Sunday, December 22, 2013

တူရကီဝန်ကြီများ၏ သားများအပါအ၀င် ၁၆ ဦးကို အဂတိမှုဖြင့် တရားစွဲမည်

တူရကီနိုင်ငံတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေရဲ့ သားတွေ အပါအ၀င် လူ ၁၆ ယောက်ကို အဂတိလိုက်စားမှုနဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ တရားစွဲတော့မယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။

တူရကီမှာ အခုဖြစ်နေတဲ့ အကတိလိုက်စားမှု စုံးစမ်းမှုတွေကို ၀န်ကြီးချုပ် တာရပ် အာဒိုဂမ်က သူ့အစိုးရအဖွဲ့ကို ဖျက်လိုဖျက်ဆီး လုပ်ချင်သူတွေက ကြံစည်တဲ့ ညစ်ညမ်းတဲ့ စီမံကိန်းလို့ မှတ်ချက်ပေးထားပါတယ်။
နိုင်ငံပိုင် ကုမ္ပဏီ ဖြစ်တဲ့ ဟော့ခ်ဘန့်ခ် ကုမ္ပဏီရဲ့ မန်နေဂျာနဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ သားတယောက်၊ စီးပွားရေးဝန်ကြီးရဲ့ သားတယောက်တို့လည်း တရားစွဲခံရမယ့် သူတွေထဲမှာ ပါတယ်လို့ စီအန်အန် တာ့ခ်နဲ့ တခြား သတင်းဌာနတွေက ဆိုပါတယ်။
အဂတိလိုက်စားမှု စုံစမ်းဖော်ထုတ်ရေး စီမံချက်ဟာ အရင်တပတ်က စခဲ့ပြီး အစိုးရနဲ့နီးစပ်သူတွေ တော်တော်များများ ထိန်းသိမ်းခံခဲ့ရပါတယ်။
ဒီစီမံချက်ကြောင့် တူရကီရဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေကို တည့်တည့်ထိမှန်သွားပြီး ငွေကြေးဈေးကွက်မှာ မတည်မငြိမ်ဖြစ်သွားပါတယ်။
ဒီစစ်ဆင်ရေးအတွင်း အဖမ်းခံထားရတဲ့ နောက်ထပ် ၂၄ ယောက်လည်း ထိန်းသိမ်းခံနေရပြီး လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေနဲ့ ရုံးတင်ခံရဖို့ ရှိနေပါတယ်။
တရားရုံးတခုက အစ္စတန်ဘူးလ်မြို့ ခရိုင်ဝန်တယောက်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး အပါအ၀င် လူ ၃၃ ယောက်ကို ပြန်လွှတ်ပေးဖို့ ဒီနေ့ အမိန့်ချမှတ်ထားပါတယ်။
ဒီစစ်ဆင်ရေးကို အကောင်အထည်မဖော်ခင်မှာ လုံခြုံရေးအဖွဲ့တွေရဲ့ အဆင့်မြင့် အရာရှိတွေကို အသိမပေးဘဲ ကျိတ်စီစဉ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရဲအရာရှိဒါဇင်နဲ့ ချီပြီး ရာထူးကနေ ထုတ်ပယ်ခံရပါတယ်။

by dvb


No comments:

Post a Comment