အမေရိကန်နိုင်ငံထုတ် လေယာဉ်ဖြင့် မန္တလေးမြို့ သဘာဝရှုခင်းများ
ကြည့်ရှုလေ့လာရန် တစ်ဦးလျှင် ကျပ် ၁၆,၀၀၀ သတ်မှတ်ကာ ဒီဇင်ဘာလ တတိယအပတ်တွင်
ချမ်းမြသာစည်လေဆိပ်မှ စတင် ပြေးဆွဲ ပေးမည်ဟု မြန်မာ့လေကြောင်းလိုင်းမှ
လေယာဉ်မှူး ဦးထင်လင်းက
မဇ္ဈိမကို ပြောသည်။
မဇ္ဈိမကို ပြောသည်။
“ပျံသန်းချိန် ဆယ်ငါးမိနစ် ကြာမြင့်မှာ ဖြစ်ပါတယ်။ မန္တလေးတောင်၊
ရန်ကင်းတောင်၊ ဦးပိန်တံတား၊ စစ်ကိုင်းတံတား စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်”ဟု
ဦးထင်လင်းက ဒီဇင်ဘာ ၈ ရက်က ပြောသည်။
မြို့တွင်းရှုခင်းများသာမက မန္တလေးတိုင်းအတွင်းရှိ ထင်ရှားသောနေရာများကို လေယာဉ်ဖြင့် ကြည့်ရှုလိုလျှင် တစ်နာရီ ကျပ်ရှစ်သိန်းဝန်းကျင် သတ်မှတ်ထားသည်။
“လေ့လာကြည့်ရှုမှုအပြင် ကျန်းမာရေးအရ မသွားနိုင်တဲ့သူတွေ၊ ဆေးကုသမှုခံယူဖို့အတွက် သွားချင်တဲ့ သူတွေအတွက် သီးသန့်လုပ်ဆောင်ချက် လုပ်ပေးမှာဖြစ်ပါတယ်။ ဈေးနှုန်းကိုလဲ သင့်တင့်တဲ့ နှုန်းထား တစ်ခု သတ်မှတ်ပေးဖို့ ရှိပါတယ်”ဟု ဦးထင်လင်းက ပြောသည်။
အခြားပြေးဆွဲရန် လျာထားချက်အဖြစ် နောင်မွန်၊ တနိုင်း၊ လုံးခင်း၊ ကွက်ခိုင်၊ မိုးမိတ်၊ ဂန့်ဂေါ၊ တန့်ယန်း၊ မုန့်ပြင်၊ မြောက်ဦး၊ ပြည်၊ ဖားအံ့၊ ပုလဲကျွန်း စသည့်တို့ကို လုပ်ဆောင်ထားရှိသည်။ ပြေးဆွဲမှု စတင်ရန် အတွက်မူ သက်ဆိုင်ရာဌာနများရှိ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရသည်။
လတ်တလောတွင် အထက်ပါခရီးစဉ်များနှင့် လုပ်ဆောင်မှုများအတွက် ချမ်းမြသာစည်လေယာဉ်ကွင်းမှာ အမေရိကန်နိုင်ငံထုတ် ဒေါ်လာနှစ်သန်းတန်ဖိုးရှိ လေယာဉ်နှစ်စင်းဖြင့် စတင်ပြေးဆွဲပေးမည်ဖြစ်ပြီး လို အပ်ချက်အရ ထပ်မံကာ လေယာဉ်များ ပြေးဆွဲပေးရန် စီစဉ်မည်ဖြစ်သည်။
Written by မျိုးသန့်

No comments:
Post a Comment