၂၀၁၂ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက်
စင်မြင့်တည်ဆောက်မှုများကို သုဝဏ္ဏ မိုးလုံလေလုံအား ကစားကွင်းတွင် ဒီဇင်ဘာ ၂၄
ရက်မှ ၂၉ ရက်အထိ အပြီးသတ်တည်ဆောက်ကြရမည်ဖြစ်သည်။ ယင်းအ
ကယ်ဒမီစင်မြင့်တည်ဆောက်မှုကို ယခုအခါတွင် ဆက်တင်များဆင်ပြီး
တည်ဆောက်နေကြောင်းအိတ်ဖွင့် အကယ်ဒမီတင်ဒါတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့်
ဒါရိုက်တာ ပန်းချီစိုးမိုးက မဇ္ဈိမသို့ပြောသည်။
ယင်းအကယ်ဒမီစင်မြင့်တည်ဆောက်မှုကို ဆီးဂိမ်းပွဲပြီးပါက ဆက်တင်လုပ်ထားသည့် စင်မြင့်ပုံစံနမူနာကို အားကစားရုံအတွင်းကို သွင်းမည်ဖြစ်သည်။
“ပြီးခဲ့တဲ့ရက်တွေက ပြန်ကြားရေးဝန်ကြီးတွေနဲ့အတူ အကယ်ဒမီစင်မြင့် တည်ဆောက်မယ့်နေရာကို သွား ကြည့်ခဲ့တယ်။ မီးပိုင်းဆိုင်ရာ၊ စတိတ်ပိုင်းဆိုင်ရာ၊ ခုံနေရာပိုင်းဆိုင်ရာတွေကအစ ကြည့်ခဲ့ကြပါသေး တယ်” ဟုပြောသည်။
ယခုနှစ်အကယ်ဒမီပေးပွဲ ကျင်းပ ပြုလုပ်ရန်အတွက် တင်ဒါခေါ်ယူမှုတွင် နည်းပညာကုမ္ပဏီတစ်ခုဖြစ် သည့် BARCO COMPANY (SINGAPORE) က တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်သည်။
ယင်း BARCO Company (Singa-pore) သည် အကယ်ဒမီစင်မြင့်ဒီဇိုင်းကို နိုင်ငံတကာအဆင့်မီ နည်းပ ညာများဖြင့် တည်ဆောက်ရန်အတွက် အင်္ဂလန်၊ ကိုရီးယား၊ ထိုင်းနိုင်ငံတို့မှ နည်းပညာရှင်များဖြင့် တိုင်ပင် ဆွေးနွေးကာ အကယ်ဒမီ စင်မြင့်နမူနာကို စတင်တည်ဆောက်နေ ပြီဖြစ်သည်။ ၎င်းင်းအပြင် စင်မြင့်တည် ဆောက်မှုတွင် လိုအပ်သည့်ပစ္စည်းများကို ပြည်ပမှမှာယူပြီး တည်ဆောက်နေခြင်းဖြစ်သည်။
ယင်းကုမ္ပဏီသည် ပြည်ပနိုင်ငံများရှိ မင်းသမီး၊ မင်းသားများကို မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၂ ခုနှစ် အကယ်ဒမီပေးပွဲတွင် တက်ရောက်ရန် အတွက် တာဝန်ယူထားခြင်းဖြစ်သည်။ ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် အကယ် ဒမီပေးပွဲသည် ယခင်ကျင်းပခဲ့သည့် အကယ်ဒမီပွဲများထက် များစွာကွာခြား မည်ဖြစ်ရာ ယင်းပွဲကို စောင့်မျှော်ကြည့် ရှုနေကြသည့်သူများ၏ စိတ်ဝင်တစား စောင်ကြည့်ခြင်းကို ယခုနှစ်တွင် ကြုံနေ ရသည်။
၂၀၁၂ ခုနှစ် အကယ်ဒမီထူးချွန်ဆု ပေးပွဲမှာ ဗန်းကိုင်ဆောင်ရွက်မည့်သူများ ကို နိုဝင်ဘာ ၂၉ ရက်ကစပြီး လျှောက် လွှာများနဲ့ စတင်ခေါ်ယူနေပြီဖြစ်သလို မကြာခင်မှာ ရွေးချယ်မှုများ ပြုလုပ်တော့ မှာဖြစ်ကြောင်း သိရသည်။
Written by ပန်းမြတ်ဇော်

No comments:
Post a Comment