လက်ရှိ ကျင်းပနေတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲ (ဆီးဂိမ်း)မှာ ပြေးခုန်ပစ် အားကစား
ပြိုင်ပွဲတွေအတွက် ရွှေတံဆိပ် ၁ ခု ဆွတ်ခူးရင် ကျပ်ငွေ
သိန်း ၃၀၀ ချီးမြှင့်မယ်လို့ ထူးကုမ္ပဏီပိုင်ရှင် သူဌေးကြီး
ဦးတေဇက ကြေညာပါတယ်။
အမျိုးသမီး ကီလိုမီတာ ၂၀ လမ်းလျှောက်ပြိုင်ပွဲ ကျင်းပခဲ့ရာ မြန်မာအသင်းမှ မစောမာလာနွယ်
ပြီးခဲ့တဲ့ရက်ပိုင်း နေပြည်တော်မှာ လုပ်တဲ့ ပြေးခုန်ပစ်
အဖွဲ့ချုပ် အစည်းအဝေးမှာ ဦးတေဇ ကိုယ်စား ဒုဥက္ကဋ္ဌ
ဦးမင်းသိန်းက အားကစားသမားတွေကို ကတိပေးခဲ့တာ ဖြစ်ပါတယ်။
မနေ့က ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို နေပြည်တော်
ဝဏ္ဏသိဒ္ဓိ အားကစားကွင်းကြီးမှာ စတင်ဖွင့်လှစ်ခဲ့ပြီး
မြန်မာနိုင်ငံက ပြေးခုန်ပစ်အားကစားမယ် စောမာလာနွယ်က
အမြန်လမ်းလျှောက်အားကစားနည်းမှာ ပွဲဦးထွက် ရွှေတံဆိပ်
ရရှိခဲ့ပါတယ်။
လက်ရှိ ဆီးဂိမ်းမှာ ရွှေရရင် ကျပ်ငွေ သိန်း
ဘယ်လောက်ပေးမယ် ဆိုပြီး လုပ်ငန်းရှင် သူဌေးကြီးတွေ
အပြိုင်အဆိုင် ကြေညာနေကြရာမှာ ဦးတေဇ ပေးမယ့် ဆုကြေးငွေက
အများဆုံး ဖြစ်ပါတယ်။
အလားတူ စက်ဘီးဆိုရင် အဖွဲ့လိုက် ရွှေရရင် ကျပ် သိန်း
၁၀၀၊ တဦးချင်း ရွှေရရင် ကျပ် သိန်း ၅၀၊ ဘိလိယက်နဲ့ စနူကာ
အဖွဲ့ချုပ်က ရွှေရရင် ကျပ် သိန်း ၅၀၊ ပန်ကြပ်ဆီလတ်
အဖွဲ့ချုပ်က ရွှေရရင် ကျပ် သိန်း ၁၀၀၊ ဘောလုံးအသင်း
ရွှေရရင် ၁ ယောက် သိန်း ၁၀၀ နဲ့ တသင်းလုံးအတွက် ကျပ် သိန်း
၂၃၀၀ စသဖြင့် ချီးမြှင့်မယ်လို့ ရွှေတောင်ကုမ္ပဏီ၊ ကမ္ဘောဇ
ဘဏ်နဲ့ လုပ်ငန်းရှင် သူဌေးကြီးတွေက သီးခြားစီ
ကြေညာထားကြပါတယ်။
DVB
No comments:
Post a Comment