စစ်တွေ ဒီဇင်ဘာ ၁၈
သံတွဲမြို့နယ်တွင် ခေတ္တထိန်းသိမ်းထားရှိသော
ရေမျောကမ်းတင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၆)ဦးသည် F.B FARZ- AN SHARMIN ဖြင့်
မြန်မာပင်လယ်ပြင်တွင် စက်ပျက်၍ မျှောပါရာမှ သံတွဲမြို့နယ်တွင်
ခေတ္တထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။
ယင်းစက်လှေမှာ
ပြုပြင်၍မရလောက်အောင် ပျက်စီးခဲ့၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ အစီအစဉ်ဖြင့်
ကျောပိုက် နောက်တွဲ စက်လှေ အလျား ၄၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၉ ပေခန့်ရှိသော
သစ်သားကိုယ်ထည်၊ ၂၅ ကောင်အား အင်ဂျင်ဖြင့်အစားထိုး၍ ၁၄.၁၂.၂၀၁၃ ရက်နေ့ က
ကျောက်ကလပ်ကျေးရွာမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကောဘဇားမြို့ သို့
ပြန်လည်စေလွှတ်ခဲ့ပြီး ယင်းတို့ အတွက် ဆန်၊ ဆီ၊
ဆားနှင့်အခြားလိုအပ်ချက်များပါ ထောက်ပံ့ပေးခဲ့သည်။
ယင်းအဖွဲ့သည်
၁၆.၁၂.၂၀၁၃ ရက်နေ့တွင် မြေပုံမြို့နယ် မင်းချောင်းကျေးရွာအနီး
ပင်လယ်ပြင်တွင် ရောက်ရှိနေ ကြောင်းသိရှိရ ၍
မြေပုံမြို့နယ်ရဲစခန်းမှသွားရောက်ခေါ်ယူ၍
ပြင်ဝင်းကျေးရွာသို့ခေါ်ဆောင်ခဲ့ပြီး လိုအပ်ချက်များ စစ်ဆေး
ဆောင်ရွက်ခဲ့သည်။
စက်နှင့်လိုအပ်သည့်ရိက္ခာများ ထပ်မံဖြည့်စည်း၍
၁၇.၁၂.၂၀၁၃ ရက်နေ့ တွင် မြေပုံမြို့နယ်မှ မိုင် ၂၀ ခန့် အကွာ
ဘင်္ဂလားပင်လယ်အော်သို့ မြို့နယ်ရဲတပ်ဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ
လိုက်လံ ပို့ဆောင် ပေးခဲ့ကြောင်း သိရှိ ရသည်။
ရခိုင်ပြည်နယ်
MOI Webportal Myanmar

No comments:
Post a Comment