Monday, December 9, 2013

စကာၤပူ နိုင်ငံ little india မှာ အကြမ်းဖက်မှုဖြစ်ပွား

ဒီဇင်ဘာလ ၈ရက်နေ့၊ စင်္ကာပူစံတော်ချိန် ည ၉း၂၃မှာ အသက် (၃၃)နှစ်အရွယ် အိန္ဒိယလူမျိုးတစ်ဦး လမ်းဖြတ်ကူစဉ် ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်၊ တိုက်သွားတဲ့ ကားဟာ ထွက်ပြေးသွားခဲ့တဲ့ အတွက် အဲဒီမှာ ရှိတဲ့ လူပေါင်း (၄၀၀)လောက်က အခုလို အကြမ်းဖက်ခဲ့ပါတယ်။

ဒီအကြမ်းဖက်သူတွေဟာ ရဲကား (၅)စီးကို ဖျက်ဆီးခဲ့ပြီး လူနာတင်ကားကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

စင်္ကာပူရဲဌာနကတော့ ဒီဖြစ်စဉ်ဟာ Race Course Road နဲ့ Hempshire Road လမ်းဆုံနေရာမှာ ဖြစ်ပွားခဲ့တာမှန်တယ်လို့ အတည်ပြုပါတယ်။

ရဲတပ်ဖွဲ့ဟာ ဒီအခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သူ (၂၇)ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။

အကြမ်းဖက်မှုကို ထိန်းသိမ်းခဲ့တဲ့ ရဲအရာရှိ Ng Joo Hee ကတော့ ဒီဖြစ်စဉ်ဟာ စင်္ကာပူမှာ နှစ်ပေါင်း (၃၀)အတွင်း ပထမဆုံးဖြစ်ပွားခဲ့ တာလို့ ပြောပါတယ်။
 


 .. www.MyanmarExpress.net

No comments:

Post a Comment