Yangon Air Bus Taxi ဆိုတဲ့
မော်တော်ယာဉ်လိုင်းသစ်ကနေ လာမယ့် ၂၀၁၄ ခုနှစ် မြန်မာ-ထိုင်း နှစ်သစ် ကူး
ပွဲတော် အမီ ပြေးဆွဲသွားမယ့် လူ ၁၂၀ ဆန့်တဲ့၂ ထပ် အဲကွန်း ဘတ်စ်ကားတွေနဲ့မြန်မာနိုင်ငံသား ခရီးသည် တဦးကို ကျပ် ၃ သောင်း၊ နိုင်ငံခြားသား ခရီးသည်
တဦးကို
အမေရိကန်ဒေါ်လာ ၄၀ နှုန်းနဲ့ပြေး ဆွဲပေးမှာဆိုတဲ့ အကြောင်း
ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ ခရီးစဉ်ကတော့ ရန်ကုန်- သထုံ-
ဖားအံ- ကော့ကရိတ်- မြဝတီ- မဲဆောက်- ဘန်ကောက်ဖြစ်ပြီး မောင်းနှင် ချိန် ၁၂
နာရီနဲ့ နေ့ချင်း အရောက် ပို့ဆောင်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ထူးခြားတာက သတင်းစာပါ ဖော်ပြချက်အရ
မဲဆောက်ကနေ နေ့လယ် ၂ နာရီ မှာ ဘန်ကောက်ကို ဆက်ထွက်မယ့် ကားဟာ ညနေ ၆
နာရီမှာ ဘန်ကောက်ကို ရောက်မယ်ဆိုတာပါဘဲ။ မဲဆောက်- ဘန်ကောက်ဟာ ခရီးသည်တင် ၂
ထပ် အဲကွန်းဘတ်စ်ကားကြီးတွေ အနည်းဆုံး ၈ နာရီနဲ့ ၉ နာရီလောက်
မောင်းကြပါတယ်။ စဉ်းစားစရာ တခုပါ။ မှားယွင်းဖော်ပြမှုလည်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ
ဘန်ကောက်ကို ဈေးဝယ်ထွက်ချင်သူ၊ အလည်သွားချင်သူတွေနဲ့ ထိုင်းနိုင်ငံက တဆင့်
မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဘတ်စ်ကားနဲ့ အလည်သွားချင်သူတွေ၊ ခရီးလမ်း
တလျှောက် တောတောင် သဘာဝအလှတွေကို ကြည့်ရှု ခံစားလိုသူတွေအတွက် သတင်းကောင်း တပုဒ် ဖြစ်ပါလိမ့် မယ်။
အိမ့်သံစဉ် ~

No comments:
Post a Comment