ဆီမီးဖိုင်နယ်အဖြစ် တက်ရောက်နိုင်ခဲ့တဲ့ အမျိုးသမီး ဘောလုံးအသင်းရဲ့
ကြိုးစားအားထုတ်မှု၊ အသင်းလိုက်စည်းလုံးညီညွတ်မှု၊ မခိုမကပ်တမ်း
ကြိုးစားအားထုတ်မှုတွေကို စံနမူနာ
အတုယူဖွယ် ပြသခဲ့ကြတဲ့အတွက်
မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကိုယ်စား သမ္မတ ဦးသိန်းစိန်က
ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားလိုက်ပါတယ်။
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် မောင်မယ်တို့အတွက်
ပေးပို့တဲ့ သမ္မတရဲ့ ဆုတောင်းသ၀ဏ်လွှာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်က ပြိုင်ပွဲမှာ ဆုတံဆိပ်တွေ ရရှိခဲ့သူတွေကို
ဂုဏ်ယူကြောင်း ပြောကြားခဲ့သလို ဆုတံဆိပ်မရရှိတဲ့ ကစားသမားတွေကိုလည်း
ဂုဏ်ယူအားပေးနေကြောင်း သ၀ဏ်လွှာထဲမှာ ပြောကြားထားပါတယ်။
by dvb

No comments:
Post a Comment