Wednesday, December 18, 2013
Facebook မှာ 'Donate Now' button ပါဝင်လာ
Facebook မှာ Donate Now လို့ အမည်ပေးထားတဲ့ Button ကို ထည့်သွင်းပေးလိုက်ပြီ ဖြစ်ကြောင်း သိရ ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက စမ်းသပ်ကာလအနေနဲ့ ထည့်သွင်းပြုလုပ်ခဲ့ပြီး ယခုတော့ တရားဝင်
ထည့်သွင်း ပေးလိုက်ပြီ ဖြစ်ပါတယ်။ လောလောဆယ် ကမ္ဘာတစ်လွှားက Non Profit Organization ပေါင်း ၁၄ ခု ဝန်းကျင် လောက် အထိကို ထည့်သွင်ပေးလိုက်ပြီ ဖြစ်ပါတယ်။ page လုပ်တဲ့အခါ Non Profit ဆိုတဲ့ Option ကိုရွေးပြီး ပြုလုပ်ဖို့လို ပါမယ်။ ပြီးတော့ Facebook က verify page အနေနဲ့ သတ်မှတ်မှ Donate Now ဆိုတဲ့ button က ပုံမှာ ပြထားသလို ပါဝင်လာမှာ ဖြစ်ပါတယ်။
ဒီတော့ Facebook Page ကို ဝင်ကြည့်တဲ့ ဘယ်သူမဆို ငွေကြေး အလွယ်တကူ လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ ငွေချေ စနစ်အနေနဲ့ ကတော့ ကမ္ဘာ့ လူသုံးများတဲ့ paypal တို့ Master တို့အပြင် အခြားသော ငွေလွဲ ၊ငွေချေ စနစ်များကို Promote Facebook Page ထဲကလိုပဲ ထည့်သွင်းပေး ထားမှာ ဖြစ်ပါတယ်။ ဒီ system ထွက်ပေါ်လာဖို့အတွက် အစတည်တာ ကတော့ ဖိလစ်ပိုင်က Haiyan စူပါတိုင်ဖွန်းမုန်တိုင်းကြောင့်မို့ ဖြစ် ပါတယ်။ ကမ္ဘာကြက်ခြေနီ အသင်းရဲ့  Facebook page မှာ စမ်းသပ် ထည့်သွင်းပေး ခဲ့ပြီး အလှူငွေ အတော်လေး ရခဲ့တာမို့ မရှိမဖြစ် လိုအပ်တဲ့ Feature တစ်ခုအဖြစ် Facebook က သိလာပါတယ်။
ဒါကြောင့်မို့ နောက်ဆိုရင် Donate Now ဆိုတဲ့ button ကို Non Profit Organization များရဲ့  Page မှာ ထည့်သွင်း ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
Subscribe to:
Post Comments (Atom)

No comments:
Post a Comment