ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Preach
Karona Preah Bat Sa mdech Preah Baromneath Norodom Sihamoni နှင့်
ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်နန်းတော်တွင် ဒီဇင်ဘာ ၂၁ ရက်ညနေပိုင်းက
သွားရောက်တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြား ထုတ်လွှင့်ချက်အရ
သိရသည်။ထိုသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံချစ်ကြည်
ရင်းနှီးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏
နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ နှစ်နိုင်ငံ
လွှတ်တော်အချင်းချင်း၊ အစိုးရအချင်းချင်း၊ ပြည်သူအချင်းချင်း
ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။အဆိုပါခရီးစဉ်ကို
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ကမ္ဘောဒီးယားနိုင်ငံ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ HE. Samdeck Akka Moha Ponhea Chakrei Heng Samrin ၏
ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၁၉ ရက်တွင် အင်ဒိုနီးရှားနိုင်ငံမှတစ်ဆင့်
လေကြောင်းခရီးဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းခရီးစဉ်မတိုင်မီ ဒီဇင်ဘာ
၁၆ ရက်မှ ၁၈ ရက်အထိ အင်ဒိုနီးရှားနိုင်ငံတွင် လေ့လာရေးခရီးအဖြစ်
လည်ပတ်ခဲ့သည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ဒီဇင်ဘာ ၂၂
ရက် ညပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့
ပြန်လည်ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် နေပြည်တော်သို့
ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
by eleven
No comments:
Post a Comment