Saturday, December 14, 2013

မိချောင်းကန်မြေ ကုမ္မဏီပိုင်ပါက ၄င်းကိုယ်တိုင်ဆန္ဒပြမည်ဟု ဦးအောင်သိန်းလင်းပြော

မိချောင်းကန်အပိုင်း ၁၊ ၂၊ ၃ ရှိမြေများမှာ လက်ရှိအချိန်ထိ တပ်မတော်ပိုင်မြေများဖြစ်ပြီး ကုမ္ပဏီများက ပိုင်ဆိုင်မှုမရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက  အဆိုပါ သပိတ်စခန်း၌ ပြောကြားခဲ့သည်။

မိချောင်းကန်သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက်နေ့ ညနေ (၆း၀၀)နာရီ နောက်ဆုံးထား၍ သပိတ်စခန်း ဖျက်သိမ်းပေးရန်နှင့် ဖျက်သိမ်းမပေးပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ အမိန့်ပေးစာလာရောက်ကပ်သွားခဲ့ပြီးနောက် ဒီဇင်ဘာ (၁၀)ရက် နေ့နံနက်ပိုင်းတွင် ဦးအောင်သိန်းလင်းမှ ယခုကဲ့သို့ လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီမြေတွေကို ဘယ်ကုမ္ပဏီကမှ မပိုင်ပါဘူး။ တကယ်လို့ ကုမ္ပဏီတွေက ပိုင်ဆိုင်တယ်ဆိုရင် ကျွန်တော် ကိုယ်တိုင် မိချောင်းကန်ပြည်သူတွေနဲ့ အတူလာပြီးဆန္ဒပြမယ်။”ဟု ဦးေ
အာင်သိန်းလင်းက ပြောသည်။ 
၎င်းအနေဖြင့် မိချောင်းကန် မြေပြဿနာနှင့် ပတ်သက်၍ လာမည့်လွှတ်တော်အစည်းဝေးများတွင် တရားဝင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာမှ ဖြိုခွဲမှုများပြုလုပ်သွားမည်ကို စိုးရိမ်ကြောင်း ဆက်လက် ပြောဆိုခဲ့သည်။
မိကျောင်းကန် သပိတ်စခန်းကို နိုဝင်ဘာ (၂၆) နေ့ရက်က စတင်ဖွင့်လှစ်ဆန္ဒပြခဲ့ပြီး ၁၂ ရက်မြောက်နေ့ ဖြစ်သည့် ဒီဇင်ဘာလ (၇)ရက်နေ့တွင် ယခုကဲ့သို့ ဒီဇင်ဘာ (၉) ရက် နောက်ဆုံးထား ရုပ်သိမ်းရန် အမိန့် ထုတ်ခဲ့ခြင်း ဖြစ်သည်။
သက်ဆိုင်ရာမှ သပိတ်စခန်းအား ဖြိုခွင်းမည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ကူညီ ဆောင်ရွက် သူများနှင့် အနီးပတ်ဝန်ကျင်ရှိပြည်သူများကလည်း စိုးရိမ်ပူပန်လျက်ရှိကြကာ သပိတ်စခန်းသို့ လာရောက် ၀န်းရံမှုများပြုလုပ်လျက်ရှိသည်။
“ကျွန်တော် အရမ်းစိုးရိမ်တယ်။ ဒီမှာက သက်ကြီးရွယ်အို အမေရွယ် အဖွားအရွယ်တွေချည်းပဲ။ တကယ်လို့ အကြမ်းဖက်ဖြိုခွဲမယ်ဆိုရင် အားလုံးအထိနာကုန်ကြလိမ့်မယ်”ဟု လာရောက်ကူညီသူတစ်ဦး က ဆိုသည်။
ဆန္ဒပြပြည်သူများအနေဖြင့် သရဏဂုံတင်ထားပြီးဖြစ်သည့်အပြင် အကြမ်းဖက်ဖြိုခွင်းခြင်း ပြုလုပ်မည်၊ မလုပ်မည်မှာ အစိုးရ၏ ပြည်သူ့အပေါ်ထားသည့် သဘောထားသာဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောဆိုသည်။

No comments:

Post a Comment