ဆောက်ထားတဲ့ အဆောင်တွေ အကုန်လုံး မီးထဲကို ပါသွားခဲ့ပါတယ်။

မီးလောင်ပျက်စီးသွားတဲ့ အခြေအနေကို စခန်းထဲမှာနေထိုင်တဲ့ ဦး အဒူကော်ရိမ်က ပြောရာမှာ ရှစ်ခန်းတွဲ အဆောင် ၃၄ လုံး မီးထဲ ပါသွားပြီး ထမင်းချက်ရာက ကူးစက်လောင်ကျွမ်းတာ ဖြစ်တယ်လို့ ပြောပါတယ်။

မီးဟာ နေ့လည် ၂ နာရီ ၅ မိနစ်ကနေ စတင်ပြီး သုံးနာရီကြာအောင် လောင်သွားခဲ့တယ်လို့ ပြောပါတယ်။ မီးလောင်သွားတဲ့ အတွက် ဒုက္ခသည်တွေအတွက် ဘာမှ မကျန်လိုက်ဘူးလို့ ဆိုပါတယ်။

အခု မီးလောင်မှုဟာ မတော်တဆ ဖြစ်ရာကနေ လောင်ကျွမ်းတယ်လို့ ဆိုပေမယ့်လည်း အခုအခါ ပေါက်တောမြို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ အဲဒီ ဒုက္ခသည်စခန်းကို ရောက်ရှိနေပြီး မီးလောင်မူ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမူတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment