Tuesday, December 24, 2013

NLD တွင် လူငယ်အင်အားနည်းနေ၍ လူငယ်ညီလာခံ ကျင်းပရန် ထပ်မံရွှေ့ဆိုင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကျင်းပမည့် လူငယ်ညီလာခံကို ပါတီဝင်လူငယ်အင်အား နည်း နေခြင်းကြောင့် ယခုဒီဇင်ဘာမှ ၂၀၁၄ ခုနှစ် မတ်လသို့ ပြောင်းရွှေ့ ကျင်းပသွားမည်ဖြစ်ကြောင်း ညီလာ ခံကျင်းပရေးကော်မတီ ဥက္ကဋ္ဌဦးမောင်မောင်ဦးက မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာလမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလသို့လည်းကောင်း၊၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုများရှိခြင်းကြောင့်လည်းကောင်း ၂၀၁၄ ခုနှစ် မတ်လအတွင်း ကျင်း ပရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
NLD လူငယ်ပါတီဝင် လျှောက်လွှာများအား ပြည်နယ်နှင့်တိုင်း အသီးသီးသို့ စောင်ရေ ခြောက်သောင်းကျော် ပေးပို့ထားသော်လည်း လူငယ်အဖွဲ့ဝင်အဖြစ် လက်ခံထားသည်မှာ အင်အားတစ်သောင်းကျော်သာရှိကြောင်း ဦးမောင်မောင်ဦးက ဆိုသည်။
လူငယ်ညီလာခံကို တစ်မြို့နယ် လူငယ်အဖွဲ့ဝင် ၅၀ ဦးရှိမှသာ အဆင့်ဆင့် ရွေးကောက်နိုင်မည်ဖြစ်ခြင်းကြောင့် ပြည်နယ်နှင့်တိုင်း အသီးသီးမှ လျှောက်လွှာများကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၅ ရက်တွင် ပေးပို့ရမည်ဟု ဆိုသည်။
ဖွဲ့စည်းပုံအရ အဖွဲ့ဝင်လူငယ်များသည် မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့တွင် လူငယ်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခံရပြီးမှသာ ခရိုင်နှင့်တိုင်း လူငယ်လုပ်ငန်းအဖွဲ့များ အဆင့်ဆင့်ကို ယှဉ်ပြိုင်ရွေးချယ်ခံရမည်ဖြစ်ပြီး တိုင်းလူငယ်လုပ်ငန်းအဖွဲ့မှ လူငယ်ကိုယ်စားလှယ်များက NLD ဗဟိုညီလာခံကိုတက်ရောက် ရမည်ဖြစ်သည်။
တိုင်းနှင့်ပြည်နယ် အသီးသီးရှိ NLD ရုံးခွဲပေါင်း၂၈၀ ကျော်ရှိပြီး အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိသည့် မြန်မာနိုင်ငံသား မည်သူမဆို NLD လူငယ်အဖွဲ့ဝင်အဖြစ် ၀င်ရောက်နိုင်ပြီး NLD လူငယ်များကို အဖွဲ့ချုပ် ၏ ရှေ့မူဝါဒလုပ်ငန်းစဉ်များကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ မြို့နယ်အဆင့်နှင့် ခရိုင်အဆင့် NLD အလုပ်အမှုဆောင်နှင့် လူငယ်အလုပ်အမှုဆောင်များကို တွဲဖက်တာဝန်ယူ လုပ်ကိုင်စေခြင်း၊ အမျိုး သမီးနှင့် လူငယ်များ၊ တိုင်းရင်းသားလူငယ်များကို NLD ၏ အမတ်လောင်းများအဖြစ် ရွေးချယ်သွားမည် ဖြစ်သည်။

by mizzima

No comments:

Post a Comment