Tuesday, December 31, 2013

နှင်းလျှောစီးရင်း ကျောက်ခဲဖြင့် စောင့်မိခဲ့သည့် ဖော်မြူလာဝမ်း ချန်ပီယံဟောင်း ရှူးမေကာ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိ

ဖော်မြူလာဝမ်းကားမောင်း ချန်ပီယံဟောင်း မိုက်ကယ်ရှူးမေကာမှာ ပြင်သစ်တောင်
တန်း များပေါ်တွင် နှင်းလျှောစီးရာမှ ဦးခေါင်းဒဏ်ရာရရှိသွားခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ မနက်က မိုက်ကယ်ရှူးမေကာနှင့် အသက် (၁၄)နှစ်အရွယ် ၎င်း၏သားဖြစ်သူတို့ မာရီဘယ်တောင်တန်းများပေါ်တွင်
နှင်းလျှောစီးခဲ့ရာ နှင်းပွင့်ထူထပ်သော
နေရာ၌ရှူးမေကာ ချော်လဲပြီး
ကျောက်တုံးနှင့် ခေါင်းစောင့် မိခြင်းကြောင့် ဦးနှောက်တွင် အကျိတ်တည်ခဲ့သည်။
လဲကျပြီးနောက် မေ့မျောသွားခဲ့သည့် ရှူးမေကာကို ၈မိနစ်ကြာမြင့်သည့်အချိန်မှ ရဟတ်ယာဉ်ဖြင့် တင်ဆောင်ကာ ဆေးရုံပို့ခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောထားသည်။ မိုက်ကယ်ရှူးမေကာ၏ ဦးနှောက်တွင်းအကျိတ်မှာ အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်သည့်အတွက် ဒေသဆိုင်ရာ ဆေးရုံမှ ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ CHN Nord ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အကျိတ်ကြောင့် ဦးနှောက်တွင်း အာရုံကြောများ ဖိအားများမှုကို လျော့ချပေးရန်နှင့် သွေးခဲနေသည်ကို ဖယ်ရှားပစ်ရန် လိုအပ်ကြောင်း အာရုံကြောဆိုင်ရာ ထိပ်တန်းဆရာဝန်ကြီး တစ်ဦးက ပြောသည်။
ရှူးမေကာမှာ ၁၉၉၄၊ ၉၅ခုနှစ်က ကမ္ဘာ့ဖော်မြူလာဝမ်း ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၀၀ခုနှစ်မှစ၍ ငါးနှစ်ဆက်ချန်ပီယံဘွဲ့ရရှိခဲ့ကာ ၂၀၁၂ခုနှစ် ဘရာဇီးဂရင်းပရီ ပြိုင်ပွဲအပြီး ဖော်မြူလာဝမ်း ကားမောင်းသမားဘ၀ကို စွန့်လွတ်ခဲ့သူဖြစ်သည်။ ရှူးမေကာမှာ နှင်းလျောစီးရာတွင် ဦးထုပ်ဝတ်ဆင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အသက်ဆက်ရှင်ခြင်းဖြစ်ပြီး ဒဏ်ရာအခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်ရဆဲဖြစ်ကြောင်း CHU Nord ဆေးရုံမှ ဆရာဝန်ကြီးများက သုံးသပ်ထားသည်။

No comments:

Post a Comment