Friday, December 13, 2013

မြန်မာဘောလုံးအသင်းများကို ချီးမြှင့်မည့် ဂုဏ်ပြုဆုငွေများ ကမ္ဘောဇဘဏ် လီမိတက် ထုတ်ပြန်

၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် မြန်မာအမျိုးသား ဘောလုံးအသင်းနှင့်  အမျိုးသမီး ဘောလုံးအသင်းများ၏ အောင်မြင်မှု ရရှိသည့် ပွဲစဉ်များနှင့် ယှဉ်ပြိုင်ရန် ရှိသည့် ပွဲစဉ်များအတွက် ချီးမြှင့်မည့် ဂုဏ်ပြု ဆုကြေးငွေများကို  ကမ္ဘောဇဘဏ် လီမိတက်က ထုတ်ပြန် ကြေညာလိုက်သည်။

မြန်မာအမျိုးသား ဘောလုံးအသင်းမှာ ကမ္ဘောဒီးယား အသင်းနှင့် အရှေ့တီမော အသင်းတို့ကို အနိုင်ကစား ထားသည့်အတွက် တစ်ပွဲလျှင် ကျပ်သိန်း ၁၀၀ နှင့် နှစ်ပွဲနိုင်သည့် အတွက် ကျပ်သိန်း ၂၀၀ ရရှိမည် ဖြစ်ပြီး၊ မြန်မာ အမျိုသမီး ဘောလုံးအသင်းမှာ ဖိလစ်ပိုင် အသင်းကို အနိုင် ကစားထားသည့်အတွက် ကျပ်သိန်း ၁၀၀ ရရှိမည် ဖြစ်သည်။

ကမ္ဘောဇဘဏ် လီမိတက်မှ ဆီးဂိမ်းစ် ပြိုင်ပွဲဝင် မြန်မာအမျိုးသား ဘောလုံးအသင်းကို ချီးမြှင့်မည့် ဂုဏ်ပြုဆုငွေများမှာ-
(က) ကမ္ဘောဒီးယား အသင်းကို အနိုင်ရရှိခဲ့ခြင်းအတွက် ဆုကြေးငွေ ကျပ်သိန်း (၁၀၀)။
(ခ) အရှေ့တီမော အသင်းကို အနိုင်ရရှိခဲ့ခြင်းအတွက် ဆုကြေးငွေ ကျပ်သိန်း (၁၀၀)။
(ဂ) ထိုင်းအသင်းကို အနိုင်ရရှိလျှင် ဆုကြေး ငွေကျပ်သိန်း (၂၀၀)။
(ဃ) အင်ဒိုနီးရှား အသင်းကို အနိုင်ရရှိလျှင် ဆုကြေးငွေ ကျပ်သိန်း (၂၀၀)။
(င) အကြိုဗိုလ်လုပ္ပွဲတွင် အနိုင်ရရှိလျှင် ဆုကြေးငွေ ကျပ်သိန်း (၅၀၀)။
(စ) ချန်ပီယံဆု ဆွတ်ခူးခဲ့လျှင် ဆုကြေးငွေ ကျပ်သိန်း (၁၀၀၀)။

ကမ္ဘောဇဘဏ် လီမီတက်မှ ဆီးဂိမ်းစ် ပြိုင်ပွဲဝင် မြန်မာအမျိုးသမီး ဘောလုံးအသင်းကို ချီးမြှင့်မည့် ဂုဏ်ပြုဆုငွေများမှာ
(က) ဖိလစ်ပိုင် အသင်းကို အနိုင်ရရှိခဲ့ခြင်းအတွက် ဆုကြေးငွေ ကျပ်သိန်း (၁၀၀)။
(ခ) ဗီယက်နမ် အသင်းအား အနိုင်ရှိခဲ့လျှင် ဆုကြေးငွေ ကျပ်သိန်း (၁၀၀)။
(ဂ) အကြိုဗိုလ်လုပွဲတွင် အနိုင်ရရှိလျှင် ဆုကြေးငွေ ကျပ်သိန်း (၃၀၀)။
(ဃ) ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့လျှင် ဆုကြေးငွေ ကျပ်သိန်း (၅၀၀)။

by the voice

No comments:

Post a Comment