၉၆၉ လှုပ်ရှားသူဟု စွတ်စွဲကာ ပုဒ်မ ၅၀၅ (ခ)
ဖြင့် ဖမ်းဆီးထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗဟို)မှ
ကိုရဲမင်းဦးကို သာကေတ တရားရုံးမှ ဒီဇင်ဘာလ ၃၁ ရက် နေ့လည်ပိုင်းတွင်
လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
ထို့အပြင် သာကေတ တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ (၁၈) တို့ဖြင့်
ဖမ်းဆီးခံခဲ့ရသည့် ကိုထင်ကျော်၊ ကိုလူအေး၊ ကိုမြင့်နိုင်၊ ကိုစည်သူဝင်း
နှင့် ဒေါ်စိန်ထွေးတို့ လွတ်မြောက်ရန် ကျန်နေသေးသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်
တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်၏ အလံကို မီးရှို့ဆန္ဒပြခဲ့သဖြင့် သာသနာကို
စော်ကားမှု ပုဒ်မ ၂၉၆ ဖြင့် ဒီဇင်ဘာလအတွင်းက ဖမ်းဆီးခဲ့သည့်
ဒေါ်နော်အုန်းလှကလည်း သာကေတ တရားရုံး ရောက်ရှိနေသည်။ ဒေါ်နော်အုန်းလှကို
လွှတ်မည်၊ မလွှတ်မည်ကိုမူ မသိရှိရသေးပေ။
by mizzima

No comments:
Post a Comment